အေစီမီလန်အသင်းကတော့ မကြာသေးခင်ကမှ သူတို့အသင်းရဲ့ကစားသမားဟောင်းဖြစ်တဲ့ ဝါရင့်တိုက်စစ်မှူးကြီး ဇလာတန်အီဗရာဟီမိုဗစ်ခ်ျကို ပြန်လည်ခေါ်ယူအားဖြည့်နိုင်ခဲ့တာကြောင့် အသင်းရဲ့တိုက်စစ်ပိုင်း အားနည်းနေမှုကို ဖြေရှင်းနိုင်ဖွယ်ရှိနေပေမယ့် ဒီရာသီမှာ အသင်းအတွက် ခြေစွမ်းပြနိုင်ဖို့ ရုန်းကန်နေရတဲ့ တိုက်စစ်မှူးပီယွန်တက်ခ်ကတော့ အသင်းကနေ ထွက်ခွာသွားဖို့ အခြေအနေရှိလာခဲ့ပြီး သူ့ကို အက်စတွန်ဗီလာနဲ့ နယူးကာဆဲလ်ယူနိုက်တက်အသင်းတို့ကနေ ခေါ်ယူသွားဖို့ အပြိုင်အဆိုင် ဖြစ်နေရတယ်လို့ သတင်းတွေ ထွက်ပေါ်လို့နေပါတယ်။
အသက်၂၄နှစ်သာရှိသေးတဲ့ ပိုလန်လက်ရွေးစင် တိုက်စစ်ကစားသမား ပီယွန်တက်ခ်ဟာ တကယ်တော့ အရည်အသွေးမြင့် ဥရောပရဲ့အကောင်းဆုံးတိုက်စစ်ကစားသမားတွေထဲမှာ တစ်ယောက်အပါအဝင် ဖြစ်ခဲ့ပေမယ့် ဒီရာသီမှာ အေစီမီလန်အသင်းအတွက် အီတလီစီးရီးအေသွင်းဂိုး ၄ဂိုးသာ ရယူထားနိုင်ခဲ့ပြီး သွင်းဂိုးတွေရဖို့ ရုန်းကန်နေရသူဖြစ်တဲ့အပြင် မီလန်က အီဗရာဟီမိုဗစ်ခ်ျကိုပါ ခေါ်ယူလိုက်တာကြောင့် လက်ရှိမှာ အသင်းနဲ့ အနာဂတ်မတည်မငြိမ်ဖြစ်နေကာ သူ့ကို ပရီးမီးယားလိဂ်အသင်းတွေဖြစ်တဲ့ ဗီလာနဲ့ နယူးကာဆဲလ်တို့ကန ခေါ်ယူသွားဖို့ အပြိုင်ပစ်မှတ်ထားလာခဲ့ကြတယ်။
(Unicode)
မီလန်တိုက်စစ်မှူးကို အပြိုင်စိတ်ဝင်စားလို့နေတဲ့ နယူးကာဆဲလ်နဲ့ အက်စတွန်ဗီလာ
အေစီမီလန်အသင်းကတော့ မကြာသေးခင်ကမှ သူတို့အသင်းရဲ့ကစားသမားဟောင်းဖြစ်တဲ့ ဝါရင့်တိုက်စစ်မှူးကြီး ဇလာတန်အီဗရာဟီမိုဗစ်ချ်ကို ပြန်လည်ခေါ်ယူအားဖြည့်နိုင်ခဲ့တာကြောင့် အသင်းရဲ့တိုက်စစ်ပိုင်း အားနည်းနေမှုကို ဖြေရှင်းနိုင်ဖွယ်ရှိနေပေမယ့် ဒီရာသီမှာ အသင်းအတွက် ခြေစွမ်းပြနိုင်ဖို့ ရုန်းကန်နေရတဲ့ တိုက်စစ်မှူးပီယွန်တက်ခ်ကတော့ အသင်းကနေ ထွက်ခွာသွားဖို့ အခြေအနေရှိလာခဲ့ပြီး သူ့ကို အက်စတွန်ဗီလာနဲ့ နယူးကာဆဲလ်ယူနိုက်တက်အသင်းတို့ကနေ ခေါ်ယူသွားဖို့ အပြိုင်အဆိုင် ဖြစ်နေရတယ်လို့ သတင်းတွေ ထွက်ပေါ်လို့နေပါတယ်။
