MySport Myanmar

ဘာစီလိုနာနဲ့ သတင်းထွက်နေပေမယ့် ရီးယဲလ်မှာပဲ ပျော်ရွှင်နေတယ်ဆိုတဲ့ အဆန်စီယို

MADRID, SPAIN - DECEMBER 12: Marco Asensio of Real Madrid looks on during the La Liga Santander match between Real Madrid CF and Club Atletico de Madrid at Estadio Santiago Bernabeu on December 12, 2021 in Madrid, Spain. (Photo by Mateo Villalba/Quality Sport Images/Getty Images)

လတ်တလောမှာ ဘာစီလိုနာအသင်းနဲ့ အပြောင်းအရွှေ့သတင်းတွေ ထွက်ပေါ်လျက် ရှိနေတဲ့ ရီးယဲလ်မက်ဒရစ် တောင်ပံကစားသမား မာကိုအဆန်စီယိုက အခုလို ထွက်ပေါ်နေတဲ့ သတင်းတွေက ကောလဟာလတွေသာဖြစ်ပြီး သူ့အနေနဲ့ ရီးယဲလ်အသင်းမှာပဲ အမြဲတမ်း ပျော်ရွှင်နေတယ်လို့ ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။

Photo Credit : Twitter

အသက်(၂၆)နှစ်အရွယ်ရှိ စပိန်လက်ရွေးစင် တိုက်စစ်ကစားသမား အဆန်စီယိုဟာ ဒီနှစ်ဘောလုံးရာသီအတွင်း ရီးယဲလ်အသင်းအတွက် စုစုပေါင်း (၄၇)မိနစ်လေးသာ ပါဝင်ထားခဲ့ရတာဖြစ်ပြီး လာလီဂါမှာလည်း ဆယ်လ်တာဗီဂိုနဲ့ပွဲမှာ (၇)မိနစ်နဲ့ အသက်လက်င်္တီကိုနဲ့ပွဲမှာ (၄)မိနစ် စုစုပေါင်း (၁၁)မိနစ်သာ ကစားခွင့်ရခဲ့ပါတယ်။ ဒါ့အပြင် အဆန်စီယိုဟာ ရီးယဲလ်နဲ့ စာချုပ်သက်တမ်းက လပိုင်းသာ ကျန်ရှိတော့တာဖြစ်လို့ သူနဲ့ ပတ်သတ်တဲ့ အပြောင်းအရွှေ့ ကောလဟာလတွေက ဆက်တိုက်ကို ထွက်ပေါ်နေခဲ့ရပြီး ပြီးခဲ့တဲ့ ရက်ပိုင်းကပဲ ရီးယဲလ်ရဲ့ ခါးသီးပြိုင်ဘက် ဘာစီလိုနာကပါ အဆန်စီယိုကို ခေါ်ယူချင်နေတယ်လို့ သတင်းတွေ ထွက်ပေါ်လာခဲ့ရပါသေးတယ်။

Photo Credit : Twitter

ဒီကိစ္စနဲ့ ပတ်သတ်ပြီး အဆန်စီယိုက “ဘာစီလိုနာက ကျွန်တော့်ကို လိုချင်နေတာလားဆိုတာတော့ ကျွန်တော် မသိပါဘူး။ ကလပ်အသင်း တော်တော်များများမှာ အခုလို ကောလဟာလသတင်းတွေ ထွက်ပေါ်တတ်တယ်ဆိုတာကလည်း ပုံမှန်ပါပဲ။ ကျွန်တော်ရဲ့ အနာဂတ်က ဘာစီလိုနာမှာ ရှိနေမယ်လို့လည်း ဘယ်တုန်းကမှ မတွေးမိပါဘူး။ အခုအချိန်မှာတော့ ဘာစီလိုနာမှာ ကျွန်တော် ကစားပေးဖို့ ဖြစ်နိုင် မဖြစ်နိုင်ဆိုတာကို မဖြေနိုင်ပါဘူး” လို့ ရှင်းလင်း ပြောဆိုသွားခဲ့သလို “ကျွန်တော် ဒီကနေ ထွက်ခွာဖို့ အခွင့်အရေးတွေ ရခဲ့တယ်။ အခု ရီးယဲလ်မက်ဒရစ်နဲ့ စာချုပ်သစ် ချုပ်ဆိုဖို့က အချက်များစွာ ရှိနေတာကြောင့် ကျွန်တော် တစ်ယောက်တည်းအပေါ်မှာ မူတည်မနေပါဘူး။ စာချုပ်သစ်ကိစ္စ ဖြစ်လာလိမ့်မယ်လို့ ကျွန်တော် မျှော်လင့်ပါတယ်။ ကျွန်တော် ဒီမှာပဲ အမြဲတမ်း ပျော်ရွှင်နေခဲ့တယ်။ ကောလဟာလတွေ ထွက်ပေါ်တာကတော့ ပုံမှန်ပါပဲ” လို့ပါ ထပ်လောင်း ပြောကြားသွားခဲံ့ပါတယ်။ အဆန်စီယိုဟာ ဒီရာသီအတွင်း ရီးယဲလ်အသင်းအတွက် လာလီဂါနဲ့ ချန်ပီယံလိဂ်ပြိုင်ပွဲတွေထဲ စုစုပေါင်း (၄၇)မိနစ်သာ ကစားထားခဲ့ရပေမယ့် လိုက်ပ်ဇစ်အသင်းနဲ့ ရင်ဆိုင်ခဲ့ရတဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာ သူရဲ့ ဒီရာသီ ပထမဆုံး သွင်းဂိုးကို စတင် သွင်းယူနိုင်ခဲ့သလို ဆွစ်ဇာလန် ပေါ်တူဂီအသင်းတို့နဲ့ ယှဉ်ပြိုင်ရမယ့် Nations League ပွဲစဉ်အတွက် စပိန်အသင်းရဲ့ လူစာရင်းမှာပါ ရွေးချယ်ခံထားရပါသေးတယ်။

Exit mobile version