အာဆင္နယ္အသင္းမွာ ၂၂ႏွစ္အထိေတာင္ နည္းျပအလုပ္ကုိ ႏွစ္ေပါင္းမ်ားစြာ လုပ္ကုိင္သြားခဲ႔ဖူးတဲ႔ အသင္းရဲ႕ နာမည္ေက်ာ္နည္းျပႀကီး အာဆင္ဝင္းဂါးကေတာ့ အသင္းနဲ႔ လမ္းခြဲၿပီးေနာက္ပုိင္းမွုာ နည္းျပေလာကထဲကုိ ျပန္လည္ဝင္ေရာက္လာျခင္း မရွိေသးတာက အခုဆုိရင္ ၂ႏွစ္ေက်ာ္ေလာက္အထိကုိ ရွိေနၿပီျဖစ္ပါတယ္။ ဝင္းဂါးက လက္ရွိမွာ နည္းျပအလုပ္ကုိ ျပန္လည္လုပ္ကုိင္ဖုိ႔အတြက္ အရမ္းႀကီးစိတ္အားထက္သန္ေနျခင္းမရွိေသးပဲ သူ႔ကုိ လာေရာက္ကမ္းလွမ္းခဲ႔တဲ႔ ကလပ္အသင္းေတြထဲကမွ ပရီးမီးယားလိဂ္အသင္းေတြကုိေတာ့ သူရဲ႕အသင္းေဟာင္း အာဆင္နယ္ေပၚမွာ သစၥာထားရွိတဲ႔စိတ္ေၾကာင့္ ျငင္းဆန္ပယ္ခ်ခဲ႔တယ္လုိ႔ ထုတ္ေဖာ္ေျပာဆုိလာခဲ႔ပါတယ္။

Photo Credit : Getty Images

နည္းျပႀကီးအာဆင္ဝင္းဂါးက ၂၀၁၇-၂၀၁၈ ေဘာလုံးရာသီအကုန္မွာပဲ အာဆင္နယ္အသင္းနဲ႔ လမ္းခြဲလုိက္တာျဖစ္ၿပီး အဲ႔ဒီေနာက္ပုိင္းကတည္းက နည္းျပဘဝထဲကုိ ဝင္ေရာက္လာျခင္းမရွိေသးပဲ နာမည္ေက်ာ္ အားကစားရုပ္သံလုိင္းႀကီးတစ္ခုျဖစ္တဲ႔ Bein Sports မွာ ေဘာလုံးပြဲအေၾကာင္းေတြကုိ သုံးသပ္တင္ဆက္သူအျဖစ္ ပါဝင္ေဆာင္ရႊက္ေနပါတယ္။ လက္ရွိမွာ အသင္းလက္မဲ႔ျဖစ္ေနတဲ႔အေၾကာင္းနဲ႔ပတ္သက္ၿပီး ဝင္းဂါးက “ကြ်န္ေတာ္က အာဆင္နယ္နဲ႔ပတ္သက္ေနေသးတဲ႔သူပါပဲ။ ဒါေပမယ့္လည္း ပေရာ္ဖက္ရွင္နယ္သမားတစ္ေယာက္ဆုိေတာ့လည္း ကြ်န္ေတာ့္အလုပ္ပကုိ ရပ္တန္႔လုိက္လုိ႔ေတာ့ မရဘူးေပါ့”

Photo Credit : Getty Images

“ကြ်န္ေတာ္ပရီးမီးယားလိဂ္ကေန ထြက္ခြာသြားဖုိ႔ ဆုံးျဖတ္လုိက္ရတာကလည္း ကြ်န္ေတာ္က အာဆင္နယ္အသင္းနဲ႔ၾကားမွာ ခ်ိတ္ဆက္မႈေတြ ရွိေနေသးလုိ႔ပါပဲ။ ေနာက္ၿပီး ပရီးမီးယားလိဂ္မွာပဲ နည္းျပဆက္လုပ္ဖုိ႔ အခြင့္အေရးေတြကုိလည္း ကြ်န္ေတာ္ရရွိခဲ႔ပါေသးတယ္။ ဒါေပမယ့္လည္း ဒါေတြကုိ အကုန္ပယ္ခ်ျဖစ္ခဲ႔ပါတယ္။ ဒါေပမယ့္ ဘယ္အသင္းေတြက လာေရာက္ကမ္းလွမ္းျဖစ္ခဲ႔တာလည္းဆုိတာကုိေတာ့ ကြ်န္ေတာ္ထုတ္မေျပာလုိပါဘူး” လုိ႔ ရွင္းလင္းေျပာဆုိသြားခဲ႔ပါတယ္။

