အာဆင်နယ် နည်းပြ အာတီတာကတော့ မန်စီးတီးအသင်းမှာ ရှိခဲ့စဉ်က သူ့ကို ဘောလုံး နည်းပြမှု အကြောင်း သင်ပေးခဲ့တဲ့ သူ့ဆရာ နည်းပြ ဂွါဒီယိုလာရဲ့ မန်စီးတီးအသင်းဟာ ကွင်းထဲမှာ နဲ့ ကွင်းပြင်မှာ လုင်ခဲ့တာအတွက် ချန်ပီယံလိဂ် ပြိုင်ပွဲမှာ ကစားရဖို့ ထိုက်တန်တယ်လို့ ပြောခဲ့ပါတယ်။ မန်စီးတီးအသင်းဟာ ဥရောပ ဘောလုံး အဖွဲ့ချုပ်ရဲ့ ချန်ပီယံလိဂ် ပြိုင်ပွဲမှာ (၂) နှစ်ကြာ ကစားခွင့် ပိတ်ပင်ခံရမှုကို အယူခံဝင်ခဲ့ပြီး အားကစား ခုံရုံးက မန်စီးတီးအသင်းရဲ့ အယူခံဝင်မှုကို မပယ်ချခဲ့တာကြောင့် မန်စီးတီးအသင်းကတော့ အယူခံဝင်မှု အောင်မြင်သွားခဲ့ပါတယ်။

Photo Credit: YahooSports

နည်းပြ ဂွါဒီယိုလာရဲ့ မန်စီးတီးအသင်းဟာ ဘဏ္ဍရေး မျှခြေ စည်းမျဉ်းကို ချိုးဖောက်ခဲ့တယ်လို့ စွပ်စွဲခံရတဲ့ အတွက်ကြောင့် ချန်ပီယံလိဂ် ပြိုင်ပွဲမှာ ကစားခွင့် ပိတ်ပင်ခံရမှု နဲ့ ဒဏ်ငွေ ယူရို သန်း (၃၀) ချမှတ်ခံခဲ့ရပေမယ့် အယူခံဝင်မှု အောင်မြင်သွားတဲ့ အချိန်မှာ ပြစ်ဒဏ် လျော့ခဲ့ပါတယ်။ မန်စီးတီးအသင်းဟာ အယူခံဝင်မှု အောင်မြင်ပြီးနောက် ဒဏ်ငွေ ယူရို သန်း (၃၀) ကနေ ယူရို သန်း (၁၀) သာ ပေးဆောင်ရမှာ ဖြစ်ပြီး နည်းပြ အာတီတာကတော့ သူ့ဆရာရဲ့ မန်စီးတီးအသင်းအနေနဲ့ ချန်ပီယံလိဂ် ပြိုင်ပွဲမှာ ကစားဖို့ ထိုက်တန်တယ်လို့ ပြောခဲ့ပါတယ်။

Photo Credit: YahooSports

ပွဲကြို သတင်းစာ ရှင်းလင်းပွဲမှာ နည်းပြ အာတီတာက “ဘာဖြစ်ခဲ့သလဲ ဆိုတာကို ကျွန်တော်တို့ မေးခွန်းထုတ်ဖို့ မလိုပါဘူး။ မန်စီးတီးအသင်းက ချန်ပီယံလိဂ် ပြိုင်ပွဲမှာ ကစားဖို့ ထိုက်တန်ပါတယ်။ ဘာဖြစ်လို့လဲဆိုရင်တော့ ကွင်းထဲမှာ သူတို့ လုပ်ခဲ့တာက မေးခွန်းထုတ်စရာ မလိုအောင် ကောင်းပါတယ်။ အာဏာပိုင်တွေက ဒါတွေကိုပဲ ကြည့်ပြီး မန်စီးတီးအသင်းက ဘာအမှားမှ မလုပ်ခဲ့ဘူးလို့ ဆုံးဖြတ်ခဲ့ကြပါတယ်။ ဒီတော့ အလွန် ရှင်းလင်းပြီး ပွင့်လင့်တဲ့ အမြင် (၂) ခု ရှိနေပါတယ်။ သူတို့က ချန်ပီယံလိဂ် ပြိုင်ပွဲမှာ ကစားရမှာပါ။ ဘာဖြစ်လို့လဲ ဆိုရင်တော့ သူတို့က ကွင်းထဲမှာ နဲ့ ကွင်းပြင်မှာ လုပ်ခဲ့တာအတွက် ချန်ပီယံလိဂ် ပြိုင်ပွဲမှာ ကစားရဖို့ ထိုက်တန်ပါတယ်။ သူတို့ လုပ်ခဲ့တာတွေက မယုံနိုင်စရာ ကောင်းပါတယ်”လို့ သတင်းထောက်တွေကို ပြောကြားသွားခဲ့ပါတယ်။