ဒီႏွစ္ေဘာလုံးရာသီအကုန္မွာ မန္ခ်က္စတာယူနုိက္တက္အသင္းနဲ႔ စာခ်ဳပ္သက္တမ္း ကုန္ဆုံးရေတာ့မယ့္ ဝါရင့္ေတာင္ပံကစားသမား အက္ရွ္ေလယန္းဟာ လက္ရွိမွာ အသင္းနဲ႔ သက္တမ္းက လပုိင္းေလာက္သာ က်န္ရွိေတာ့တာျဖစ္လုိ႔ သူ႔စိတ္ႀကိဳက္ ပရီးမီးယားလိဂ္ျပင္ပအသင္းေတြနဲ႔ အေျပာင္းအေရႊ႕ကိစၥကုိ လြတ္လြတ္လပ္လပ္ ေဆြးေႏြးႏုိင္ၿပီျဖစ္ၿပီး သိပ္မၾကာခင္ကပဲ အင္တာမီလန္အသင္းနဲ႔ သတင္းေတြ အေတာ္ေလးကုိ ထြက္ေပၚခဲ႔ရကာ လက္ရွိမွာေတာ့ အင္တာအသင္းက အျခားကစားသမားတစ္ဦးကိုသာ ေခၚယူသြားဖြယ္ရွိေနလုိ႔ အက္ရွ္ေလယန္းအေနနဲ႔ အင္တာကုိ ေျပာင္းေရႊ႕ဖုိ႔ မေသခ်ာေတာ့ဘူးလုိ႔ သိရွိရပါတယ္။

Photo Credit : Getty Images

အသက္၃၄ႏွစ္အရႊယ္ရွိ ဝါရင့္ေတာင္ပံကစားသမားႀကီး အက္ရွ္ေလယန္းဟာ ၂၀၁၁ခုႏွစ္ကတည္းက အက္စတြန္ဗီလာအသင္းကေန ယူႏုိက္တက္ဆီကုိ ေရာက္ရွိလာခဲ႔တာျဖစ္ၿပီး ၉ႏွစ္တာအတြင္း အသင္းရဲ႕ေနရာစုံမွာ လုိက္လံကစားေပးခဲ႔ၿပီး လက္ရွိမွာလည္း ယူနုိက္တက္ရဲ႕အသင္းေခါင္းေဆာင္အျဖစ္ သတ္မွတ္ခံထားရသူျဖစ္ပါတယ္။ ဒါေပမယ့္ အသက္အရႊယ္ေၾကာင့္ အသင္းမွာ ေနရာေပ်ာက္ဆုံးမႈေတြ မ်ားျပားလာခဲ႔တာေၾကာင့္ ယူႏုိက္တက္ဘက္ကေန တစ္ႏွစ္သက္တမ္းတုိး စာခ်ဳပ္ကုိ ကမ္းလွမ္းခဲ့ေပမယ့္လည္း ယန္းကေတာ့ ဒီကမ္းလွမ္းမႈကုိ လက္မခံခဲ႔ပဲ အင္တာမီလန္အသင္းဆီကုိပဲ ေျပာင္းေရႊ႕ကစားဖုိ႔ပဲ  ႀကိဳးပမ္းခဲ႔ၿပီး သေဘာတူညီမႈပါ ရယူႏုိင္ခဲ႔တယ္လုိ႔ သတင္းထြက္လာခဲ႔ပါေသးတယ္။

