အာဆင္နယ္နည္းျပ အာတီတာကေတာ့ မနက္ျဖန္ အဂၤါေန႔ည (၂း၄၅) အခ်ိန္ ခ်ဲလ္ဆီးအသင္းနဲ႔ ကစားမယ့္ ပရီးမီးယားလိဂ္ အေဝးကြင္း ပြဲစဥ္မွာ အႏိုင္ရမွ ထိပ္သီး အဆင့္ (၄) ေနရာကို ဝင္ခြင့္ရႏိုင္မယ္လို႔ ေျပာသြားတာ ျဖစ္ပါတယ္။ အာဆင္နယ္အသင္းဟာ လက္ရွိအခ်ိန္မွာ ရမွတ္ (၂၉) မွတ္နဲ႔ အဆင့္ (၁၀) မွာ ရပ္တည္ေနၿပီး ခ်ဲလ္ဆီးအသင္းကေတာ့ ရမွတ္ (၃၉) မွတ္နဲ႔ အဆင့္ (၄) ေနရာမွာ ရပ္တည္ေနတာေၾကာင့္ ရမွတ္ကြာဟမႈ (၁၀) မွတ္ေတာင္ ရွိေနေသးဆဲ ျဖစ္ပါတယ္။

Photo Credit: DailyMail

အာဆင္နယ္အသင္းဟာ စေနေန႔ညက ကစားခဲ့တဲ့ ပရီးမီးယားလိဂ္ ပြဲစဥ္မွာ ရွက္ဖီးလ္အသင္းနဲ႔ သေရက်ခဲ့ၿပီး ခ်ဲလ္ဆီးအသင္းကေတာ့ တနဂၤေႏြေန႔ညက နယူးကာဆယ္အသင္းနဲ႔ ကစားခဲ့တဲ့ ပြဲစဥ္မွာ (၁-ဝ) နဲ႔ ရႈံးနိမ့္ခဲ့တာ ျဖစ္ပါတယ္။ ခ်ဲလ္ဆီးအသင္းဟာ အာဆင္နယ္အသင္းကို ရႈံးနိမ့္သြားမယ္ ဆိုရင္ အဆင့္ (၄) ေနရာကို ဆက္လက္ ထိန္းခ်ဳပ္ဖို႔ ပို ခက္ခဲသြားမွာ ျဖစ္တာေၾကာင့္ အားခဲလာမွာ ျဖစ္ေပမဲ့ နည္းျပ အာတီတာကေတာ့ အႏိုင္ကစားသြားမယ္လို႔ ေျပာသြားခဲ့ပါတယ္။

Photo Credit: DailyMail

နည္းျပ အာတီတာက “ဒီပြဲစဥ္က တကယ္ အေရးႀကီးပါတယ္။ ဒီပြဲစဥ္ကို အႏိုင္ကစားၿပီး ထိပ္သီး အဆင့္ (၄) ေနရာကို ဝင္ခြင့္ရဖို႔က ကြၽန္ေတာ္တို႔အတြက္ အလြန္ အေရးႀကီးပါတယ္။ ေနာက္ၿပီး ကြၽန္ေတာ္တို႔ အိမ္ကြင္းမွာ ကစားခဲ့တဲ့ ပြဲစဥ္ေတြနဲ႔ ယွဥ္ရင္ ဒီပြဲစဥ္က အလြန္ကို ျခားနားပါတယ္။ ကြၽန္ေတာ္တို႔ ထိပ္သီး အဆင့္ (၄) ေနရာဝင္ဖို႔ အလြန္ နီးစပ္ခဲ့ပါတယ္။ မနက္ျဖန္မွာ အႏိုင္ရရွိဖို႔ လိုအပ္ၿပီး ဒီရာသီက ၿပိဳင္ဆိုင္မႈ ျပင္းထန္လို႔ ပြဲဆက္အႏိုင္ရဖို႔ ခက္ခဲပါတယ္”လို႔ ေျပာခဲ့ပါတယ္။

{Unicode}

အာဆင်နယ်နည်းပြ အာတီတာကတော့ မနက်ဖြန် အင်္ဂါနေ့ည (၂း၄၅) အချိန် ချဲလ်ဆီးအသင်းနဲ့ ကစားမယ့် ပရီးမီးယားလိဂ် အဝေးကွင်း ပွဲစဉ်မှာ အနိုင်ရမှ ထိပ်သီး အဆင့် (၄) နေရာကို ဝင်ခွင့်ရနိုင်မယ်လို့ ပြောသွားတာ ဖြစ်ပါတယ်။ အာဆင်နယ်အသင်းဟာ လက်ရှိအချိန်မှာ ရမှတ် (၂၉) မှတ်နဲ့ အဆင့် (၁၀) မှာ ရပ်တည်နေပြီး ချဲလ်ဆီးအသင်းကတော့ ရမှတ် (၃၉) မှတ်နဲ့ အဆင့် (၄) နေရာမှာ ရပ်တည်နေတာကြောင့် ရမှတ်ကွာဟမှု (၁၀) မှတ်တောင် ရှိနေသေးဆဲ ဖြစ်ပါတယ်။

Photo Credit: DailyMail

အာဆင်နယ်အသင်းဟာ စနေနေ့ညက ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ်မှာ ရှက်ဖီးလ်အသင်းနဲ့ သရေကျခဲ့ပြီး ချဲလ်ဆီးအသင်းကတော့ တနင်္ဂနွေနေ့ညက နယူးကာဆယ်အသင်းနဲ့ ကစားခဲ့တဲ့ ပွဲစဉ်မှာ (၁-ဝ) နဲ့ ရှုံးနိမ့်ခဲ့တာ ဖြစ်ပါတယ်။ ချဲလ်ဆီးအသင်းဟာ အာဆင်နယ်အသင်းကို ရှုံးနိမ့်သွားမယ် ဆိုရင် အဆင့် (၄) နေရာကို ဆက်လက် ထိန်းချုပ်ဖို့ ပို ခက်ခဲသွားမှာ ဖြစ်တာကြောင့် အားခဲလာမှာ ဖြစ်ပေမဲ့ နည်းပြ အာတီတာကတော့ အနိုင်ကစားသွားမယ်လို့ ပြောသွားခဲ့ပါတယ်။

Photo Credit: DailyMail

နည်းပြ အာတီတာက “ဒီပွဲစဉ်က တကယ် အရေးကြီးပါတယ်။ ဒီပွဲစဉ်ကို အနိုင်ကစားပြီး ထိပ်သီး အဆင့် (၄) နေရာကို ဝင်ခွင့်ရဖို့က ကျွန်တော်တို့အတွက် အလွန် အရေးကြီးပါတယ်။ နောက်ပြီး ကျွန်တော်တို့ အိမ်ကွင်းမှာ ကစားခဲ့တဲ့ ပွဲစဉ်တွေနဲ့ ယှဉ်ရင် ဒီပွဲစဉ်က အလွန်ကို ခြားနားပါတယ်။ ကျွန်တော်တို့ ထိပ်သီး အဆင့် (၄) နေရာဝင်ဖို့ အလွန် နီးစပ်ခဲ့ပါတယ်။ မနက်ဖြန်မှာ အနိုင်ရရှိဖို့ လိုအပ်ပြီး ဒီရာသီက ပြိုင်ဆိုင်မှု ပြင်းထန်လို့ ပွဲဆက်အနိုင်ရဖို့ ခက်ခဲပါတယ်”လို့ ပြောခဲ့ပါတယ်။