အာဆင်နယ် အသင်းကတော့ မနေ့ညက လက်စတာ အသင်းကို အိမ်ကွင်းမှာ လက်ခံ ကစားခဲ့ပြီးတော့ ၁ ဂိုး ဂိုးမရှိနဲ့ ရှုံးနိမ့်ခဲ့ရပါတယ်။ အဆိုပါ ရှုံးပွဲကြောင့် အာဆင်နယ် အသင်းအနေနဲ့ ၆ ပွဲ ကစားအပြီး ၃ပွဲနိုင် ၃ပွဲရှုံး ရလဒ်နဲ့ ရမှတ် ၉ မှတ်သာ ရှာဖွေထားနိုင်ခဲ့တာ ဖြစ်ပါတယ်။ အာဆင်နယ် နည်းပြ အာတီတာ ကတော့ အဆိုပါပွဲက တိုက်စစ်မှူး လာကာဇက် ရဲ့ သွင်းဂိုးကို စည်းကြပ် ဒိုင်က ခွင့်မပြုပေးခဲ့တာ နဲ့ ပတ်သက်ပြီးတော့ မေးခွန်း ထုတ်သွားခဲ့ပါတယ်။ လာကာဇက်ဟာ ပွဲကစားချိန် ၃ မိနစ် အကျော်လောက်မှာ ဦးဆောင်ဂိုး စတင် သွင်းခဲ့ပါတယ်။ ဒါပေမယ့်လည်း အသင်းဖော်တွေ ဖြစ်ကြတဲ့ ရှာခါ နဲ့ အူဘာမီယန် တို့က လူကျွံ အနေအထားမှာ ရောက်ရှိနေခဲ့တာ ကြောင့် စည်းကြပ်ဒိုင်က သွင်းဂိုးအဖြစ် ခွင့်မပြုပေးခဲ့ပါဘူး။

Photo Credit: Opers News

အာဆင်နယ် အသင်းရဲ့ ပြင်သစ် တိုက်စစ်မှူး လာကာဇက် ကတော့ ပထမ ပိုင်းမှာလည်း အခွင့် အရေးကြီးကြီးမားမား တစ်ကြိမ်ကို ထပ်မံ ဆုံးရှုံး ခဲ့ရပါသေးတယ်။ လက်စတာ အနေနဲ့ ဒုတိယ ပိုင်းမှာ ဂျင်မီ ဗာဒီ ကို ထည့်သွင်း ကစားခဲ့ပြီးတော့ ဦးဆောင် ဂိုးကို မိနစ် ၈၀ လောက်မှာ ရရှိခဲ့ပါတယ်။ အာဆင်နယ်တို့ အသေအလဲ လိုက်လံ ကစားခဲ့ပေမယ့် သွင်းဂိုးတော့ ပြန်ရခဲ့ခြင်း မရှိခဲ့ပါဘူး။ အာဆင်နယ် နည်းပြ အာတီတာကတော့ လာကာဇက်ရဲ့ သွင်းဂိုးကို ခွင့်မပြုပေးခဲ့တာ နဲ့ ပတ်သက်ပြီးတော့ မကျေမနပ် ဖြစ်ခဲ့ပေမယ့်လည်း ပွဲအပြီးမှာ အာဆင်နယ် အသင်းရဲ့ လိုအပ်ချက်တွေကို လက်ခံသွားခဲ့ပါတယ်။

Photo Credit: Opers News

“ ဘောလုံးပွဲတွေကတော့ သူ ဖြစ်ချင်သလို ဖြစ်တာပါပဲ။ ကျွန်တော်တို့ အနေနဲ့ ပထမ ပိုင်းမှာ သူတို့ ဘာမှ မလုပ်နိုင်အောင် အပြည့်အဝ ထိန်းနိုင်ခဲ့တယ် လို့ ကျွန်တော် ခံစားရပါတယ်။ ကျွန်တော်တို့ အခွင့် အရေး အနည်းငယ် ဖန်တီး နိုင်ခဲ့ပါတယ်။ ပြီးတော့ သွင်းဂိုးလည်း သွင်းနိုင်ခဲ့တယ်။ အဲ့ဒီဂိုးကို ဘာလို့ ခွင့်မပြုလဲဆိုတာ ကျွန်တော် မသိတော့ဘူး။ သူတို့က ကျွန်တော် တို့ အမှားကို စောင့်ပြီးတော့ ဒုတိယပိုင်းမှာ ပိုပြီးတော့ ခံစစ် ပိတ်ကစားတယ်။ ကျွန်တော်တို့ တစ်ချက် မှားသွားတာနဲ့ သူတို့ ဂိုးသွင်းသွားတော့တာပဲ။ ရှာခါက ရှမိုက်ကယ် ရဲ့ နောက်မှာ ရောက်နေတာပါ။ ဒါကြောင့် သူနဲ့ ဘာမှ မဆိုင်ပါဘူး။ ဆုံးဖြတ်ချက် ချခဲ့ပြီးပါပြီ။ ကျွန်တော်တို့ အခုမှတော့ ဘာမှ လုပ်လို့ မရနိုင်တော့ပါဘူး ”

