နိုင်ဂျီးရီးယား သမ္မတရဲ့ လက်ထောက် ဘာရှရီ အာမတ် (Bashir Ahmad) ကတော့ နိုင်ငံရေးနဲ့ ပက်သက်တဲ့ ကိစ္စတွေကိုသာမက ဘောလုံးနဲ့ ပက်သက်တဲ့ ကိစ္စတွေကိုလည်း သူ့ရဲ့ တရားဝင် လှုမှုကွန်ရက် တွစ်တာမှာ ရေးသား ဖော်ပြခဲ့ပြီး ဝေဖန်သူ နဲ့ ထောက်ခံသူ များပြားခဲ့ပါတယ်။ သမ္မတ လက်ထောက် အာမတ်ဟာ ဘာစီလိုနာအသင်းအနေနဲ့ သူတို့ရဲ့ အိမ်ကွင်း “နူးကမ့်” နာမည် မှုပိုင်ခွင့်ကို ရောင်းလိုက်ပြီလို့ သိလိုက်တဲ့ အခါမှာ ဂျုဗင်တပ် တိုက်စစ်မှူး ရော်နယ်ဒို အနေနဲ့ ဘာစီလိုနာအသင်းရဲ့ အိမ်ကွင်း နာမည် မှုပိုင်ခွင့်ကို ဝယ်ဖို့ တိုက်တွန်းသွားပါတယ်။

Photo Credit: Gettyimage

ဘာရှရီ အာမတ်ဟာ နိုင်ဂျီးရီးယား သမ္မတရဲ့ ပုဂ္ဂိုလ်ရေး လက်ထောက် (personal assistant) ဖြစ်ပြီး သူက ဘာစီလိုနာအသင်းအနေနဲ့ အိမ်ကွင်း နာမည် မူပိုင်ခွင့်ကို ရောင်းလိုက်ပြီ ဖြစ်လို့ ရော်နယ်ဒိုအနေနဲ့ ဝယ်ယူပြီး “CR7″လို့ နာမည်သစ် ပြောင်းသင့်ပါတယ်လို့ ပြောသွားပါတယ်။ ဘာရှရီ အာမတ်ဟာ ဘာစီလိုနာအသင်းအနေနဲ့ အိမ်ကွင်း နာမည် မှုပိုင်ခွင့်ကို ရောင်းလိုက်ပြီ ဖြစ်ပါတယ်လို့ ဖော်ပြထားတဲ့ “B/F Football” ရဲ့ စာကို လှုမှုကွန်ရက် တွစ်တာမှာ ပြန်လည် မျှဝေပြီးတဲ့ အချိန်မှာ ရော်နယ်ဒိုအနေနဲ့ နာမည် မှုပိုင်ခွင့်ကို ဝယ်သင့်တယ်လို့ ရေးခဲ့ပါတယ်။

Photo Credit: Gettyimage

နိုင်ဂျီးရီးယား သမ္မတ လက်ထောက် အာမတ်ဟာ လွန်ခဲ့တဲ့ (၂၁) ရက်နေ့မှာ “B/F Football” ရေးသားခဲ့တဲ့ စာကို အဲဒီနေ့ရက်မှာ ပြန်လည် မျှဝေခဲ့ပြီး “B/F Football” က ရေးသားထားတာက “ဘာစီလိုနာအသင်းဟာ ကမ္ဘာ့ ကပ်ရောဂါ ကိုရိုနာ ဗိုင်းရပ် ရောဂါ တိုက်ဖျက်ရေးမှာ ငွေကြေး ကူညီနိုင်ဖို့ နဲ့ (၂၀၂၀/၂၁) ရာသီအတွက် ပထမဆုံး အနေနဲ့ သူတို့ရဲ့ အိမ်ကွင်း “နူးကမ့်” နာမည် မူပိုင်ခွင့်ကို ရောင်းချသွားဖို့ ကြေညာခဲ့ပါတယ်”လို့ ဖော်ပြ ရေးသားသွားလိုက်ပါတယ်။ သမ္မတ လက်ထောက် အာမတ်ဟာ “B/F Football” ရဲ့ စာကို ပြန်လည် မျှဝေပြီးတဲ့ အချိန်မှာ သူက “မိတ်ဆွေ ရော်နယ်ဒိုရေ ဝယ်လိုက်ပါ။ ပြီးရင် “CR7″လို့ နာမည်အသစ် ပေးလိုက်ပါ”လို့ ရေးသားခဲ့ပြီး ရော်နယ်ဒိုအနေနဲ့ နာမည် မှုပိုင့်ခွင့်ကို ဝယ်ယူသင့်တယ်လို့ တိုက်တွန်းခဲ့ပါတယ်။