
အသက်၃၄နှစ်အရွှယ်ရှိပြီဖြစ်တဲ့ အက်ရှ်လေယန်းဟာ ဆောင်းရာသီဈေးကွက် စတင်ဖွင့်လှစ်ချိန်မှာ အပြောင်းအရွှေ့နဲ့ပတ်သက်ပြီး ဘာသတင်းမှ ထွက်ပေါ်ခဲ့ခြင်းမရှိပေမယ့်လည်း အင်တာမီလန်အသင်းရဲ့ ချဉ်းကပ်မှုတွေ ဖြစ်ပေါ်လာပြီးတဲ့နောက်မှာတော့ ယန်းက ယူနိုက်တက်အသင်းရဲ့ သက်တမ်းတိုးမှု ကြိုးပမ်းခြင်းကိုပါ ပယ်ချခဲ့ပြီး အင်တာနဲ့ ပူးပေါင်းဖို့ကို စိတ်အားထက်သန်ခဲ့ပြီး နောက်ဆုံးမှာတော့ ၆လစာချုပ်(တစ်နှစ်ထပ်တိုးခွင့်အပါအဝင်)နဲ့ အင်တာကို ပြောင်းရွှေ့ကစားဖို့ သဘောတူညီနိုင်ခဲ့ပြီး အခုလည်း ဆေးစစ်မှုတွေ ခံယူသွားဖို့အတွက် အီတလီနိုင်ငံ မီလန်မြို့ကိုတောင် ရောက်ရှိနေပြီလို့ သတင်းမီဒီယာတွေမှာ ဖော်ပြလာခဲ့ပါတယ်။

အင်တာမီလန်အသင်းဟာ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းကပဲ သူတို့ရဲ့ လူငယ်ကွင်းလယ်ကစားသမား ပိုလီတာနိုနဲ့ ရိုးမားအသင်းရဲ့ ခံစစ်အစွန်လူ စပင်နာဇိုလာတို့ကို ကစားသမားအလဲအထပ် ပြုလုပ်ခဲ့သေးလို့ အက်ရှ်လေယန်းကို ခေါ်ယူဖို့က မသေချာတော့ဘူးဆိုပြီး သတင်းတွေ ထွက်လာခဲ့သေးပေမယ့် အင်တာနည်းပြကွန်တီကတော့ စီးရီးအေချန်ပီယံဆုကို လက်ရှိချန်ပီယံ ဂျုဗင်တပ်စ်လက်ထဲကနေ အရယူဖို့ ပြင်ဆင်ထားတာဖြစ်လို့ ယန်းလို ဝါရင့်ကစားသမားတစ်ဦးကို အရခေါ်ယူလိုက်ရတာပဲဖြစ်ပါတယ်။ အက်ရှ်လေယန်းဟာ အခုဆိုရင် သူရဲ့ယူနိုက်တက်အသင်းဖော်ဟောင်းတွေဖြစ်တဲ့ လူကာကူ ဆန်းချက်ဇ်တို့နဲ့ ပြန်လည်လက်တွဲရတော့မှာဖြစ်ပြီး ဒီတစ်ပတ်အတွင်းမှာပဲ အင်တာနဲ့အတူ ပွဲထွက်ကစားလာဖွယ်ရှိနေပါတယ်။

(Unicode)

