အင်္ဂလန်ဘောလုံးနယ်ပယ်ဘက်မှာတော့ ဒီရက်ပိုင်းအတွင်း ဘောလုံးပွဲတွေကို ခပ်စိတ်စိတ်ကျင်းပလို့နေပြီး ပရီးမီးယားလိဂ် အမှတ်ပေးပြိုင်ပွဲတွေ အနားပေးထားတဲ့ အချိန်တွေမှာတောင် ပြည်တွင်းရှံးထွက်လားပွဲတွေကို ဆက်တိုက်ကျင်းပလို့နေပါတယ်။ ဒီတစ်ပတ်ကြားရက်မှာကတော့ ခါရာဘောင်းလိဂ်ဖလားပြိုင်ပွဲရဲ့ ဆီမီးဖိုင်နယ် ဒုတိယအကျော့ပွဲစဉ်တွေကို ကျင်းပမှာဖြစ်ပြီး ဒီနေ့ အင်္ဂါနေ့ည ၂နာရီ၁၅မိနစ်အချိန်မှာပဲ အက်စတွန်ဗီလာအသင်းနဲ့ လက်စတာအသင်းတို့က ရင်ဆိုင်ကစားမှာဖြစ်ပါတယ်။ ဒီနှစ်သင်းဟာ ပထမအကျော့တုန်းကတော့ ၁ဂိုးစီသရေကျထားခဲ့ပါတယ်။

Photo Credit : Getty Images

အခုဒုတိယအကျော့မှာ အိမ်ရှင်အဖြစ် လက်ခံကစားသွားရမယ့် အက်စတွန်ဗီလာအသင်းဟာ ပြီးခဲ့တဲ့ Weekend တုန်းက အက်အေဖလားပွဲ ကစားထားရခြင်းမရှိလို့ လက်စတာအသင်းထက် ပိုပြီးအနားရနေတယ်ဆိုပေမယ့်လည်း ပရီးမီးယားလိဂ်မှာက တန်းဆင်းဇုန်နဲ့ ရမှတ်၂မှတ်သာ ကွာဟလို့နေတာဖြစ်သလို ဖိုင်နယ်တတ်သွားမယ်ဆိုရင် မန်စီးတီးနဲ့ ဆုံရနိုင်တာကြောင့် လိဂ်ဖလားကို ဗီလာတို့ လျော့သွားနိုင်တဲ့ အနေအထားမှာရှိနေပါတယ်။ ဒါ့အပြင် ဒီပွဲပြီးတာနဲ့ စနေနေ့မှာ ရပ်တည်မှုခြင်း သိပ်မကွာလှတဲ့ ဘုန်းမောက်အသင်းနဲ့ ပရီးမီးယားလိဂ်မှာ ရင်ဆိုင်ရဦးမှာဖြစ်လို့ ဒီပွဲကို အပြည့်အဝ အာရုံစိုက်လာနိုင်ပါ့မလားဆိုတာ စဉ်းစားစရာပါ။

Photo Credit : Getty Images

လက်စတာကတော့ ပြီးခဲ့တဲ့ အက်အေဖလားပွဲမှာ ဘရန့်ဖိုဒ့်ကို အနိုင်ယူခဲ့ပြီး အဲ့ဒီပွဲစဉ်မှာလည်း အမာခံကစားသမားများစွာကို အနားပေးထားခဲ့ပါတယ်။ ဒါပေမယ့် လက်စတာကလည်း ဒီပွဲပြီးရင် ပရီးမီးယားလိဂ်မှာ ချယ်လ်ဆီးနဲ့ ပွဲကျပ်ရင်ဆိုင်ရဦးမှာဖြစ်လို့ ဒီပွဲအပေါ် ဘယ်လိုပုံစံနဲ့ ရင်ဆိုင်လာမလဲဆိုတာ သံသယဖြစ်စရာပါ။ ဒါပေမယ့် ပထမအကျော့ကတည်းက လူစုံတတ်စုံနဲ့ ဗီလာကို ရင်ဆိုင်ခဲ့ပြီး တစ်ပွဲလုံး အသာစီးကစားခဲ့ပါလျက်နဲ့ သရေပဲကစားနိုင်ခဲ့တာကို ဒီပွဲမှာ အဖြေထွက်အောင် ကစားလာနိုင်ပါတယ်။ နောက်ပြီး လက်စတာက ဒီပွဲမှာလည်း အမာခံကစားသမားတွေကို အကုန်သုံးလာနိုင်ပြီး ဗာဒီလည်း ပြန်လည်ပါဝင်လာနိုင်ပါတယ်။

