MySport Myanmar

ခြေချင်းဝတ်ဒဏ်ရာကြောင့် ကာလရှည် အနားယူရနိုင်တဲ့ ဗီလာနောက်ခံလူ ကားလို့စ်

အက်စတွန်ဗီလာအသင်းရဲ့ နောက်ခံကစားသမား ဒီယေဂိုကားလို့စ်ဟာ အဲဗာတန်အသင်းနဲ့ ယှဉ်ပြိုင်ခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ်အတွင်းမှာ ရရှိခဲ့တဲ့ ခြေကျင်းဝတ် ဒဏ်ရာပြသာနာကြောင့် ကာလရှည်ကြာလောက်အထိ အနားယူရဖွယ် ရှိနိုင်တာကြောင့် ဗီလာအနေနဲ့ နွေဈေးကွက်မပိတ်ခင်မှာပဲ ဗဟိုခံစစ်မှူးတစ်ဦးကို ထပ်မံ ခေါ်ယူသွားရဖွယ် ရှိနိုင်ပါတယ်။

Photo Credit : Birmingham Live

အခုနှစ် နွေဈေုးကွက်အတွင်း လာလီဂါကလပ် ဆီဗီလာအသင်းကနေ အက်စတွန်ဗီလာအသင်းဆီကို ပြောင်းရွှေ့ကြေး ပေါင်(၂၆)သန်းနဲ့ ပြောင်းရွှေ့လာခဲ့တဲ့ ဘရာဇီးလ် နောက်ခံကစားသမား ဒီယေဂိုကားလို့စ်ဟာ ဗီလာရဲ့ အဓိက ကစားသမားအဖြစ် ပါဝင်ကစားနေရပေမယ့် အဲဗာတန်အသင်းနဲ့ ရင်ဆိုင်ခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်ရဲ့ ပွဲပြီးခါနီးမှာ ခြေချင်းဝတ်ဒဏ်ရာ ရရှိသွားခဲ့တာကြောင့် တစ်နှစ်တာလောက်အထိ အနားယူသွားရဖွယ် ရှိနိုင်တယ်လို့ သိရပါတယ်။ ဒီယေဂိုကားလို့စ်အနေနဲ့ ဒီပွဲစဉ်မှာ ဘောလုံးသမားတိုင်း ကြောက်လန့်ရတဲ့ ဖနောင့်ကြောဒဏ်ရာကို ရရှိသွားနိုင်တဲ့ အခြေအနေမျိုးပါ ဖြစ်နေတဲ့အတွက် ဒီလိုဒဏ်ရာမျိုးသာ ရသွားခဲ့မယ်ဆိုရင် သေချာပေါက် ကာလရှည်အထိ အနားယူရတော့မှာ ဖြစ်ပါတယ်။

Photo Credit : SportsMax

ကားလို့စ်အနေနဲ့ ဖနောင့်ကြောဒဏ်ရာကိုသာ တကယ်ခံစားနေရမယ်ဆိုရင်တော့ ဒီနှစ်ဘောလုံးရာသီအတွင်းမှာတောင် ပြန်လည်ကစားနိုင်ဖို့ မလွယ်ကူတော့ပဲ ရာသီကုန်ခါနီးလောက်မှသာ ပါဝင်နိုင်ဖွယ် ရှိတယ်လို့ သိရပါတယ်။ ဒီလိုမျိုးသာ ဖြစ်လာခဲ့မယ်ဆိုရင်တော့ ဗီလာအနေနဲ့ နွေဈေးကွက် မပိတ်သိမ်းခင်မှာပဲ ဗဟိုခံစစ်ကစားသမားတစ်ယောက်ကို မဖြစ်မနေ ခေါ်ယူရနိုင်ဖွယ်လည်း ရှိနေပါတယ်။ ကားလို့စ်ရဲ့ ဒဏ်ရာပြသာနာနဲ့ ပတ်သတ်ပြီး ဗီလာနည်းပြ စတီဗင်ဂျရတ်က “နိုင်ပွဲနဲ့ စွမ်းရည်အတွက် ကျွန်တော် အရမ်းပျော်ရွှင်ရပေမယ့်လည်း ကျွန်တော်တို့အတွက် အရမ်းအရေးကြီးတဲ့ လူတစ်ဦးကို ဆုံးရှုံးလိုက်ရတဲ့အခါ ဒါဟာ နိုင်ပွဲရမှုကို ညိုးနွမ်းစေနိုင်ပါတယ်။ ကျွန်တော်တို့ သူ့ကို MRI scan ဖတ်ဖို့ ပို့ထားတယ်ဆိုပေမယ့် အဆင်မပြေနိုင်ပါဘူး။ သူ့ဒဏ်ရာက ခြေချင်းဝတ်နား ဖနောင့်ကြောတဝိုက်နား ဖြစ်နေတာမို့ ကျွန်တော် စိတ်ပူမိတယ်။ ဒါကိုလည်း ကစားသမားရဲ့ တုံ့ပြန်မှုမှာလည်း မြင်တွေ့နိုင်တယ်။ သူက လွယ်လွယ်နဲ့ ဒီလို မဖြစ်တတ်တဲ့ ကစားသမားမျိုးပါ။ သူ့ကိုယ်တိုင်ရော ဆေးဝန်ထမ်းတွေကပါ ဒီအခြေအနေကို စိတ်ပူနေပုံ ပေါ်နေရတာဖြစ်လို့ ဒါတွေက ကျွန်တော် ပိုစိတ်ပူမှု ဖြစ်စေရပါတယ်” လို့ ရှင်းလင်း ပြောကြားသွားခဲ့ပါတယ်။

Exit mobile version