အာဆင်နယ် အသင်း အနေနဲ့ ဆောက်တမ်တန် အသင်းကို ရှုံးနိမ့်ခဲ့တဲ့ အက်ဖ်အေဖလား စတုတ္ထအဆင့် ပွဲစဉ်မှာ နီကိုးလပ်စ် ပီပီ နဲ့ ဝီလီယံ တို့နှစ်ဦး အတွဲအဖက်ဟာ နောက်တစ်ကြိမ် အလုပ်မဖြစ်ခဲ့တဲ့ နောက်မှာတော့ နည်းပြ ဖြစ်သူ မိုက်ကယ် အာတီတာက အဆိုပါ ကစားသမားနှစ်ဦးနဲ့ ပတ်သက်ပြီး ပိုပြီးတော့ ကြိုးစားပေးသွားမယ်လို့ ကတိပေးစကား ပြောဆိုလိုက်ပါတယ်။ အာဆင်နယ် အသင်းအနေနဲ့ ဆောက်တမ်တန် နဲ့ ပွဲစဉ်မှာ တနင်္လာနေ့က ကစားခဲ့တဲ့ နယူးကာဆယ်နဲ့ ပွဲစဉ်က လူစာရင်းကို ၈ ဦးအထိ အပြောင်းအလဲ ပြုလုပ်လာခဲ့ပြီး နီကိုးလပ်စ် ပေပေနဲ့ ဝီလီယံ တို့ကိုလည်း ပွဲထွက်လူစာရင်းမှာ အသုံးပြုခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ၂၄ မိနစ်မှာ ဂါဘရီရယ်က ကိုယ့်ဂိုးကို ပြန်သွင်းယူခဲ့မိတာကြောင့် အာဆင်နယ် တို့ တစ်ဂိုးတည်းနဲ့ အဝေးကွင်းမှာ ရှုံးနိမ့်ခဲ့ရတာ ဖြစ်ပါတယ်။

Photo Credit: Goal

အဆိုပါ ပွဲစဉ်မှာ နီကိုးလပ်စ် ပေပေနဲ့ ဝီလီယံ တို့ နှစ်ဦး အတွဲအဖက်က ဝေဖန်စရာ ဖြစ်ခဲ့တာ ဖြစ်ပါတယ်။ ပေပေဟာ အာဆင်နယ် အသင်းဆီကို ၂၀၁၉ နွေရာသီက ပြောင်းရွှေ့ကြေး ပေါင် ၇၂ သန်းနဲ့ လိုင်လီ အသင်းကနေ ရောက်ရှိလာခဲ့တာ ဖြစ်ပါတယ်၊ ပေပေဟာ ရောက်ရှိတဲ့ အချိန်ကစတင်ပြီး အခုချိန်ထိ ပရီးမီးယားလိဂ်ပွဲပေါင်း ၄၃ ပွဲ ပါဝင် ကစားခွင့်ရခဲ့ပေမယ့်လည်း ၇ ဂိုးသာ သွင်းယူနိုင်ခဲ့ပြီး ၆ ကြိမ်သာ ဖန်တီးနိုင်ခဲ့တာ ဖြစ်ပါတယ်။ ဝီလီယံဟာလည်း ဒါဘီပြိုင်ဘက် ဖြစ်တဲ့ ချယ်လ်ဆီး အသင်းကနေ ရောက်ရှိလာခဲ့တာ ဖြစ်ပြီးတော့ စီးပွားရေးအရ ကောင်းတဲ့ ခေါ်ယူမှုတစ်ရပ် ဖြစ်ခဲ့ပေမယ့်လည်း ခြေစွမ်းပြဖို့တော့ ရုန်းကန်နေခဲ့ရတာ ဖြစ်ပါတယ်။ ပီတာခရော့ ကလည်း ဆောက်တမ်တန်နဲ့ ပွဲစဉ်က ပေပေနဲ့ ဝီလီယံတို့ရဲ့ ခြေစွမ်းကို ဝေဖန်ခဲ့ပြီးတော့ အဆိုပါ ကစားသမားနှစ်ဦးအနေနဲ့ ပွဲထွက်လူစာရင်း ၁၁ ယောက်နေရာမှာ မပါဝင်သင့်ဘူးလို့တောင် ပြောဆိုခဲ့ပါတယ်။

Photo Credit: Goal

ဒါပေမယ့်လည်း အာတီတာကတော့ အဆိုပါ ကစားသမား နှစ်ဦးဘက်ကနေ အခုလိုပဲ ကာကွယ် ပြောဆိုပေးသွားခဲ့ပါတယ်။ သူတို့ အကောင်းဆုံး ကစားနိုင်ဖို့ ကြိုးစားခဲ့ကြပါတယ်။ ရည်ရွယ်ချက်နဲ့ စိတ်အားထက်သန်မှုတွေ အပြည့် အဲ့ဒီမှာ ရှိနေပါတယ်၊ ပြီးတော့ ဆုံးဖြတ်ချက် ချလိုက်တယ်၊ နောက်ဆုံး အဆင့်ကတော့ အဆုံးသတ်ပါပဲ၊ အဲ့ဒါက ဘောလုံးမှာ အခက်ခဲဆုံး အရာပါပဲ။ ကျွန်တော်တို့ အနေနဲ့ သူတို့နှစ်ဦးကို တတ်နိုင်သမျှ ပံ့ပိုးပေးသွားမှာပါ ” လို့ ပြောကြား သွားပါတယ်။ သူတို့ နှစ်ဦးအနေနဲ့ သူတို့ရဲ့ အနာဂါတ်တွေကို ပြောင်းလဲနိုင်လောက်မလား ဆိုပြီး မေးတဲ့အခါမှာတော့ “ ကျွန်တော်လည်း မျှော်လင့်နေပါတယ်၊ နည်းပြတစ်ဦးအနေနဲ့ သူတို့ကို တတ်နိုင်သမျှ ပံ့ပိုးပေးသွားမှာပါ၊ ဘာလို့လဲဆိုရင် သူတို့လိုနေတာက အဲ့ဒါမို့ပါ။ သူတို့ ပိုကြိုးစားဖို့ လိုအပ်နေပြီးတော့ သူတို့ရဲ့ စွမ်းဆောင်ရည်ကိုလည်း တိုးတက်ဖို့ ကြိုစားရပါမယ် ” လို့ ကာကွယ် ပြောဆိုခဲ့တာ ဖြစ်ပါတယ်။