မနေ့ညက ပရီးမီးယားလိဂ် ပွဲစဉ် ၁၇ အဖြစ် အာဆင်နယ် အသင်း နဲ့ ဝက်စ်ဘရွန်း အသင်း တို့ ယှဉ်ပြိုင် ကစားခဲ့ကြပြီး အာဆင်နယ် အသင်းက ဝက်စဘရွန်း အသင်းကို အဝေးကွင်းမှာ ၄ ဂိုး ဂိုးမရှိဆိုတဲ့ ပြတ်သားတဲ့ ရလဒ်တစ်ခုနဲ့ အနိုင်ရရှိခဲ့ပါတယ်။ အဆိုပါ နိုင်ပွဲကြောင့် နည်းပြ အာတီတာ ရဲ့ အာဆင်နယ် အသင်းဟာ သုံးပွဲဆက် အနိုင်ရရှိသွားခဲ့ပြီးတော့ နောက်ဆုံး ကစားထားတဲ့ ၈ ရက် အတွင်းမှာ ရမှတ် ၉ မှတ် ရယူနိုင်ခဲ့ပါတယ်။ ဒါ့အပြင် အမှတ်ပေးဇယားရဲ့ အဆင့် ၁၁ ‌နေရာအထိကိုလည်း တက်လှမ်းနိုင်ခဲ့ပြီးတော့ အမှတ်ပေးဇယားရဲ့ အဆင့် ၄ နေရာက အသင်းနဲ့လည်း ရမှတ် ၆ မှတ်သာ ကွာဟတော့တဲ့ အခြေအ‌နေ ဖြစ်ပါတယ်။

Photo Credit: Express

လွန်ခဲ့တဲ့ ၁၀ ရက်လောက်က ဝက်စ်ဘရွန်း အသင်းရဲ့ နည်းပြ ဖြစ်သူ ဆန် အလာဒိုက်စ် က ဒီရာသီမှာ အာဆင်နယ် အသင်း အနေနဲ့ တန်ဆင်းဇုံမှာ ရုန်းကန် ရနိုင်ကြောင်း ပြောကြားခဲ့ပြီးတဲ့ နောက်မှာတော့ အာဆင်နယ် အသင်းက တန်ဆင်းဇုံ နဲ့ ၁၂ မှတ်အထိ ကွာဟအောင် စွမ်းဆောင်ပြနိုင်ခဲ့ပါတယ်။ အာဆင်နယ် အသင်းဟာ ဝက်စ်ဘရွန်း အသင်းကို တီယာနေး၊ ဆာခါ နဲ့ လာကာဇက် စတဲ့ ကစားသမားသုံးဦး ရဲ့ သွင်းဂိုးတွေ နဲ့ အတူ အကောင်းဆုံး ကျော်ဖြတ်ပြနိုင်ခဲ့ပါတယ်။ ဝက်စ်ဘရွန်း အသင်းဟာ အဆိုပါ ရှုံးပွဲကြောင့် ၂၀၁၀ က ဝီဂန် အသလက်တစ် အသင်းပြီးရင် အိမ်ကွင်းမှာ လေးပွဲဆက်တိုက် ရှုံးပွဲကြုံတွေ့တဲ့ ပထမဆုံး အသင်းလည်း ဖြစ်လာခဲ့ပါတယ်။ နည်းပြ အာတီတာကတော့ အဆိုပါ ပွဲအပြီးမှာ အခုလိုပဲ ပြောခဲ့ပါတယ်။

Photo Credit: Express

“ ကျွန်တော်တို့ ရည်မှန်းထားတဲ့ အရာကို အနိုင်ရခဲ့တဲ့ အတွက် ကျွန်တော် အရမ်းပျော်မိပါတယ်။ ပွဲစဉ်ဇယားက လုံးဝကို မတူညီတော့ပါဘူး။ အနီးနားမှာ ရှိတဲ့ စွမ်းအင်တွေက ပိုကောင်းပြီးတော့ နိုင်ပွဲတွေက ယုံကြည်မှုတွေ အများကြီး ဖြစ်ပေါ်စေပါတယ်။ ခင်ဗျား အနေနဲ့ အသင်း ရဲ့ ဒီနေ့ စွမ်းဆောင်ရည်နဲ့ ကစားပုံ ဘယ်လောက် ကောင်းလဲဆိုတာ မြင်နိုင်ပါတယ်။ အဲ့ဒါက လုံးဝကို စိတ်ချယုံကြည်ရတဲ့ နိုင်ပွဲတစ်ပွဲ ဖြစ်ခဲ့ပါတယ်။ ပရီးမီးယားလိဂ်မှာ ခရစ်စမတ်ကာလ နောက်ဆုံး ၃ ပွဲမှာ အနိုင်ရဖို့ဆိုတာက လုံးဝ မလွယ်ကူတဲ့ ကိစ္စပါ။ ဒီနေ့ ရာသီဥတုက ပိုကောင်းနေပြီးတော့ အခြေအနေတွေက ကျွန်တော်တို့ အတွက် ကစားရပိုကောင်းစေပါတယ်။ ကျွန်တော်တို့ အကောင်းဆုံး ကစားနိုင်ခဲ့ပါတယ်။ အဆုံးသတ်မှာတော့ ကျွန်တော်တို့ အနေနဲ့ အချိန်အများစုမှာ အခြေအနေတွေ နဲ့ ကစားပုံတွေကို ထိန်းထိန်းသိမ်းသိမ်း ကစားခဲ့ရပါတယ်။ ဘာလို့လဲဆိုရင် ကွင်းအနေအထားက လုံးဝက ခက်ခဲခဲ့လို့ပါ ” လို့ ပြောဆိုခဲ့ပါတယ်။