Photo Credit : Getty Images

ဒါေပမယ့္ အခုေနာက္ပုိင္းထြက္ရွိလာတဲ႔ သတင္းေတြအရ အင္တာမီလန္အသင္းဟာ ရုိးမားအသင္းရဲ႕ ေနာက္ခံအစြန္လူ လီယုိနာဒုိဆပန္နာဇုိလာကုိ ေခၚယူသြားဖုိ႔ အနီးစပ္ဆုံးျဖစ္လာခဲ႔ရလုိ႔ အက္ရွ္ေလယန္းကုိ ေခၚယူဖုိ႔က မေသမခ်ာ ျဖစ္လာခဲ႔ရပါတယ္။ ရုိးမားအသင္းကလည္း ဂ်ဳဗင္တပ္စ္နဲ႔ပြဲမွာ ဒဏ္ရာဆုိးဆုိးရႊားရႊား ရရွိသြားခဲ႔တဲ႔ ဇာနီအုိလုိေနရာအတြက္ အင္တာမီလန္ကြင္းလယ္ကစားသမား ေပၚလီတာႏုိနဲ႔ အစားထုိးဖုိ႔ စီစဥ္ေနတာျဖစ္ၿပီး အသင္းရဲ႕ကစားသမား ဆပန္နီဆုိလာကုိ အေျပာင္းအေရႊ႕ တစိတ္တပုိင္းအျဖစ္ အလုိက္ေပးကမ္းလွမ္းသြားဖုိ႔လည္း ရွိေနတာေၾကာင့္ ဘယ္ျခမ္းခံစစ္အတြက္ ယန္းကုိ ေခၚယူဖုိ႔ဆုိတာ စဥ္းစားစရာ ျဖစ္လာခဲ႔ရပါတယ္။ ဂ်ဳဗင္တပ္စ္ကစားသမားေဟာင္း ဆပန္နာဆုိလာ သူရဲ႕ကစားသမားဘဝကုိ အငွားကစားသမားဘဝ ေတာ္ေတာ္ေလးျဖတ္သန္းခဲ႔ရၿပီး ဒီႏွစ္ေႏြေစ်းကြက္ကမွ ဂ်ဳဗင္တပ္စ္ကေန ရုိးမားကစားသမား လူးကပ္ပယ္လီဂရီနီကုိ ေခၚယူရာမွာ အလုိက္ေပးကမ္းလွမ္းခဲ႔တာျဖစ္ၿပီး ဒီရာသီမွာ ရုိးမားအတြက္ စီးရီးေအပြဲေပါင္း၄ပြဲသာ ပါဝင္ခဲ႔ရပါတယ္။

(Unicode)

အင်တာမီလန်အသင်းဆီ ပြောင်းရွှေ့ကစားဖို့ မသေချာတော့တဲ့ အက်ရှ်လေယန်း

ဒီနှစ်ဘောလုံးရာသီအကုန်မှာ မန်ချက်စတာယူနိုက်တက်အသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးရတော့မယ့် ဝါရင့်တောင်ပံကစားသမား အက်ရှ်လေယန်းဟာ လက်ရှိမှာ အသင်းနဲ့ သက်တမ်းက လပိုင်းလောက်သာ ကျန်ရှိတော့တာဖြစ်လို့ သူ့စိတ်ကြိုက် ပရီးမီးယားလိဂ်ပြင်ပအသင်းတွေနဲ့ အပြောင်းအရွှေ့ကိစ္စကို လွတ်လွတ်လပ်လပ် ဆွေးနွေးနိုင်ပြီဖြစ်ပြီး သိပ်မကြာခင်ကပဲ အင်တာမီလန်အသင်းနဲ့ သတင်းတွေ အတော်လေးကို ထွက်ပေါ်ခဲ့ရကာ လက်ရှိမှာတော့ အင်တာအသင်းက အခြားကစားသမားတစ်ဦးကိုသာ ခေါ်ယူသွားဖွယ်ရှိနေလို့ အက်ရှ်လေယန်းအနေနဲ့ အင်တာကို ပြောင်းရွှေ့ဖို့ မသေချာတော့ဘူးလို့ သိရှိရပါတယ်။

