မေန႔ညက ကစားသြားခဲ့တဲ့ ပြဲစဥ္ေတြမွာေတာ့ ပရီးမီးယားလိဂ္ရဲ့ အသင္းႀကီးေတြျဖစ္တဲ့ အာဆင္နယ္ ၊ ခ်ယ္လ္ဆီး ၊ မန္စီးတီး ၊ စပါး အသင္းတို႔ဟာ အသင္းငယ္ေတြနဲ႔သာ ရင္ဆိုင္ ကစားခဲ့ရေပမယ့္နိုင္ပြဲမရရွိခဲ့ၾကပဲ သေရရလဒ္ ၊ အရွုံးရလဒ္တို႔နဲ႔ကိုသာ ရရွိခဲ့ၾကပါတယ္။

Photo Credit: Football London.com

အဆိုပါပြဲစဥ္ေတြမွာေတာ့ အာဆင္နယ္ဟာ အိမ္ကြင္း အမ္းမရိတ္မွာ တန္းတက္အသင္း တစ္သင္းျဖစ္တဲ့ ရွက္ဖီးလ္ယူနိုက္တက္ကို လက္ခံကစားခဲ့ရေပမယ့္ ေနာက္က်ေခ်ပဂိုးနဲ႔ အတူ တစ္ဂိုးစီ သေရရလဒ္သာ ထြက္ေပၚခဲ့ပါတယ္။ အာဆင္နယ္အသင္းရဲ့ နည္းျပျဖစ္သူ အာတီတာကေတာ့ ပြဲစဥ္ၿပီးဆုံးခ်ိန္မွာ သူတို႔ အသင္းရရွိမယ့္ ပင္နယ္တီတစ္လုံးကို လ်စ္လ်ဴရွုခဲ့တဲ့ VAR ကို ျပစ္တင္ေဝဖန္လိုက္ပါတယ္။

Photo Credit: Football London.com

အာဆင္နယ္အသင္းဟာ ပြဲခ်ိန္ ၄၅မိနစ္မွာ လူငယ္ကစားသမား မာတီနယ္လီ သြင္းယူေပးခဲ့တဲ့ သြင္းဂိုးနဲ႔ ပြဲကို ဦးေဆာင္ကစားနိုင္ေပမယ့္ ပြဲခ်ိန္ ၈၃မိနစ္မွာ ရွက္ဖီးလ္ယူနိုက္တက္ ကြင္းလယ္လူ ဖလက္ခ္ရဲ့ ေခ်ပဂိုးကို ျပန္လည္ ခြင့္ျပဳေပးခဲ့ရတာေၾကာင့္ တစ္ဂိုးစီ သေရက်ခဲ့တာပါ။ အဆိုပါပြဲရဲ့ ပြဲခ်ိန္ ၆၈မိနစ္မွာ အာဆင္နယ္ဟာပြဲကို အဆုံးသတ္နိုင္မယ့္ အလွည့္အေျပာင္း တစ္ခုရဖို႔ နီးစပ္ခဲ့ၿပီး အသင္းရဲ့ တိုက္စစ္မွူး ေပေပဟာ ရွက္ဖီးလ္ယူနိုက္တက္ ခံစစ္မွူးေတြနဲ႔ ထိမိကာ ဂိုးဧရိယာအတြင္း လဲက်ခဲ့ေပမယ့္ ကြင္းလယ္ဒိုင္နဲ႔ VARတို႔က ပင္နယ္တီေပးဖို႔ ျငင္းဆန္ခဲ့ၾကပါတယ္။

Photo Credit: Football London.com

ေပေပရဲ့လဲက်မွုကို ပင္နယ္တီေပးဖို႔ ျငင္းခဲ့တဲ့ VARကို အာတီတာက ” ဒီေလာက္ရွင္းလင္းတဲ့ အျဖစ္အပ်က္ကို ပင္နယ္တီမေပးခဲ့တာကို အံ့အားသင့္မိပါတယ္။ ဒီလိုျဖစ္ရပ္မ်ိဳးကို ေသခ်ာဆုံးျဖတ္နိုင္ဖို႔ VARကို ကိုင္တြယ္ေနတဲ့ ဒိုင္လူႀကီးေတြက ေနာက္ထပ္ အကူပစၥည္းေတြ လိုအပ္ေနသလားဆိုတာ ကၽြန္ေတာ္ မသိေတာ့ပါဘူး ” လို႔ ေဝဖန္သြားခဲ့တာပါ။

