အာဆင်နယ်နည်းပြ အာတီတာ သူဟာ လန်ဒန်မြို့ခံကလပ် စပါးအသင်းရဲ့ နည်းပြဖြစ်သူ သြစတြေးလျလူမျိုး နည်းပြကြီး ပိုစတီကိုဂလူးရဲ့ ပရိသတ်တစ်ဦးဖြစ်ပြီး ဒီနည်းပြက စပါးကို ပိုမို တိုးတက်လာအောင် စွမ်းဆောင်ပေးနေတယ်လို့ပါ ချီးမွမ်း ပြောဆိုသွားခဲ့ပါတယ်။

ဒီတစ်ပတ်မှာတော့ ဒီရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲထဲ လုံးဝ ရှုံးပွဲမရှိသေးတဲ့ ခါးသီး မြောက်လန်ဒန်ဒါဘီ နှစ်သင်းဖြစ်သော အာဆင်နယ် နဲ့ စပါးတို့ ဆုံတွေ့နေကြပြီး အာတီတာ နဲ့ ပိုစတီကိုဂလူးတို့ဟာလည်း ပထနဆုံးအကြိမ်အဖြစ် ထိပ်တိုက် တွေ့ဆုံရတော့မှာပဲ ဖြစ်ပါတယ်။

Photo Credit : The Celtis Boys

ဒီရာသီမှ စပါးအသင်းကို စတင် ကိုင်တွယ်ဖြစ်ခဲ့တဲ့ နည်းပြ ပိုစတီကိုဂလူးဟာ ဆဲလ်တစ်အသင်းမှာ တစ်ရာသီထဲ ဒေသတွင်း ဆုဖလား (၃)လုံးကို ရယူပေးနိုင်ခဲ့လို့ FIFA The Best နည်းပြဆုအတွက် ဆန်ခါတင်စာရင်းမှာ ပါဝင်ခဲ့သလို စပါးကိုလည်း အကောင်းဆုံး ကိုင်တွယ်ထားလို့ သြဂုတ်လရဲ့ တစ်လတာ အကောင်းဆုံး နည်းပြဆုကိုပါ ဆွတ်ခူးထားခဲ့ပါသေးတယ်။

ဒီလို စွမ်းဆောင်ရည်ကောင်းတွေ ပြသထားတဲ့ ပိုစတီကိုဂလူးက အာတီတာက “စပါးအသင်းမှာက တကယ်ကို အကောင်းဆုံး လုပ်ဆောင်နေတဲ့ နည်းပြသစ်တစ်ဦးလည်း ရှိနေပြီး သူက အသင်းကို မတူညီတဲ့ ပုံစံတွေနဲ့ ပြောင်းလဲထားနိုင်ခဲ့တယ်။ ဒါကြောင့် ကျွန်တော်တို့အနေနဲ့ သူတို့ကို အနိုင်ယူနိုင်ဖို့ စွမ်းဆောင်ရည်ကောင်းတွေ လိုအပ်ပါမယ်။”

Photo Credit : The Sun

“ကျွန်တော် ပိုစတီကိုဂလူးကို သဘောကျတယ်။ ကျွန်တော်ရဲ့ ကစားသမားဟောင်းတွေကလည်း ဒီနည်းပြ အကြောင်းကို အမြဲတမ်း အကောင်းတွေပဲ ပြောပြတတ်ကြတယ်။ ဒါကလည်း တိုက်ဆိုင်မှု မဟုတ်ပါဘူး။ ဘာကြောင့်လဲဆိုတော့ သူက ထိပ်တန်းနည်းပြတွေ ရှိပြီး ပြိုင်ဆိုင်မှု ပြင်းထန် ခက်ခဲလှတဲ့ ပြိုင်ပွဲကြီးမှာ ချက်ချင်းဆိုသလိုပဲ နည်းမှန်လမ်းမှန်နဲ့ အံ့ဝင်ခွင့်ကျ ဖြစ်နေရပါတယ်။”

“သူ့အနေနဲ့ ဟယ်ရီကိန်းလို ကစားသမားတစ်ဦးကို ဆုံးရှုံးထားပြီး ကြီးမားတဲ့ အပြောင်းအလဲတွေ ဖြစ်ထားခဲ့ရပေမယ့်လည်း အသင်းကို အရည်အသွေးမြင့်တဲ့ ကစားသမားတွေနဲ့ ပြန်လည် တည်ဆောက်ထားပြီး ဒီကစားသမားတွေကလည်း အသင်းနဲ့ အံ့ဝင်ခွင်ကျ ဖြစ်နေခဲ့ပါတယ်။” လို့ ပြောဆိုသွားခဲ့ပါတယ်။