Photo Credit: Opers News

အာတီတာ အနေနဲ့ ဂျင်မီ ဗာဒီ သွင်းဂိုး မသွင်းမီ နောက်တန်း က အချိန်မီ ဂိုးရှေ့မှာ ဖြတ်ထုတ် နိုင်ခဲ့ခြင်း မရှိတာနဲ့ ပတ်သက်ပြီးတော့ အလွန်ကိုပဲ စိတ်ပျက်သွားခဲ့ပုံ ရပါတယ်… ” သူတို့ အသင်းက မန်ချက်စတာ စီးတီး နဲ့ ဆင်တူတယ်။ သူတို့ လုပ်နိုင်ခဲ့တာ နဲ့ ပတ်သက်ပြီးတော့ ကျွန်တော် ချီးကျူးပါတယ်။ ကျွန်တော့် အသင်းသားတွေ နဲ့ ပတ်သက်ပြီးတော့ တော့ စိတ်မကောင်းပါဘူး။ ကျွန်တော်တို့ အသင်းမှာ မတူညီတဲ့ ကစားသမားတွေ အများကြီး ရှိပါတယ်။ ဒါကြောင့် ဟာကွက်တော့ ရှိနိုင်ပါတယ်။ ကျွန်တော် ကောင်းကောင်း စီမံနိုင်ရင် ဒါက တစ်ခါတစ်ရံမှာတော့ အလုပ်ဖြစ်ပါတယ် ”

Photo Credit: Opers News

လက်စတာ အသင်း နည်းပြ ရော်ဂျာ် ကတော့ ဗာဒီ နဲ့ ပတ်သက်ပြီး အခုလိုပဲ ပြောကြားသွားခဲ့ပါတယ်… “ သူ ပွဲတိုင်း ဂိုးသွင်းချင်နေပုံ ရတယ်။ သူ‌ နောက်တစ်လုံး မသွင်းနိုင်ခဲ့တာကို စိတ်ပျက်နေတယ် ထင်တယ်။ သူက ကမ္ဘာ့ အဆင့်မှီ တိုက်စစ်မှူး တစ်ဦး ဖြစ်ပြီးတော့ ကစားပွဲကို ပြောင်းလဲ ပေးနိုင်တဲ့ ကောင်လေး တစ်ဦးပါ။ သူ့မှာ မယုံနိုင်စရာ ကောင်းလှတဲ့ စွမ်းရည်‌တွေ ရှိပါတယ်။ ကျွန်တော်တို့ အတွက် ကတော့ ဒီနှစ် ပြက္ခဒိန်ရဲ့ ပထမဆုံး အနိုင်ရတဲ့ အသင်းဖြစ်မယ်ဆိုတာကို သက်သေပြဖို့ အတွက် အာတီတာနဲ့ ပွဲမှာ သက်သေပြခဲ့ပါပြီ။ ဒါက ကောင်းတဲ့ နိုင်ပွဲ တစ်ပွဲပါပဲ။ အသင်းကို အားပေးတဲ့ ပရိသတ်တွေ ဒီမှာ ရှိမနေနိုင်တာ ကတော့ ဝမ်းနည်း စရာပါပဲ။ အခုဆိုရင် ခြောက်ပွဲ ကစားပြီး လေးပွဲနိုင်ခဲ့ပြီ။ အသင်းက အကောင်းဆုံးပုံစံနဲ့ ရှေ့ဆက်နေပါတယ် ”