Photo Credit : Getty Images

ပထမအကျော့မှာတုန်းက လက်စတာက အစစအရာရာ အကုန်အသာစီးယူခဲ့ပေမယ့် ဗီလာရဲ့တစ်လုံးတည်းသော ဂိုးပေါက်တည့်ကန်ချက်ကနေ ဂိုးရသွားခဲ့တာကြောင့် ဒီဂိုးကို လက်စတာဘက်ကနေ အိယန်နာချိုက ပြန်လည်ချေပခဲ့လို့ သရေကျခဲ့ရတာဖြစ်ပါတယ်။ ဒီနှစ်သင်းက ပြီးခဲ့တဲ့နှစ် ၁၂လပိုင်းတုန်းကလည်း ပရီးမီးယားလိဂ်မှာ ဆုံတွေ့ထားခဲ့ပြီး လက်စတာကပဲ အဝေးကွင်းမှာ ဗီလာကို အနိုင်ယူထားခဲ့ပါတယ်။ ဒီပွဲမှာလည်း လူအင်အားအရရော လက်ရှိအနေအထားတွေအရပါ အားသာနေတဲ့ လက်စတာကိုပဲ ယုံကြည်ထားချင်ပါတယ်။

(Zawgyi)

လိဂ္ဖလားဖုိင္နယ္ကုိ တတ္ေရာက္ႏုိင္ဖုိ႔ အႀကိတ္အနယ္ တုိက္ပြဲဝင္သြားရမယ့္ ဗီလာနဲ႔လက္စတာ

အဂၤလန္ေဘာလုံးနယ္ပယ္ဘက္မွာေတာ့ ဒီရက္ပုိင္းအတြင္း ေဘာလုံးပြဲေတြကုိ ခပ္စိတ္စိတ္က်င္းပလုိ႔ေနၿပီး ပရီးမီးယားလိဂ္ အမွတ္ေပးၿပိဳင္ပြဲေတြ အနားေပးထားတဲ႔ အခ်ိန္ေတြမွာေတာင္ ျပည္တြင္းရွံးထြက္လားပြဲေတြကုိ ဆက္တုိက္က်င္းပလုိ႔ေနပါတယ္။ ဒီတစ္ပတ္ၾကားရက္မွာကေတာ့ ခါရာေဘာင္းလိဂ္ဖလားၿပိဳင္ပြဲရဲ႕ ဆီမီးဖုိင္နယ္ ဒုတိယအေက်ာ့ပြဲစဥ္ေတြကုိ က်င္းပမွာျဖစ္ၿပီး ဒီေန႔ အဂၤါေန႔ည ၂နာရီ၁၅မိနစ္အခ်ိန္မွာပဲ အက္စတြန္ဗီလာအသင္းနဲ႔ လက္စတာအသင္းတုိ႔က ရင္ဆုိင္ကစားမွာျဖစ္ပါတယ္။ ဒီႏွစ္သင္းဟာ ပထမအေက်ာ့တုန္းကေတာ့ ၁ဂုိးစီသေရက်ထားခဲ႔ပါတယ္။

