လန်ဒန်မြို့ခံ ကလပ်အသင်းတွေဖြစ်တဲ့ ချယ်လ်ဆီးအသင်းနဲ့ အာဆင်နယ်အသင်းတို့အပြင် အက်စတွန်ဗီလာအသင်းကပါ ဘောလုံးပရိသတ်တွေနဲ့ သိပ်မရင်းနှီးလှတဲ့ ဂိုးသမားတစ်ဦးဖြစ်တဲ့ မားကပ်စ်ဘတ်တီနယ်လီကို ခေါ်ယူသွားဖို့ အပြိုင်အဆိုင် စိတ်ဝင်စားလျက် ရှိနေကြတယ်လို့ နာမည်ကျော် ဗြိတိန်သတင်းစာကြီး Daily Mail ကနေ ဖော်ပြလာခဲ့ပါတယ်။

Photo Credit : Football London

အသက်(၂၉)နှစ်အရွှယ်ရှိ အင်္ဂလန်ဂိုးသမား ဘတ်တီနယ်လီဟာ ဖူလ်ဟမ်လူငယ်အသင်းကနေ ပေါ်ထွက်လာခဲ့သူဖြစ်ပြီး ၂၀၁ဝခုနှစ်ကနေစတင်ကာ သူရဲ့စီနီယာကစားသမားဘဝကို စတင်ခဲ့သူဖြစ်ပါတယ်။ ဒါတ်ဖိုဒ့် အက်ကရင်တန်စတန်လေ စတဲ့ ကလပ်အသင်းငယ်လေးနဲ့ ချန်ပီယံရှစ်ကလပ် မစ်ဒယ်ဘရော့အသင်းတွေမှာ အငှားကစားသမားဘဝနဲ့ ကျင်လည်ခဲ့ဖူးတဲ့ ဂိုးသမားဘတ်တီနယ်လီဟာ ပြီးခဲ့တဲ့ ဇူလိုင်(၁)ရက်နေ့ကပဲ သူရဲ့ကလပ်အသင်း ဖူလ်ဟမ်နဲ့ စာချုပ်သက်တမ်း ကုန်ဆုံးသွားခဲ့တာဖြစ်လို့ Free Agent ကစားသမားတစ်ယောက် ဖြစ်လို့နေရပါတယ်။

Photo Credit : TEAMtalk

ဒီလို အသင်းလက်မဲ့ ဖြစ်နေရတဲ့ ဂိုးသမားဘတ်တီနယ်လီကို ပရီးမီးယားလိဂ်ရဲ့ ထိပ်သီးကလပ်အသင်းတွေဖြစ်တဲ့ ချယ်လ်ဆီးအသင်းနဲ့ အာဆင်နယ်အသင်းတွေကနေ အပြိုင်စိတ်ဝင်စားနေကြသလို ဗီလာအသင်းကလည်း ပစ်မှတ်ထားလျက် ရှိနေတယ်လို့ သိရှိရပါတယ်။ ဥရောပချန်ပီယံလိဂ် ချန်ပီယံ ချယ်လ်ဆီးအသင်းက လက်ရှိအသင်းမှာ ဂိုးသမား အက်ဒွါမန်ဒီနဲ့ ဂိုးသမားကယ်ပါအာရီဇီဘယ်လာဂါတို့သာ ရှိနေတဲ့အတွက် တတိယဦးစားပေး ဂိုးသမားတစ်ယောက်ကို လိုအပ်နေတဲ့အပြင် အာဆင်နယ်အသင်းကလည်း အသင်းရဲ့ အရန်ဂိုးသမား ရူနာဆန်ကို အသင်းကနေ ရောင်းချသွားဖွယ် ရှိနေသလို နံပါတ်တစ်ဂိုးသမား လေနိုကလည်း အနာဂတ် မရေမရာ ဖြစ်နေရတဲ့အတွက် ဘတ်တီနယ်လီကို ခေါ်ယူချင်နေတာဖြစ်ပါတယ်။ ဒါ့အပြင် အသင်းရဲ့ အရန်ဂိုးသမား တွမ်ဟီတန်ကို မန်ချက်စတာယူနိုက်တက်အသင်းဆီ လက်လွတ်ထားခဲ့ရတဲ့ အက်စတွန်ဗီလာအသင်းမှာလည်း ဖူလ်ဟမ်ဂိုးသမားဟောင်း ဘတ်တီနယ်လီကို အယ်မီမာတီနက်ဇ်ရဲ့ အရန်ဂိုးသမားအဖြစ် အလိုရှိလို့နေပါတယ်။ လက်ရှိအနေအထားတွေအရ အသင်းလက်မဲ့ ဖြစ်နေတဲ့ ဂိုးသမား ဘယ်တီနယ်လီက ချယ်လ်ဆီးအသင်းကိုသာ ပြောင်းရွှေ့ကစားဖို့ အနီးစပ်ဆုံး အခြေအနေ ရှိနေတယ်လို့ သိရှိရပါတယ်။