မနေ့ညက ကစားသွားခဲ့တဲ့ ပွဲစဉ်တွေမှာတော့ ပရီးမီးယားလိဂ်ရဲ့ အသင်းကြီးတွေဖြစ်တဲ့ အာဆင်နယ် ၊ ချယ်လ်ဆီး ၊ မန်စီးတီး ၊ စပါး အသင်းတို့ဟာ အသင်းငယ်တွေနဲ့သာ ရင်ဆိုင် ကစားခဲ့ရပေမယ့်နိုင်ပွဲမရရှိခဲ့ကြပဲ သရေရလဒ် ၊ အရှုံးရလဒ်တို့နဲ့ကိုသာ ရရှိခဲ့ကြပါတယ်။

Photo Credit: Football London.com

အဆိုပါပွဲစဉ်တွေမှာတော့ အာဆင်နယ်ဟာ အိမ်ကွင်း အမ်းမရိတ်မှာ တန်းတက်အသင်း တစ်သင်းဖြစ်တဲ့ ရှက်ဖီးလ်ယူနိုက်တက်ကို လက်ခံကစားခဲ့ရပေမယ့် နောက်ကျချေပဂိုးနဲ့ အတူ တစ်ဂိုးစီ သရေရလဒ်သာ ထွက်ပေါ်ခဲ့ပါတယ်။ အာဆင်နယ်အသင်းရဲ့ နည်းပြဖြစ်သူ အာတီတာကတော့ ပွဲစဉ်ပြီးဆုံးချိန်မှာ သူတို့ အသင်းရရှိမယ့် ပင်နယ်တီတစ်လုံးကို လျစ်လျူရှုခဲ့တဲ့ VAR ကို ပြစ်တင်ဝေဖန်လိုက်ပါတယ်။

Photo Credit: Football London.com

အာဆင်နယ်အသင်းဟာ ပွဲချိန် ၄၅မိနစ်မှာ လူငယ်ကစားသမား မာတီနယ်လီ သွင်းယူပေးခဲ့တဲ့ သွင်းဂိုးနဲ့ ပွဲကို ဦးဆောင်ကစားနိုင်ပေမယ့် ပွဲချိန် ၈၃မိနစ်မှာ ရှက်ဖီးလ်ယူနိုက်တက် ကွင်းလယ်လူ ဖလက်ခ်ရဲ့ ချေပဂိုးကို ပြန်လည် ခွင့်ပြုပေးခဲ့ရတာကြောင့် တစ်ဂိုးစီ သရေကျခဲ့တာပါ။ အဆိုပါပွဲရဲ့ ပွဲချိန် ၆၈မိနစ်မှာ အာဆင်နယ်ဟာပွဲကို အဆုံးသတ်နိုင်မယ့် အလှည့်အပြောင်း တစ်ခုရဖို့ နီးစပ်ခဲ့ပြီး အသင်းရဲ့ တိုက်စစ်မှူး ပေပေဟာ ရှက်ဖီးလ်ယူနိုက်တက် ခံစစ်မှူးတွေနဲ့ ထိမိကာ ဂိုးဧရိယာအတွင်း လဲကျခဲ့ပေမယ့် ကွင်းလယ်ဒိုင်နဲ့ VARတို့က ပင်နယ်တီပေးဖို့ ငြင်းဆန်ခဲ့ကြပါတယ်။

Photo Credit: Football London.com

ပေပေရဲ့လဲကျမှုကို ပင်နယ်တီပေးဖို့ ငြင်းခဲ့တဲ့ VARကို အာတီတာက ” ဒီလောက်ရှင်းလင်းတဲ့ အဖြစ်အပျက်ကို ပင်နယ်တီမပေးခဲ့တာကို အံ့အားသင့်မိပါတယ်။ ဒီလိုဖြစ်ရပ်မျိုးကို သေချာဆုံးဖြတ်နိုင်ဖို့ VARကို ကိုင်တွယ်နေတဲ့ ဒိုင်လူကြီးတွေက နောက်ထပ် အကူပစ္စည်းတွေ လိုအပ်နေသလားဆိုတာ ကျွန်တော် မသိတော့ပါဘူး ” လို့ ဝေဖန်သွားခဲ့တာပါ။