စီးရီးအေပွဲတွေ ပြန်လည်စတင်ပြီးနောက်ပိုင်းကတည်းက နိုင်ပွဲတွေဆက်နေခဲ့သလို လာဇီယိုလိုအသင်းမျိုးကိုတောင် အရေးနိမ့်နေတဲ့ အခြေအနေက အနိုင်ရအောင် ကစားသွားခဲ့တဲ့ အတ္တလန်တာအသင်းက ဒီနေ့ညမှာတော့ စီးရီးအေရဲ့ထိပ်သီးအသင်းကောင်းတစ်သင်းဖြစ်တဲ့ နာပိုလီနဲ့ ထိပ်တိုက်တွေ့ဆုံနေပြီး အိမ်ရှင်အသင်း (၂)ဂိုး ဂိုးမရှိနဲ့ ဂိုးပြတ်အနိုင်ရသွားခဲ့ပါတယ်။

Photo Credit : Getty Image

အိမ်ရှင်အတ္တလန်တာအသင်းဘက်မှာ ဇာပါတာ ပဆာလစ် ဂိုးမက်ဇ် ဒီရွန်း ဂိုဆန်းတို့လို ကစားသမားတွေ ပါဝင်လာခဲ့သလို ကိုပါအီတလီယာချန်ပီယံ နာပိုလီအသင်းဘက်မှာလည်း မာတန်စ် အင်ဆစ်ဂနီ ပိုလီတာနို ဇီလန်စကီး ဒမ်မဲလ် ရုဇ် ရူအီ ကူလီဘလီ မက်ဆီမိုဗစ် ဒီလော်ရန်ဇိုနဲ့ အော့စ်ပီနာတို့ ပါဝင်လာခဲ့ပါတယ်။ ပထမပိုင်းမှာတော့ ဧည့်သည်နာပိုလီက ပိုမိုဖိအားပေးကစားနိုင်ခဲ့ပြီး အိမ်ရှင်အသင်းထက် တိုက်စစ်ကို ပိုမိုလိုက်ပါကစားနိုင်ခဲ့ပါတယ်။ ဒါပေမယ့် သွင်းဂိုးတော့ မရရှိခဲ့သလို အိမ်ရှင်ကလည်း ဒုတိယပိုင်းမှသာ သွင်းဂိုးတွေကို စတင်သွင်းယူခဲ့တာဖြစ်ပါတယ်။

Photo Credit : Getty Image

ဒီရာသီမှာ စီးရီးအေရဲ့တိုက်စစ်အကောင်းဆုံးအသင်းအဖြစ် သတ်မှတ်ခံထားရတဲ့ အတ္တလန်တာအသင်းဟာ ဒုတိယပိုင်းရောက်ချိန်မှာတော့ သွင်းဂိုး(၂)ဂိုးကို ဆယ်မိနစ်အတွင်းမှာ ရယူနိုင်ခဲ့ပါတယ်။ (၄၇)မိနစ်မှာ ဧရိယာထဲ လူမကပ်ခံထားရတဲ့ ပလာဆစ်က ဂိုမက်ဇ်ရဲ့ဖြတ်တင်ဘောကနေ ခေါင်းတိုက်သွင်းယူခဲ့သလို (၅၆)မိနစ်မှာလည်း ဂိုဆန်က ဒုတိယဂိုးကို ဆက်လက်သွင်းယူနိုင်ခဲ့ပါတယ်။