Photo Credit : Getty Images

အသက်၃၄နှစ်အရွှယ်ရှိ ဝါရင့်တောင်ပံကစားသမားကြီး အက်ရှ်လေယန်းဟာ ၂၀၁၁ခုနှစ်ကတည်းက အက်စတွန်ဗီလာအသင်းကနေ ယူနိုက်တက်ဆီကို ရောက်ရှိလာခဲ့တာဖြစ်ပြီး ၉နှစ်တာအတွင်း အသင်းရဲ့နေရာစုံမှာ လိုက်လံကစားပေးခဲ့ပြီး လက်ရှိမှာလည်း ယူနိုက်တက်ရဲ့အသင်းခေါင်းဆောင်အဖြစ် သတ်မှတ်ခံထားရသူဖြစ်ပါတယ်။ ဒါပေမယ့် အသက်အရွှယ်ကြောင့် အသင်းမှာ နေရာပျောက်ဆုံးမှုတွေ များပြားလာခဲ့တာကြောင့် ယူနိုက်တက်ဘက်ကနေ တစ်နှစ်သက်တမ်းတိုး စာချုပ်ကို ကမ်းလှမ်းခဲ့ပေမယ့်လည်း ယန်းကတော့ ဒီကမ်းလှမ်းမှုကို လက်မခံခဲ့ပဲ အင်တာမီလန်အသင်းဆီကိုပဲ ပြောင်းရွှေ့ကစားဖို့ပဲ  ကြိုးပမ်းခဲ့ပြီး သဘောတူညီမှုပါ ရယူနိုင်ခဲ့တယ်လို့ သတင်းထွက်လာခဲ့ပါသေးတယ်။

Photo Credit : Getty Images

ဒါပေမယ့် အခုနောက်ပိုင်းထွက်ရှိလာတဲ့ သတင်းတွေအရ အင်တာမီလန်အသင်းဟာ ရိုးမားအသင်းရဲ့ နောက်ခံအစွန်လူ လီယိုနာဒိုဆပန်နာဇိုလာကို ခေါ်ယူသွားဖို့ အနီးစပ်ဆုံးဖြစ်လာခဲ့ရလို့ အက်ရှ်လေယန်းကို ခေါ်ယူဖို့က မသေမချာ ဖြစ်လာခဲ့ရပါတယ်။ ရိုးမားအသင်းကလည်း ဂျုဗင်တပ်စ်နဲ့ပွဲမှာ ဒဏ်ရာဆိုးဆိုးရွှားရွှား ရရှိသွားခဲ့တဲ့ ဇာနီအိုလိုနေရာအတွက် အင်တာမီလန်ကွင်းလယ်ကစားသမား ပေါ်လီတာနိုနဲ့ အစားထိုးဖို့ စီစဉ်နေတာဖြစ်ပြီး အသင်းရဲ့ကစားသမား ဆပန်နီဆိုလာကို အပြောင်းအရွှေ့ တစိတ်တပိုင်းအဖြစ် အလိုက်ပေးကမ်းလှမ်းသွားဖို့လည်း ရှိနေတာကြောင့် ဘယ်ခြမ်းခံစစ်အတွက် ယန်းကို ခေါ်ယူဖို့ဆိုတာ စဉ်းစားစရာ ဖြစ်လာခဲ့ရပါတယ်။ ဂျုဗင်တပ်စ်ကစားသမားဟောင်း ဆပန်နာဆိုလာ သူရဲ့ကစားသမားဘဝကို အငှားကစားသမားဘဝ တော်တော်လေးဖြတ်သန်းခဲ့ရပြီး ဒီနှစ်နွေစျေးကွက်ကမှ ဂျုဗင်တပ်စ်ကနေ ရိုးမားကစားသမား လူးကပ်ပယ်လီဂရီနီကို ခေါ်ယူရာမှာ အလိုက်ပေးကမ်းလှမ်းခဲ့တာဖြစ်ပြီး ဒီရာသီမှာ ရိုးမားအတွက် စီးရီးအေပွဲပေါင်း၄ပွဲသာ ပါဝင်ခဲ့ရပါတယ်။