အာဆင္နယ္ နည္းျပ အာတီတာကေတာ့ မေန႔ညက ခ်ဲလ္ဆီးအသင္းနဲ႔ ကစားသြားခဲ့တဲ့ ပြဲစဥ္မွာ ကစားသမားေတြကို ေတာင္းဆိုခဲ့တာ ဆိုလို႔ အရႈံးမေပးၾကဖို႔ပဲ ျဖစ္တယ္လို႔ ေျပာသြားခဲ့ပါတယ္။ အာဆင္နယ္အသင္းဟာ မေန႔ညက ခ်ဲလ္ဆီးအသင္းနဲ႔ (၂-၂) သေရက်ခဲ့တဲ့ ပြဲစဥ္မွာ ေနာက္ခံကစားသမား ေဒးဗစ္ လူးဝစ္ အနီကဒ္နဲ႔ အထုတ္ခံခဲ့ရတာေၾကာင့္ (၁) ဦးေလွ်ာ့သြားခဲ့ပါတယ္။

Photo Credit: DailyMail

ေနာက္ခံလူ ေဒးဗစ္ လူးဝစ္ဟာ ခ်ဲလ္ဆီး တိုက္စစ္မႉး ေအဘရာဟင္ကို ကပ္ကစားတဲ့ အခ်ိန္မွာ ကစားပုံ ၾကမ္းတမ္းခဲ့တာေၾကာင့္ ပြဲခ်ိန္ (၂၆) မိနစ္မွာ တိုက္႐ိုက္ အနီကဒ္နဲ႔ အျပခံခဲ့ရပါတယ္။ အာဆင္နယ္အသင္းဟာ ပြဲခ်ိန္ (၂၆) မိနစ္ကေန ပြဲၿပီးတဲ့ အထိ (၁) ဦးေလွ်ာ့နဲ႔ ကစားေနခဲ့ေပမဲ့ သေရက်ခဲ့ၿပီး နည္းျပ အာတီတာကေတာ့ ကစားသမားေတြကို ဂုဏ္ယူတယ္လို႔ ေျပာခဲ့ပါတယ္။

Photo Credit: DailyMail

နည္းျပ အာတီတာက “အခ်ိန္က ေျပာျပမွာေပါ့။ ဒါေပမဲ့ အနည္းဆုံးေတာ့ ကြၽန္ေတ္ာ တုံ႔ျပန္မႈကို ျမင္ရတယ္။ ကစားသမားေတြကို ေတာင္းဆိုခဲ့တာဆိုလို႔ အရႈံးမေပးၾကဖို႔ နဲ႔ အရႈံးမေပးတဲ့ စိတ္နဲ႔ ကစားၾကဖို႔ပါပဲ။ အသင္းေဖာ္ တစ္ဦးက အမွားျပဳလုပ္တဲ့ အခ်ိန္မွာ သူတို႔ရဲ႕ တုံ႔ျပန္မႈ နဲ႔ သူတို႔ရဲ႕ စုစည္းမႈကို ကြၽန္ေတာ္ ဂုဏ္ယူပါတယ္။ ဒါက သူတို႔အားလုံး လုပ္ခဲ့ၾကတာပါ”လို႔ ေျပာခဲ့ပါတယ္။

Photo Credit: DailyMail

အာဆင္နယ္အသင္းဟာ ေဂ်ာ္ဂ်င္ဟိုရဲ႕ ပင္နယ္တီ သြင္းဂိုးကို ခြင့္ျပဳခဲ့တာေၾကာင့္ ပထမပိုင္းမွာ (၁-ဝ) နဲ႔ ဦးေဆာင္ခံခဲ့ရၿပီး ဒုတိယပိုင္းမွာ မာတင္နယ္လ္လီက ေခ်ပဂိုး ျပန္သြင္းခဲ့တာေၾကာင့္ (၁-၁) သေရက်သြားခဲ့ၿပီး၊ ခ်ဲလ္ဆီး ေနာက္ခံလူ အက္ပလီက်ဴတာရဲ႕ သြင္းဂိုးကို အာဆင္နယ္ ေနာက္ခံလူ ဘယ္လာရင္က ေခ်ပဂိုးကို ျပန္သြင္းခဲ့တာေၾကာင့္ (၂-၂) သေရက်ၿပီးဆဳံးခဲ့ပါတယ္။