Photo Credit : Getty Images

အခုဒုတိယအေက်ာ့မွာ အိမ္ရွင္အျဖစ္ လက္ခံကစားသြားရမယ့္ အက္စတြန္ဗီလာအသင္းဟာ ၿပီးခဲ႔တဲ႔ Weekend တုန္းက အက္ေအဖလားပြဲ ကစားထားရျခင္းမရွိလုိ႔ လက္စတာအသင္းထက္ ပုိၿပီးအနားရေနတယ္ဆုိေပမယ့္လည္း ပရီးမီးယားလိဂ္မွာက တန္းဆင္းဇုန္နဲ႔ ရမွတ္၂မွတ္သာ ကြာဟလုိ႔ေနတာျဖစ္သလုိ ဖုိင္နယ္တတ္သြားမယ္ဆုိရင္ မန္စီးတီးနဲ႔ ဆုံရႏုိင္တာေၾကာင့္ လိဂ္ဖလားကုိ ဗီလာတုိ႔ ေလ်ာ့သြားႏုိင္တဲ႔ အေနအထားမွာရွိေနပါတယ္။ ဒါ့အျပင္ ဒီပြဲၿပီးတာနဲ႔ စေနေန႔မွာ ရပ္တည္မႈျခင္း သိပ္မကြာလွတဲ႔ ဘုန္းေမာက္အသင္းနဲ႔ ပရီးမီးယားလိဂ္မွာ ရင္ဆုိင္ရဦးမွာျဖစ္လုိ႔ ဒီပြဲကုိ အျပည့္အဝ အာရုံစုိက္လာႏုိင္ပါ့မလားဆိုတာ စဥ္းစားစရာပါ။

Photo Credit : Getty Images

လက္စတာကေတာ့ ၿပီးခဲ႔တဲ႔ အက္ေအဖလားပြဲမွာ ဘရန္႔ဖုိဒ့္ကုိ အႏုိင္ယူခဲ႔ၿပီး အဲ႔ဒီပြဲစဥ္မွာလည္း အမာခံကစားသမားမ်ားစြာကုိ အနားေပးထားခဲ႔ပါတယ္။ ဒါေပမယ့္ လက္စတာကလည္း ဒီပြဲၿပီးရင္ ပရီးမီးယားလိဂ္မွာ ခ်ယ္လ္ဆီးနဲ႔ ပြဲက်ပ္ရင္ဆုိင္ရဦးမွာျဖစ္လုိ႔ ဒီပြဲအေပၚ ဘယ္လုိပုံစံနဲ႔ ရင္ဆုိင္လာမလဲဆုိတာ သံသယျဖစ္စရာပါ။ ဒါေပမယ့္ ပထမအေက်ာ့ကတည္းက လူစုံတတ္စုံနဲ႔ ဗီလာကုိ ရင္ဆုိင္ခဲ႔ၿပီး တစ္ပြဲလုံး အသာစီးကစားခဲ႔ပါလ်က္နဲ႔ သေရပဲကစားႏုိင္ခဲ႔တာကုိ ဒီပြဲမွာ အေျဖထြက္ေအာင္ ကစားလာနုိင္ပါတယ္။ ေနာက္ၿပီး လက္စတာက ဒီပြဲမွာလည္း အမာခံကစားသမားေတြကုိ အကုန္သုံးလာႏုိင္ၿပီး ဗာဒီလည္း ျပန္လည္ပါဝင္လာႏိုင္ပါတယ္။

Photo Credit : Getty Images

ပထမအေက်ာ့မွာတုန္းက လက္စတာက အစစအရာရာ အကုန္အသာစီးယူခဲ႔ေပမယ့္ ဗီလာရဲ႕တစ္လုံးတည္းေသာ ဂိုးေပါက္တည့္ကန္ခ်က္ကေန ဂုိးရသြားခဲ႔တာေၾကာင့္ ဒီဂုိးကုိ လက္စတာဘက္ကေန အိယန္နာခ်ိဳက ျပန္လည္ေခ်ပခဲ႔လို႔ သေရက်ခဲ႔ရတာျဖစ္ပါတယ္။ ဒီႏွစ္သင္းက ၿပီးခဲ႔တဲ႔ႏွစ္ ၁၂လပုိင္းတုန္းကလည္း ပရီးမီးယားလိဂ္မွာ ဆုံေတြ႕ထားခဲ႔ၿပီး လက္စတာကပဲ အေဝးကြင္းမွာ ဗီလာကုိ အႏုိင္ယူထားခဲ႔ပါတယ္။ ဒီပြဲမွာလည္း လူအင္အားအရေရာ လက္ရွိအေနအထားေတြအရပါ အားသာေနတဲ႔ လက္စတာကုိပဲ ယုံၾကည္ထားခ်င္ပါတယ္။