အာဆင္နယ္ နည္းျပ အာတီတာကေတာ့ မေန႔ညက ကစားသြားခဲ့တဲ့ အက္ဖ္ေအဖလား ပဲြစဥ္မွွာ ဘုန္းေမာက္အသင္းကုိ အႏုိင္ရခဲ့တာအတြက္ အလြန္ စိတ္ေက်နပ္တယ္လုိ႔ ပဲြၿပီးမွာ ေျပာခဲ့တာ ျဖစ္ပါတယ္။ အာဆင္နယ္အသင္းဟာ မေန႔ညက ပဲြစဥ္မွာေတာ့ ပဲြစပဲြခ်ိန္ (၅) မိနစ္က ဆာခါရဲ႕ သြင္းဂုိး ႏွင့္ ပဲြခ်ိန္ (၂၆) မိနစ္က အန္ကီတာယာတုိ႔ရဲ႕ သြင္းဂုိးေၾကာင့္ ဘုန္းေမာက္ အသင္းကုိ (၁-၂) ရလဒ္နဲ႔ အႏုိင္ရၿပီး အက္ဖ္ေအဖလား ပဥၥမအဆင့္ကုိ တက္လွမ္းသြားခဲ့တာ ျဖစ္ပါတယ္။

Photo Credit: BBC

အာဆင္နယ္အသင္းဟာ ဘုန္းေမာက္အသင္းကုိ အႏုိင္ရခဲ့တဲ့ ပဲြစဥ္ မတုိင္ခင္ ေနာက္ဆုံး ကစားခဲ့တဲ့ ပဲြစဥ္ (၃) ပဲြစလုံးကုိ အႏုိင္မရႏုိင္ခဲ့ဘဲ သေရသာ က်ခဲ့ၿပီး ဘုန္းေမာက္အသင္းကုိေတာ့ (၂) ဂုိးသြင္းဂုိး အႏုိင္ယူခဲ့ပါတယ္။ အာဆင္နယ္ နည္းျပ အာတီတာဟာ မေန႔ညက ပဲြစဥ္မွာ လူငယ္ ကစားသမားေတြကုိ အဓိက အသုံးျပဳလာခဲ့ၿပီး သူက လူငယ္ ကစားသမားေတြက ေကာင္းမြန္စြာ ကစားခဲ့ၾကတယ္လုိ႔ ပဲြၿပီး သတင္းစာ ရွင္းလင္းပဲြမွာ အခုိင္အမာ ခ်ီးက်ဴးသြားခဲ့တာ ျဖစ္ပါတယ္။

Photo Credit: BBC

နည္းျပ အာတီတာက “ကြ်န္ေတာ္ အရမ္း စိတ္ေက်နပ္ပါတယ္။ ဒီပဲြက ခက္ခဲတဲ့ ပဲြ ျဖစ္မယ္လုိ႔ ကြ်န္ေတာ္ သိခဲ့ပါတယ္။ ကြ်န္ေတာ္တုိ႔ လူငယ္ကစားသမားေတြနဲ႔ ေကာင္းစြာ ကစားခဲ့ပါတယ္။ ကြ်န္ေတာ္ တုံ႔ျပန္မႈကုိ ျမင္ခ်င္ခဲ့ပါတယ္။ ကြ်န္ေတာ္ အရမ္းကုိ စိတ္ေက်နပ္ပါတယ္။ ဘာလုိ႔လဲ ဆုိေတာ့ ကြ်န္ေတာ္ တကယ္ ႏွစ္သက္တဲ့ အရာေတြကုိ အမ်ားႀကီး ျမင္ခဲ့ရလုိ႔ပါ။ ပထမပုိင္းမွာ ကြ်န္ေတာ္တုိ႔ တကယ္ ေကာင္းခဲ့တယ္။ အစီအစဥ္အတုိင္း ကစားခဲ့ပါတယ္”လုိ႔ ေျပာခဲ့ပါတယ္။

(Unicode)

အာဆင်နယ် နည်းပြ အာတီတာကတော့ မနေ့ညက ကစားသွားခဲ့တဲ့ အက်ဖ်အေဖလား ပွဲစဉ်မှာ ဘုန်းမောက်အသင်းကို အနိုင်ရခဲ့တာအတွက် အလွန် စိတ်ကျေနပ်တယ်လို့ ပွဲပြီးမှာ ပြောခဲ့တာ ဖြစ်ပါတယ်။ အာဆင်နယ်အသင်းဟာ မနေ့ညက ပွဲစဉ်မှာတော့ ပွဲစပွဲချိန် (၅) မိနစ်က ဆာခါရဲ့ သွင်းဂိုး နှင့် ပွဲချိန် (၂၆) မိနစ်က အန်ကီတာယာတို့ရဲ့ သွင်းဂိုးကြောင့် ဘုန်းမောက် အသင်းကို (၁-၂) ရလဒ်နဲ့ အနိုင်ရပြီး အက်ဖ်အေဖလား ပဉ္စမအဆင့်ကို တက်လှမ်းသွားခဲ့တာ ဖြစ်ပါတယ်။

Photo Credit: BBC

အာဆင်နယ်အသင်းဟာ ဘုန်းမောက်အသင်းကို အနိုင်ရခဲ့တဲ့ ပွဲစဉ် မတိုင်ခင် နောက်ဆုံး ကစားခဲ့တဲ့ ပွဲစဉ် (၃) ပွဲစလုံးကို အနိုင်မရနိုင်ခဲ့ဘဲ သရေသာ ကျခဲ့ပြီး ဘုန်းမောက်အသင်းကိုတော့ (၂) ဂိုးသွင်းဂိုး အနိုင်ယူခဲ့ပါတယ်။ အာဆင်နယ် နည်းပြ အာတီတာဟာ မနေ့ညက ပွဲစဉ်မှာ လူငယ် ကစားသမားတွေကို အဓိက အသုံးပြုလာခဲ့ပြီး သူက လူငယ် ကစားသမားတွေက ကောင်းမွန်စွာ ကစားခဲ့ကြတယ်လို့ ပွဲပြီး သတင်းစာ ရှင်းလင်းပွဲမှာ အခိုင်အမာ ချီးကျူးသွားခဲ့တာ ဖြစ်ပါတယ်။

Photo Credit: BBC

နည်းပြ အာတီတာက “ကျွန်တော် အရမ်း စိတ်ကျေနပ်ပါတယ်။ ဒီပွဲက ခက်ခဲတဲ့ ပွဲ ဖြစ်မယ်လို့ ကျွန်တော် သိခဲ့ပါတယ်။ ကျွန်တော်တို့ လူငယ်ကစားသမားတွေနဲ့ ကောင်းစွာ ကစားခဲ့ပါတယ်။ ကျွန်တော် တုံ့ပြန်မှုကို မြင်ချင်ခဲ့ပါတယ်။ ကျွန်တော် အရမ်းကို စိတ်ကျေနပ်ပါတယ်။ ဘာလို့လဲ ဆိုတော့ ကျွန်တော် တကယ် နှစ်သက်တဲ့ အရာတွေကို အများကြီး မြင်ခဲ့ရလို့ပါ။ ပထမပိုင်းမှာ ကျွန်တော်တို့ တကယ် ကောင်းခဲ့တယ်။ အစီအစဉ်အတိုင်း ကစားခဲ့ပါတယ်”လို့ ပြောခဲ့ပါတယ်။