{Unicode}

အာဆင်နယ် နည်းပြ အာတီတာကတော့ မနေ့ညက ချဲလ်ဆီးအသင်းနဲ့ ကစားသွားခဲ့တဲ့ ပွဲစဉ်မှာ ကစားသမားတွေကို တောင်းဆိုခဲ့တာ ဆိုလို့ အရှုံးမပေးကြဖို့ပဲ ဖြစ်တယ်လို့ ပြောသွားခဲ့ပါတယ်။ အာဆင်နယ်အသင်းဟာ မနေ့ညက ချဲလ်ဆီးအသင်းနဲ့ (၂-၂) သရေကျခဲ့တဲ့ ပွဲစဉ်မှာ နောက်ခံကစားသမား ဒေးဗစ် လူးဝစ် အနီကဒ်နဲ့ အထုတ်ခံခဲ့ရတာကြောင့် (၁) ဦးလျှော့သွားခဲ့ပါတယ်။

Photo Credit: DailyMail

နောက်ခံလူ ဒေးဗစ် လူးဝစ်ဟာ ချဲလ်ဆီး တိုက်စစ်မှူး အေဘရာဟင်ကို ကပ်ကစားတဲ့ အချိန်မှာ ကစားပုံ ကြမ်းတမ်းခဲ့တာကြောင့် ပွဲချိန် (၂၆) မိနစ်မှာ တိုက်ရိုက် အနီကဒ်နဲ့ အပြခံခဲ့ရပါတယ်။ အာဆင်နယ်အသင်းဟာ ပွဲချိန် (၂၆) မိနစ်ကနေ ပွဲပြီးတဲ့ အထိ (၁) ဦးလျှော့နဲ့ ကစားနေခဲ့ပေမဲ့ သရေကျခဲ့ပြီး နည်းပြ အာတီတာကတော့ ကစားသမားတွေကို ဂုဏ်ယူတယ်လို့ ပြောခဲ့ပါတယ်။

Photo Credit: DailyMail

နည်းပြ အာတီတာက “အချိန်က ပြောပြမှာပေါ့။ ဒါပေမဲ့ အနည်းဆုံးတော့ ကျွန်တေ်ာ တုံ့ပြန်မှုကို မြင်ရတယ်။ ကစားသမားတွေကို တောင်းဆိုခဲ့တာဆိုလို့ အရှုံးမပေးကြဖို့ နဲ့ အရှုံးမပေးတဲ့ စိတ်နဲ့ ကစားကြဖို့ပါပဲ။ အသင်းဖော် တစ်ဦးက အမှားပြုလုပ်တဲ့ အချိန်မှာ သူတို့ရဲ့ တုံ့ပြန်မှု နဲ့ သူတို့ရဲ့ စုစည်းမှုကို ကျွန်တော် ဂုဏ်ယူပါတယ်။ ဒါက သူတို့အားလုံး လုပ်ခဲ့ကြတာပါ”လို့ ပြောခဲ့ပါတယ်။

Photo Credit: DailyMail

အာဆင်နယ်အသင်းဟာ ဂျော်ဂျင်ဟိုရဲ့ ပင်နယ်တီ သွင်းဂိုးကို ခွင့်ပြုခဲ့တာကြောင့် ပထမပိုင်းမှာ (၁-ဝ) နဲ့ ဦးဆောင်ခံခဲ့ရပြီး ဒုတိယပိုင်းမှာ မာတင်နယ်လ်လီက ချေပဂိုး ပြန်သွင်းခဲ့တာကြောင့် (၁-၁) သရေကျသွားခဲ့ပြီး၊ ချဲလ်ဆီး နောက်ခံလူ အက်ပလီကျူတာရဲ့ သွင်းဂိုးကို အာဆင်နယ် နောက်ခံလူ ဘယ်လာရင်က ချေပဂိုးကို ပြန်သွင်းခဲ့တာကြောင့် (၂-၂) သရေကျပြီးဆုံးခဲ့ပါတယ်။