ဒီတစ်ပတ် ပရီးမီးယားလိဂ် ရဲ့ အကြိတ်အနယ်အရှိဆုံး နဲ့ ပရိသတ်စိတ်ဝင်စားမှု အမြင့်ဆုံး ပွဲစဉ်တစ်ပွဲဖြစ်တဲ့ အာဆင်နယ် အသင်း နဲ့ မန်ချက်စတာယူနိုက်တက် အသင်းတို့ရဲ့ ပွဲစဉ်ကို အမ်းမရိတ်ကွင်းထဲမှာ ယှဉ်ပြိုင် ကစားခဲ့ကြပြီးတော့ နှစ်ဖက်စလုံး သွင်းဂိုးတွေ မရယူနိုင်ခဲ့ပဲ ဂိုးမရှိ သရေရလဒ် နဲ့ ပြီးဆုံးခဲ့ရပါတယ်။ အာဆင်နယ် အသင်းရဲ့ ကစားသမားဟောင်းလည်းဖြစ်၊ နည်းပြလည်း ဖြစ်တဲ့ မိုက်ကယ် အာတီတာ ကတော့ အဆိုပါ ပွဲစဉ်မှာ မန်ချက်စတာ ယူနိုက်တက် အသင်းကို သွင်းဂိုး ခွင့်မပြုပေးခဲ့ရတာ နဲ့ ပတ်သက်ပြီး အသင်းရဲ့ အဓိက ခံစစ် ကစားသမားဖြစ်သူ ဒေးဗစ်လူးဝစ်ကို ပွဲအပြီး အင်တာဗျုးမှာ ချီးကျုးလိုက်ပါတယ်။

 

 

Photo Credit: Express

အာဆင်နယ် နည်းပြ အာတီတာ အနေနဲ့ ထိုနေ့ပွဲစဉ်က အာဆင်နယ် အသင်းသားတွေ ပြသခဲ့တဲ့ ရန်ပွဲနဲ့ ပတ်သက်ပြီး ဝမ်းသာပီတိ ဖြစ်ပေါ်နေ ကြောင်းကို အခုလိုပဲ ဖွင့်ဆိုခဲ့ပါတယ်။ “ ဟုတ်ပါတယ် ကျွန်တော် ကျေနပ်မိပါတယ် ဘာလို့လဲဆိုရင် ခင်ဗျား အနေနဲ့ ခင်ဗျား ရဲ့ ဂိုးဧရိယာ ကို ကာကွယ်ဖို့ လိုအပ်နေပြီဆိုရင် ခင်ဗျားရဲ့ ကိုယ်လုံးကို စည်းပေါ်မှာ ထားဖို့ လိုပါလိမ့်မယ်၊ ခင်ဗျား အနေနဲ့ ပြိုင်ဘက် အသင်းရဲ့ ဂိုးဧရိယာ ကို ထိုးဖောက်ဖို့ဆိုရင် ရက်စက်ဖို့ လိုလိမ့်မယ်၊ ပြီးရင် ခင်ဗျား အနေနဲ့ ပိုပြီးတော့တောင် ရန်လိုနေဖို့ လိုပါမယ် ဘာလို့လဲဆိုရင် အဲ့ဒီလို ပြုမူတာက ရလဒ်အပေါ်မှာ အများကြီး သက်ရောက်စေနိုင်လို့ပါ။ ကျွန်တော် အသင်းသားတွေကို ညွှန်ကြားထားတဲ့ အတိုင်းပဲ လူတိုင်းကလည်း အဲ့ဒီလို အခြေအနေတွေကို သူတို့ရဲ့ အသက်နဲ့သမျှ ကာကွယ်နေကြတယ်လို့ ကျွန်တော် ထင်ပါတယ် ”

Photo Credit: Express

“ အဲ့ဒီလိုမျိုး ဖြစ်လာပြီဆိုရင်တော့၊ သေချာပေါက် ခင်ဗျား ကို အလဲထိုးဖို့က အတော်လေး ခက်ခဲလာပါလိမ့်မယ်။ ကျွန်တော် တို့ ဒီနေ့ ရခဲ့သလိုမျိုးပဲ ခင်ဗျားလည်း clean sheets တွေ အများကြီး ရလာပါလိမ့်မယ်။ အသင်းက အတော်လေးကောင်းတဲ့ အခိုက်အတန့်မှာ ရောက်နေပြီလို့ ကျွန်တော် ထင်ပါတယ်၊ ပြီးတော့ ကျွန်တော်တို့ အားလုံးက မှန်ကန်တဲ့ ဦးတည်ချက်အတိုင်း ရွေ့လျား နေပြီလို့ ကျွန်တော် ထင်ပါတယ်။ အသင်းမှာရှိတဲ့ ကစားသမားတိုင်းက အသင်းကို ကူညီဖို့ စိတ်အားထက်သန်နေကြပြီးတော့ ကျွန်တော်တို့မှာ ရှိကြတဲ့ အစီအစဉ်တွေကို ကူညီချင်နေကြပါတယ်၊ ပြီးတော့ သူတို့ကို ကြည့်ရတာ စိတ်လှုပ်ရှားနေပုံပါပဲ၊ ဒါကြောင့်မို့ ဒီလို အခြေအနေမျိုး ရောက်လာပြီဆိုတော့ ကျွန်တော့် အနေနဲ့ သူတို့ကို တစ်လက်မချင်း တွန်းပို့ပြီးတော့ ကျွန်တော်တို့ အားလုံး ရာသီကုန်ရင် အတော်လေး ကောင်းမွန်တဲ့ အနေအထားတစ်ရပ်နဲ့ အဆုံးသတ်နိုင်တယ်ဆိုတာ သူတို့ကို ယုံကြည်အောင် လုပ်ရပါမယ် ” လို့ပြောဆိုခဲ့ပါတယ်။