အင်တာမီလန်အသင်းနဲ့ လက်တွဲဖို့ မီလန်မြို့ကို ရောက်ရှိနေပြီဖြစ်တဲ့ အက်ရှ်လေယန်း

မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ဝါရင့်တောင်ပံကစားသမားကြီးဖြစ်တဲ့ အက်ရှ်လေယန်းဟာ ဒီနှစ်ဘောလုံးရာသီအကုန်မှာ ယူနိုက်တက်အသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးတော့မှာဖြစ်ပြီး ဒီအချိန်က သူအနေနဲ့ အပြောင်းအရွှေ့ကိစ္စရပ်တွေကို လွတ်လပ်စွာ ဆွေးနွေးနိုင်တဲ့ အခိုက်အတန့်ဖြစ်နေရပြီး စီးရီးအေထိပ်သီးကလပ် အင်တာမီလန်အသင်းဆီ ပြောင်းရွှေ့ဖို့ ညှိနှိုင်းဆွေးနွေးနေကာ အခုဆိုရင်တော့ အင်တာအသင်းကို ပြောင်းရွှေ့ကစားဖို့က လုံးဝကို သေချာသလောက်ဖြစ်နေခဲ့လို အက်ရှ်လေယန်းကိုယ်တိုင်ကလည်း မီလန်မြို့ကို ရောက်ရှိနေပြီလို့ သိရှိရပါတယ်။

အသက်၃၄နှစ်အရွှယ်ရှိပြီဖြစ်တဲ့ အက်ရှ်လေယန်းဟာ ဆောင်းရာသီစျေးကွက် စတင်ဖွင့်လှစ်ချိန်မှာ အပြောင်းအရွှေ့နဲ့ပတ်သက်ပြီး ဘာသတင်းမှ ထွက်ပေါ်ခဲ့ခြင်းမရှိပေမယ့်လည်း အင်တာမီလန်အသင်းရဲ့ ချဉ်းကပ်မှုတွေ ဖြစ်ပေါ်လာပြီးတဲ့နောက်မှာတော့ ယန်းက ယူနိုက်တက်အသင်းရဲ့ သက်တမ်းတိုးမှု ကြိုးပမ်းခြင်းကိုပါ ပယ်ချခဲ့ပြီး အင်တာနဲဲ့ ပူးပေါင်းဖို့ကို စိတ်အားထက်သန်ခဲ့ပြီး နောက်ဆုံးမှာတော့ ၆လစာချုပ်(တစ်နှစ်ထပ်တိုးခွင့်အပါအဝင်)နဲ့ အင်တာကို ပြောင်းရွှေ့ကစားဖို့ သဘောတူညီနိုင်ခဲ့ပြီး အခုလည်း ဆေးစစ်မှုတွေ ခံယူသွားဖို့အတွက် အီတလီနိုင်ငံ မီလန်မြို့ကိုတောင် ရောက်ရှိနေပြီလို့ သတင်းမီဒီယာတွေမှာ ဖော်ပြလာခဲ့ပါတယ်။

အင်တာမီလန်အသင်းဟာ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းကပဲ သူတို့ရဲ့ လူငယ်ကွင်းလယ်ကစားသမား ပိုလီတာနိုနဲ့ ရိုးမားအသင်းရဲ့ ခံစစ်အစွန်လူ စပင်နာဇိုလာတို့ကို ကစားသမားအလဲအထပ် ပြုလုပ်ခဲ့သေးလို့ အက်ရှ်လေယန်းကို ခေါ်ယူဖို့က မသေချာတော့ဘူးဆိုပြီး သတင်းတွေ ထွက်လာခဲဲ့သေးပေမယ့် အင်တာနည်းပြကွန်တီကတော့ စီးရီးအေချန်ပီယံဆုကို လက်ရှိချန်ပီယံ ဂျုဗင်တပ်စ်လက်ထဲကနေ အရယူဖို့ ပြင်ဆင်ထားတာဖြစ်လို့ ယန်းလို ဝါရင့်ကစားသမားတစ်ဦးကို အရခေါ်ယူလိုက်ရတာပဲဖြစ်ပါတယ်။ အက်ရှ်လေယန်းဟာ အခုဆိုရင် သူရဲ့ယူနိုက်တက်အသင်းဖော်ဟောင်းတွေဖြစ်တဲ့ လူကာကူ ဆန်းချက်ဇ်တို့နဲ့ ပြန််လည်လက်တွဲရတော့မှာဖြစ်ပြီး ဒီတစ်ပတ်အတွင်းမှာပဲ အင်တာနဲ့အတူ ပွဲထွက်ကစားလာဖွယ်ရှိနေပါတယ်။