အီတလီ အခြေစိုက် Il Mattinoသတင်းမီဒီယာရဲ့ ဖော်ပြချက်တွေအရ လူကာကူရဲ့ အပြောင်းအရွှေ့နဲ့ ပတ်သက်ပြီး ချယ်လ်ဆီးအသင်းနဲ့ အက်စတွန် ဗီလာအသင်းတို့ရဲ့ကြားမှာ သဘောတူညီမှု ရရှိထားတယ်လို့ သိရှိရပြီး ဒီပုံစံအတိုင်းသာဆိုရင်တော့ ဗီလာဟာ လူကာကူကို နာပိုလီဆီကနေ ကြားဖြတ်လုဖွယ်တောင် ရှိနေပါတယ်။

ချယ်လ်ဆီးက သူတို့ကစားသမားဟောင်း လူကာကူကို အင်တာမီလန်ကနေ ပြန်လည် ခေါ်ယူခဲ့ပြီးချိန်ကတည်းက အသင်းမှာ ခြေစွမ်းပြဖို့ ရုန်းကန်ခဲ့ရသလို အင်တာဆီ ပြန်သွားချင်တယ်ဆိုတဲ့ စကားတွေ ပြောဆိုလာခဲ့ပြီးနောက် ချယ်လ်ဆီးနဲ့ လူကာကူတို့ကြား လုံးဝ အဆင်မပြေ ဖြစ်သွားခဲ့ရပါတယ်။

Photo Credit : Eurosport

ဒါကြောင့်ပဲ ချယ်လ်ဆီးက လူကာကူကို ပြန်လည် ခေါ်ယူပြီး နောက်တစ်ရာသီမှာပဲ အင်တာဆီ အငှားချခဲ့သလို နောက်ရာသီမှာတော့ ရိုးမားဆီ ထပ်အငှားချခဲ့ပြန်ပါတယ်။ လက်ရှိမှာတော့ လူကာကူကို သူ့ဆရာဟောင်းဖြစ်တဲ့ နည်းပြ ကွန်တီက နာပိုလီအသင်းဆီ ခေါ်ဆောင်သွားချင်နေပြီး ချယ်လ်ဆီးကလည်း လူကာကူကို အသင်းကနေ အပြီးသတ် ရှင်းထုတ်သွားချင်နေပါတယ်။

နာပိုလီနဲ့ လူကာကူတို့ကြားမှာတော့ အပြောင်းအရွှေ့နဲ့ပတ်သက်ပြီး personal agreed အထိ ရထားပေမယ့်လည်း နာပိုလီက အသင်းကနေ ဗစ်တာ အိုဆီမန် ထွက်သွားမှသာ သူ့နေရာအတွက် လူကာကူကို ပြန်အစားထိုးမှ ဖြစ်သလို အိုဆီမန်ကိုလည်း သူတို့ဘက်က သူတို့ လိုချင်တဲ့ တန်ကြေးရမှ ရောင်းထုတ်ဖို့ ရှိနေတာကြောင့် အပြောင်းအရွှေ့ (၂)ခုလုံးက ကြန့်ကြာနေရပါတယ်။

Photo Credit : Youtube

ဒီအချိန်မှာပဲ Il Mattino ကနေ လူကာကူရဲ့ အပြောင်းအရွှေ့အတွက် ချယ်လ်ဆီးနဲ့ ဗီလာအသင်းတို့ကြားမှာ သဘောတူညီမှု ရရှိထားတယ်လို့ ဖော်ပြထားခဲ့သလို ချယ်လ်ဆီးအနေနဲ့ လူကာကူကို ဗီလာဆီ ပြောင်းရွှေ့ဖို့ပါ ဖိအားပေးလာလိမ့်မယ်လို့ ဖော်ပြထားပါတယ်။ ဒါပေမယ့် လူကာကူကတော့ သူ့ဆရာရှိရာ နာပိုလီဆီကိုပဲ ပြောင်းရွှေ့ချင်နေပါတယ်။

ဒါကြောင့်လည်း လူကာကူက အမေရိကန်မှာ ခြေစမ်းပွဲတွေ ကစားနေတဲ့ ချယ်လ်ဆီးအသင်းနဲ့ ပူးပေါင်းခြင်း မရှိပဲ တစ်ဦးတည်းသာ လေ့ကျင့်ခန်းဆင်းနေသလို နာပိုလီဘက်က အိုဆီမန်ကို ရောင်းချမယ့်သတင်းကိုလည်း စောင့်မျှော်လျက် ရှိနေပါတယ်။