အင်္ဂလန်လက်ရွေးစင် ဘောလုံးအသင်းကို ဘောလုံးပရိသတ် တော်တော်များများက နာမည်ပြောင်တစ်ခု ပေးထားကြတာ “နာမည်ကြီးထမင်းငတ်” ပါပဲ။ နာမည်ကြီး ကစားသမားတွေ အမြောက်အများ ပါဝင်နေသလောက် အလုပ်မဖြစ်ခဲ့တဲ့ အင်္ဂလန်ဟာ အခုလည်း (၅)ပွဲဆက် နိုင်ပွဲပျောက်ဆုံးမှုရဲ့ အကျိုးဆက်နဲ့ Nations League မှာပါ League (A)ကနေ (B)ကို တန်းဆင်းသွားခဲ့ရပါတယ်။

Image

Photo Credit : Twitter

အင်္ဂလန်က Nations League စတင် ကျင်းပခဲ့တဲ့ ၂၀၁၈-၂၀၁၉ရာသီမှာ ဆွစ်ဇာလန်ကို အနိုင်ယူပြီး တတိယနေရာအထိ ရယူနိုင်ခဲ့ပေမယ့်လည်း နောက်တစ်ရာသီမှာတော့ ဆီမီးဖိုင်နယ် (၄)သင်းထဲ မပါဝင်တော့သလို အခုဆိုရင်လည်း (၅)ပွဲဆက် နိုင်ပွဲမရှိ ရလဒ်နဲ့ League (B)ကိုပါ တန်းဆင်းခဲ့ရပါတယ်။ ပိုပြီး ရှက်စရာကောင်းတာကတော့ လက်ရှိ League(A) အသင်းတွေ အားလုံးထဲမှာမှ ပွဲစဉ်(၅)ထိ မကစားရသေးတဲ့ အသင်းတွေ အပါအဝင် သွင်းဂိုး အနည်းဆုံးသော အသင်းအဖြစ် နာမည်ကြီးထမင်းငတ် အင်္ဂလန်အသင်းက သွင်းဂိုးတစ်ဂိုးနဲ့ ရပ်တည်နေရပြီး ဒီဂိုးကိုတောင် ဟာရီကိန်းရဲ့ ပင်နယ်တီကနေ သွင်းယူခဲ့တာ ဖြစ်ပါတယ်။

Image

Photo Credit : Live Score

ပိုပြီးတော့ကို ရှက်စရာကောင်းတဲ့ မှတ်တမ်းဆိုးတစ်ခုကလည်း ၂၀၂၂-၂၀၂၃ရာသီ Nations League ပြိုင်ပွဲရဲ့ League အားလုံးထဲမှာ ပင်နယ်တီဂိုး မပါဝင်ပဲ ဂိုးမသွင်းနိုင်သေးတဲ့ အသင်း(၂)သင်းထဲမှာ League(D)ရဲ့ ရလဒ်အဆိုးဆုံးအသင်း ဆန်မာရီနိုနဲ့ အင်္ဂလန်တို့ ဖြစ်နေပါတယ်။ ဒီလို တိုက်စစ်အခြေအနေအရ တကယ်ကို ရုပ်ပျက်ဆင်းပျက် ဖြစ်နေရပြီး နည်းပြဆောက်ဂိတ်ရဲ့ နည်းစနစ်တွေဟာလည်း အလုပ်မဖြစ်တာ ပိုမို သိသာလာခဲ့ပါတယ်။ လက်ရှိမှာဆိုရင် အင်္ဂလန်တိုက်စစ်က open play ကနေ ဂိုးမရနိုင်ခဲ့တာဟာ မိနစ်(၅၀၀)လုနီးပါးအထိတောင် ရှိလာခဲ့ပြီဖြစ်လို့ ဒါက world cup ကြီး ကပ်လာချိန်မှာ အင်္ဂလန်အတွက် big issue တစ်ခု ဖြစ်လာခဲ့ရပါတယ်။ ဒီအချိန်မှာ Nations League နောက်ဆုံးပွဲစဉ်အဖြစ် ဝင်ဘာလေမှာ ဂျာမနီနဲ့ ရင်ဆိုင်ရမယ့် ပွဲစဉ်အတွင်း ရလဒ်ကောင်းတစ်ခု ဖော်ဆောင်ဖို့ရော တိုက်စစ်ကလည်း တစ်ခုခု လုပ်ပြနိုင်ဖို့ပါ လိုအပ်နေပါတယ်။ ဒီပွဲ ရလဒ်ကောင်းနိုင်မှ နိုဝင်ဘာလမှ စတင် ဆင်နွဲရမယ့် world cup အတွက် ယုံကြည်မှု တစ်စုံတစ်ရာ ရှိနေနိုင်မှာဖြစ်သလို ဒီ world cup မှာပါ နာမည်ကြီးထမင်းငတ် ထပ်မဖြစ်ရဖ်ို့အတွက် သေချာ ပြင်ဆင်ရတော့မှာ ဖြစ်ပါတယ်။