ဒီတစ်ပတ် ပရီးမီးယားလိဂ် ရဲ့ စိတ်ဝင်စားဖို့ အကောင်းဆုံး ပွဲစဉ်တစ်ပွဲ ဖြစ်တဲ့ အာဆင်နယ် အသင်းနဲ့ မန်ချက်စတာယူနိုက်တက် တို့ ယှဉ်ပြိုင် ကစားခဲ့ကြတဲ့ ပွဲစဉ်မှာတော့ အာဆင်နယ် အသင်းက တိုက်စစ်မှူး အူဘာမီယန် ရဲ့ တစ်လုံးတည်းသော ဂိုးနဲ့ ၁ ဂိုး ဂိုးမရှိ ‌ဆိုတဲ့ ရလဒ်နဲ့ အဝေးကွင်းမှာ အနိုင်ရရှိခဲ့ပါတယ်။ ပွဲကစားချိန် ပထမပိုင်းမှာတော့ ဘယ်အသင်းကမှ ဂိုးသွင်းယူနိုင်ခဲ့ခြင်း မရှိပေမယ့် ဒုတိယပိုင်း အရောက်မှာတော့ ပေါ့ပ်ဘာ အနေနဲ့ ဟက်တာ ဘယ်လာရင် အပေါ် ဂိုးဧရိယာထဲမှာ ပြစ်ဒဏ်ကျုးလွန်ခဲ့တာကြောင့် အာဆင်နယ် အသင်းက ပင်နယ်တီ ရရှိခဲ့ပြီး ထို ပင်နယ်တီကို အူဘာမီယန်က ကန်သွင်းခဲ့တာ ဖြစ်ပါတယ်။

Photo Credit: Metro

အာဆင်နယ် နည်းပြ အာတီတာ ကတော့ အာဆင်နယ် ကစားသမားတွေ အနေနဲ့ ၂၀၀၆ ခုနှစ် နောက်ပိုင်း အိုးထက်ဖို့ဒ်မှာ ပရီးမီးယားလိဂ် နိုင်ပွဲ ရဖို့ အတွက် မန်ယူအသင်းထက် တော်တော်လေး ပိုပြီး ကြိုးစားပြင်ဆင်ခဲ့ကြောင်း ပြောဆိုခဲ့ပါတယ်။ အာတီတာ ဟာ အာဆင်နယ် အသင်း သမိုင်းတစ်လျှောက် ယူနိုက်တက် အသင်းကို အိမ်ကွင်းမှာရော အဝေးကွင်းမှာပါ အနိုင်ရတဲ့ ဒုတိယမြောက် နည်းပြ လည်း ဖြစ်လာခဲ့ပါတယ်။ ပထမ နည်းပြကတော့ ၁၉၂၅-၂၆ ရာသီက ကိုင်တွယ်ခဲ့တဲ့ နည်းပြ ဟာဘတ် ချက်ပ်မန်း ဖြစ်ပါတယ်။ အာတီတာ ဟာ ပွဲအပြီးမှာ သူတို့ အသင်း အနေနဲ့ အနိုင်ရလဒ်နဲ့ ထိုက်တန်ကြောင်းကို အခုလိုပဲ ပြောဆိုသွားခဲ့ပါတယ်။

Photo Credit: Metro

“ ကျွန်တော် အတော်လေး ဝမ်းသာပါတယ်။ ဘာလို့လဲဆိုရင် ကျွန်တော်တို့ သတ္တိတွေ အများကြီး၊ ကိုယ်ရည်ကိုယ်သွေး တွေ အများကြီးနဲ့ ကစားခဲ့တယ်။ ကစားသမား တစ်ဦးချင်းစီက တစ်ဦးချင်းမှာ အနိုင်ရနေမှ နိုင်ပွဲတစ်ပွဲကို ပုံဖော်နိုင်မှာ ဖြစ်ပါတယ်။ ဒီနေ့မှာ ကစားခဲ့တဲ့ ကစားသမားတိုင်းရဲ့ ခြေစွမ်းကတော့ တကယ့်ထိပ်တန်းတွေ ပါပဲ။ ကျွန်တော်တို့ ပထမပိုင်းမှာ အခွင့်အရေး နှစ်ကြိမ်တောင် ရခဲ့ပါတယ်။ ဒုတိယပိုင်း အရောက် ဂိုးသွင်းအပြီးမှာ ကျွန်တော် တို့ အနေနဲ့ ဒီရလဒ်ကို ထိန်းထားခဲ့ရပါတယ်။ တော်တော်လေးတော့ ဖိအား များခဲ့ပါတယ်။ ဒီပွဲက တစ်ခြား ပွဲတွေနဲ့ မတူပါဘူး ” ဆိုပြီး ပြောခဲ့ပါတယ်။