MySport Myanmar

FA Cup မှာ သားဖြစ်သူ ပါဝင်နေတဲ့ အသင်းနဲ့ ရင်ဆိုင်သွားရမယ့် အက်ရှ်လေယန်း

အဲဗာတန်အသင်းရဲ့ ဝါရင့် တောင်ပံကစားသမားကြီး အက်ရှ်လေယန်းကတော့ FA Cupပြိုင်ပွဲ တတိယအဆင့်မှာ သားဖြစ်သူ တေလာယန်း ပါဝင်ကစားနေတဲ့ လိဂ်ဝမ်းကလပ် ပီတာဘရော့အသင်းနဲ့ ထိပ်တိုက် တွေ့ဆုံနေတဲ့အပေါ် အံ့သြဝမ်းမြောက်လျက် ရှိနေပါတယ်။

အသက် (၃၉)နှစ်အရွယ် ရှိနေပြီဖြစ်တဲ့ အင်္ဂလန် လက်ရွေးစင်ဟောင်း full-back player တစ်ဦးဖြစ်တဲ့ အက်ရှ်လေယန်းဟာ ၂၀၁၅ခုနှစ်မှာပဲ နစ်ကီ ပိုက်ခ်ဆိုသူ အမျိုးသမီးနဲ့ မင်္ဂလာဆောင်ခဲ့ပြီး တေလောယန်းဆိုတဲ့ သားတစ်ဦးကိုလည်း မွေးဖွားခဲ့ပါတယ်။ အခုဆိုရင် အက်ရှ်လေယန်းရဲ့ သားတော်မောင် တေလာယန်းက အသက် (၁၈)နှစ်တောင် ရှိနေပြီဖြစ်ပြီး ပရော်ဖက်ရှင်နယ် ဘောလုံးသမားတစ်ဦးလည်း ဖြစ်နေပါတယ်။

Photo Credit : The US Sun

အာဆင်နယ် လူငယ်အကယ်ဒမီကနေ ပေါ်ထွက်လာခဲ့တဲ့ တေလာယန်းဟာ ကွင်းလယ်ကစားသမားတစ်ဦးဖြစ်ပြီး အခုနှစ် နွေရာသီမှာပဲ ပီတာဘရော့အသင်းဆီမှာ ခြေစွမ်းပိုင်းတွေ လာရောက် အစမ်းသပ်ခံရင်း တစ်နှစ်စာချုပ် ချုပ်ဆိုဖြစ်လိုက်ပါတယ်။

ဆယ်ကျော်သက် ကစားသမားလေး တေလာယန်းက လက်ရှိ ပီတာဘရော့အသင်းမှာ ပွဲကစားခွင့်တွေ မရရှိသေးပဲ EFL Trophy ပြိုင်ပွဲမှာသာ ကစားထားခဲ့ရပါတယ်။ ဒါပေမယ့် တေလာယန်းကတော့ FA Cup တတိယအဆင့်မှာ သူ့ဖခင် အက်ရှ်လေယန်းနဲ့ ရင်ဆိုင်သွားရတော့မှာပဲ ဖြစ်ပါတယ်။

Photo Credit : The Sun

အက်ရှ်လေယန်းက သူ့အသင်းဟောင်း မန်ချက်စတာ ယူနိုက်တက်နဲ့အတူ ၂၀၁၅-၂၀၁၆ ဘောလုံးရာသီမှာ အက်ဖ်အေဖလားကို ဆွတ်ခူးနိုင်ခဲ့ပြီး ကစားသမားဘဝတစ်လျှောက်မှာလည်း FA Cup ပွဲစဉ်ပေါင်းများစွာ ကစားခဲ့ဖူးသူ ဖြစ်သလို အခုဆိုရင်လည်း သူရဲ့ သားဖြစ်သူနဲ့ပါ ရင်ဆိုင် ယှဉ်ပြိုင်သွားရတော့မှာပဲ ဖြစ်ပါတယ်။

ဒီပွဲစဉ်မှာ တေလာယန်းက ပွဲကစားခွင့် အများအပြား သိပ်မရနိုင်ပေမယ့် ပီတာဘရော့ဘက်ကတော့ တေလောယန်းကို မိနစ်အနည်းငယ် အသုံးပြုလာနိုင်ပါတယ်။ သားတော်မောင် တေလာယန်းနဲ့ ရင်ဆိုင်ရတော့မယ့် အက်ရှ်လေယန်းက “ဝိုး အိမ်မက်တွေ တကယ်ဖြစ်လာပြီ။ ဒါက ကြက်သီးထစရာ အခိုက်အတန့်ပဲ။ YoungVsYoung တို့ တွေ့ကြပါပြီ။” လို့ သူရဲ့ တွစ်တာမှာ ရေးသား ဖော်ပြထားပါတယ်။

Exit mobile version