MySport Myanmar

ရီးယဲလ်ကို ဘာနေဗျူးမှာပါ အနိုင်ကစားမယ်ဖို့ ယုံကြည်ထားကြောင်း အာတီတာ ဆို

အာဆင်နယ်အသင်းဟာ ချန်ပီယံလိဂ် ကွာတားဖိုင်နယ် ပကျော့မှာ ရီးယဲလ် မက်ဒရစ်ကို (၃)ဂိုးပြတ်နဲ့ ဦးဆောင်ထားလို့ ဒုကျော့အတွက် အားသာချက်ကြီးမားစွာ ရှိနေပေမယ့် ရီးယဲလ်ကို အသက်ဆက်ရှင်ဖို့အတွက် ရင်ဆိုင်နေတယ်လို့ မထင်ကြောင်း အာဆင်နယ်နည်းပြ မီခယ်လ် အာတီတာက အခိုင်အမာ ပြောကြားခဲ့ပါတယ်။

ဒီနေ့ည ဘာနေဗျူးမှာ ကစားမယ့် ချန်ပီယံလိဂ် ကွာတဏားဖိုင်နယ် ဒုတိယအကျော့ပွဲဟာ အာဆင်နယ်အသင်းအတွက် ဆီမီးဖိုင်နယ်မှာ ပီအက်စ်ဂျီနဲ့အတူ ရင်ဆိုင်ရမယ့် ကြီးမားတဲ့ အခွင့်အရေးတစ်ခု ရှိထားပါတယ်။ အာတီတာကတော့ သူ့အသင်း အဲဒီကို အသာစီးရထားတာကို ကာကွယ်ဖို့ ကြိုးစားမယ့်အစား ပွဲကို အနိုင်ရဖို့သာ သွားရောက်မှာဖြစ်ကြောင်း ရှင်းလင်းတဲ့ သတင်းစကားတစ်ခု ပေးပို့ခဲ့ပါတယ်။

Photo Credit : Arsenal

အာတီတာက “ကျွန်တော်တို့ ဒီကို ပွဲအနိုင်ရဖို့ဆိုတဲ့ စိတ်ဓာတ်နဲ့ ယုံကြည်ချက်အပြည့်နဲ့ ရောက်လာတာပါ။ ဒါဟာ အရေးကြီးဆုံးအရာဖြစ်ပြီး ကျွန်တော်တို့ လိုချင်တဲ့ ပွဲကို ရယူနိုင်ဖို့ သတ္တိနဲ့ စိတ်ပိုင်းဖြတ်မှုအပြည့်နဲ့ ကစားဖို့ပါပဲ။ ဒါက ပထမပိုင်းပဲ ရှိပါသေးတယ်။ လုပ်စရာတွေ အများကြီး ကျန်ပါသေးတယ်။”

“ဆီမီးဖိုင်နယ်ကို တက်ရောက်ဖို့အတွက် ဒီအခွင့်အရေးကို ရယူရမှာ သေချာပါတယ်။ အဲဒီလိုလုပ်ဖို့အတွက် သင်ဟာ တကယ်လှပတဲ့ အခိုက်အတန့်တွေ အရမ်းခက်ခဲတဲ့ အခိုက်အတန့်တွေ ကြုံတွေ့ရမှာဖြစ်ပြီး ဆီမီးဖိုင်နယ်ကို တက်ရောက်ဖို့ အခွင့်အရေးကို ရယူနိုင်ဖို့ အဲဒါတွေကို တကယ်ပျော်ရွှင်စွာနဲ့ ရင်ဆိုင်ရမှာပါ” လို့ ပြောကြားခဲ့ပါတယ်။

Photo Credit : Sky Sports

ရီးရဲလ် မက်ဒရစ် ကြယ်ပွင့်တွေကတော့ ပထမအကျော့မှာ (၃)ဂိုးပြတ်နဲ့ ရှုံးထားပေမယ့် ဒုကျော့ပွဲမတိုင်ခင် ယုံကြည်မှု ရှိနေဆဲ ဖြစ်ပါတယ်။ ဘယ်လင်ဟမ်က အင်္ဂါနေ့မှာ ပြန်လည် တက်လှမ်းခြင်းလို့ အဓိပ္ပာယ်ရပါတဲ့ “Remontada” ဆိုတဲ့ စကားလုံးကို အသင်းရဲ့ အဝတ်လဲခန်းထဲမှာ ပြောဆိုနေကြတယ်လို့ ဖွင့်ဟခဲ့ပါတယ်။ ဗင်နီစီယပ်စ်ကလည်း သူ့Instagram မှာ “မနက်ဖြန် ည ၉ နာရီ” လို့ ရေးသားခဲ့ပြီး ပထမအကျော့မှာ အသံတိတ်ခံခဲ့ရပြီးနောက် ဒီပွဲမှာ ခြေစွမ်းပြဖို့ အဆင်သင့်ဖြစ်နေပုံရပါတယ်။

ရီးရဲလ်ရဲ့ တရားဝင် X အကောင့်ကလည်း ဘာနေဗျူးမှာ မိနစ်(၉၀)ဆိုတာ အရမ်းရှည်တယ်ဆိုတဲ့ စကားလုံး (၈)လုံးပါ မက်ဆေ့ချ်ကို ChatGPT နဲ့ ဘာသာစကားမျိုးစုံ ဘာသာပြန်ခိုင်းတဲ့ ဗီဒီယိုတစ်ခု တင်ခဲ့ပါတယ်။ စပိန်မြို့တော်မှာ ဒီလို အားတက်သံတွေ ထွက်ပေါ်နေပေမယ့် လန်ဒန်မှာ အာဆင်နယ်ရဲ့ လွှမ်းမိုးမှုကို ကြည့်ရင် ရီးရဲလ်အတွက် ပြန်လည် တက်လှမ်းဖို့ဆိုတာ တော်တော် မလွယ်ကူတဲ့ကိစ္စ ဖြစ်နေပါတယ်။

Exit mobile version