Photo Credit : Getty Images
အသက်၂၄နှစ်သာရှိသေးတဲ့ ပိုလန်လက်ရွေးစင် တိုက်စစ်ကစားသမား ပီယွန်တက်ခ်ဟာ တကယ်တော့ အရည်အသွေးမြင့် ဥရောပရဲ့အကောင်းဆုံးတိုက်စစ်ကစားသမားတွေထဲမှာ တစ်ယောက်အပါအဝင် ဖြစ်ခဲ့ပေမယ့် ဒီရာသီမှာ အေစီမီလန်အသင်းအတွက် အီတလီစီးရီးအေသွင်းဂိုး ၄ဂိုးသာ ရယူထားနိုင်ခဲ့ပြီး သွင်းဂိုးတွေရဖို့ ရုန်းကန်နေရသူဖြစ်တဲ့အပြင် မီလန်က အီဗရာဟီမိုဗစ်ချ်ကိုပါ ခေါ်ယူလိုက်တာကြောင့် လက်ရှိမှာ အသင်းနဲ့ အနာဂတ်မတည်မငြိမ်ဖြစ်နေကာ သူ့ကို ပရီးမီးယားလိဂ်အသင်းတွေဖြစ်တဲ့ ဗီလာနဲ့ နယူးကာဆဲလ်တို့ကန ခေါ်ယူသွားဖို့ အပြိုင်ပစ်မှတ်ထားလာခဲ့ကြတယ်။
Photo Credit : Getty Images
ဗီလာအသင်းကတော့ လက်ရှိ တန်းဆင်းဇုန်မှာ အတော်လေးကို ရုန်းကန်နေရပြီး အသင်းရဲ့တိုက်စစ်ကစားသမား ဝက်စ်လေကပါ ဒူးဒဏ်ရာ ဆိုးဆိုးရွှားရွှား ရရှိသွားခဲ့လို့ ဝက်စ်လေနေရာအတွက် ပီယွန်တက်ခ်နဲ့ အစားထိုးချင်နေတာဖြစ်သလို နယူးကာဆဲလ်ကလည်း အသင်းရဲ့တိုက်စစ်အတွက် လုံးဝကို အားမကိုးရတဲ့ တိုက်စစ်မှူးဂျိုးလင်တန်ရဲ့နေရာအတွက် ပီယွန်တက်ခ်နဲ့ အစားထိုးချင်နေတာဖြစ်ပါတယ်။ ဒီ၂၄နှစ်သားအတွက် ဗီလာအသင်းက ပေါင်၂၅သန်းနဲ့ ကမ်းလှမ်းဖွယ်ရှိနေပေမယ့် နယူးကာဆဲလ်ကတော့ ကနဦးမှာ အငှားစာချုပ်နဲ့သာ ကမ်းလှမ်းဖွယ်ရှိပြီး အငှားသက်တမ်းပြည့်မှ အပြီးသတ်ခေါ်ယူဖွယ်ရှိနေပါတယ်။ ပီယွန်တက်ခ်ဟာ မနှစ်ကမှ ဂျီနိုအာအသင်းကနေ အေစီမီလန်ဆီ ရောက်ရှိလာခဲ့တာဖြစ်ပြီး ၂၀၁၈-၂၀၁၉ ဘောလုံးရာသီ လက်ကျန်ရာသီမှာ အသင်းအတွက် အတော်လေးကို ခြေစွမ်းပြနိုင်ခဲ့ပေမယ့် အခု ရာသီဝက်မှာတော့ သွင်းဂိုး၄ဂိုးပဲ ရယူနိုင်ခဲ့ပါတယ်။