Photo Credit : Getty Images

ဝင္းဂါးဟာ မၾကာေသးခင္ကမွ မန္ခ်က္စတာယူနုိက္တက္အသင္းနဲ႔ သတင္းေတြ ထြက္ေပၚလာခဲ႔ၿပီး ယူႏုိက္တက္အသင္းရဲ႕ နည္းျပရာထူးဟာ သူလုိခ်င္ေနတဲ႔ ရာထူးတစ္ခုျဖစ္တယ္လုိ႔ သတင္းထြက္လာခဲ႔ေပမယ့္လည္း ဒီသတင္းေတြကေတာ့ ေကာလဟာလသက္သက္သာျဖစ္ခဲ႔ၿပီး မွားယြင္းစြာ ထုတ္ျပန္မိခဲ႔တဲ့ သတင္းေတြလုိ႔ သိရပါတယ္။ လက္ရွိမွာေတာ့ အာဆင္ဝင္းဂါးဟာ ဖီဖာမွာ စီမံအုပ္ခ်ဳပ္မႈရာထူးတစ္ခုကုိ လက္ခံရယူဖြယ္ရွိေနၿပီး နည္းျပရာထူးထက္ နည္းစနစ္ဒါရုိက္တာနဲ႔ စီမံခန္႔ခြဲမႈရာထူးေတြကုိပဲ ေရြးခ်ယ္သြားဖြယ္ ရွိေနပါတယ္။

(Unicode)

အာဆင်နယ်ကြောင့် ပရီးမီးယားလိဂ်အသင်းကို မကိုင်တွယ်ဖြစ်ခဲ့တာလို့ ဝင်းဂါးရှင်းပြ

အာဆင်နယ်အသင်းမှာ ၂၂နှစ်အထိတောင် နည်းပြအလုပ်ကို နှစ်ပေါင်းများစွာ လုပ်ကိုင်သွားခဲ့ဖူးတဲ့ အသင်းရဲ့ နာမည်ကျော်နည်းပြကြီး အာဆင်ဝင်းဂါးကတော့ အသင်းနဲ့ လမ်းခွဲပြီးနောက်ပိုင်းမှုာ နည်းပြလောကထဲကို ပြန်လည်ဝင်ရောက်လာခြင်း မရှိသေးတာက အခုဆိုရင် ၂နှစ်ကျော်လောက်အထိကို ရှိနေပြီဖြစ်ပါတယ်။ ဝင်းဂါးက လက်ရှိမှာ နည်းပြအလုပ်ကို ပြန်လည်လုပ်ကိုင်ဖို့အတွက် အရမ်းကြီးစိတ်အားထက်သန်နေခြင်းမရှိသေးပဲ သူ့ကို လာရောက်ကမ်းလှမ်းခဲ့တဲ့ ကလပ်အသင်းတွေထဲကမှ ပရီးမီးယားလိဂ်အသင်းတွေကိုတော့ သူရဲ့အသင်းဟောင်း အာဆင်နယ်ပေါ်မှာ သစ္စာထားရှိတဲ့စိတ်ကြောင့် ငြင်းဆန်ပယ်ချခဲ့တယ်လို့ ထုတ်ဖော်ပြောဆိုလာခဲ့ပါတယ်။

Photo Credit : Getty Images

နည်းပြကြီးအာဆင်ဝင်းဂါးက ၂၀၁၇-၂၀၁၈ ဘောလုံးရာသီအကုန်မှာပဲ အာဆင်နယ်အသင်းနဲ့ လမ်းခွဲလိုက်တာဖြစ်ပြီး အဲ့ဒီနောက်ပိုင်းကတည်းက နည်းပြဘဝထဲကို ဝင်ရောက်လာခြင်းမရှိသေးပဲ နာမည်ကျော် အားကစားရုပ်သံလိုင်းကြီးတစ်ခုဖြစ်တဲ့ Bein Sports မှာ ဘောလုံးပွဲအကြောင်းတွေကို သုံးသပ်တင်ဆက်သူအဖြစ် ပါဝင်ဆောင်ရွှက်နေပါတယ်။ လက်ရှိမှာ အသင်းလက်မဲ့ဖြစ်နေတဲ့အကြောင်းနဲ့ပတ်သက်ပြီး ဝင်းဂါးက “ကျွန်တော်က အာဆင်နယ်နဲ့ပတ်သက်နေသေးတဲ့သူပါပဲ။ ဒါပေမယ့်လည်း ပရော်ဖက်ရှင်နယ်သမားတစ်ယောက်ဆိုတော့လည်း ကျွန်တော့်အလုပ်ပကို ရပ်တန့်လိုက်လို့တော့ မရဘူးပေါ့”

Photo Credit : Getty Images

“ကျွန်တော်ပရီးမီးယားလိဂ်ကနေ ထွက်ခွာသွားဖို့ ဆုံးဖြတ်လိုက်ရတာကလည်း ကျွန်တော်က အာဆင်နယ်အသင်းနဲ့ကြားမှာ ချိတ်ဆက်မှုတွေ ရှိနေသေးလို့ပါပဲ။ နောက်ပြီး ပရီးမီးယားလိဂ်မှာပဲ နည်းပြဆက်လုပ်ဖို့ အခွင့်အရေးတွေကိုလည်း ကျွန်တော်ရရှိခဲ့ပါသေးတယ်။ ဒါပေမယ့်လည်း ဒါတွေကို အကုန်ပယ်ချဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် ဘယ်အသင်းတွေက လာရောက်ကမ်းလှမ်းဖြစ်ခဲ့တာလည်းဆိုတာကိုတော့ ကျွန်တော်ထုတ်မပြောလိုပါဘူး” လို့ ရှင်းလင်းပြောဆိုသွားခဲ့ပါတယ်။

Photo Credit : Getty Images

ဝင်းဂါးဟာ မကြာသေးခင်ကမှ မန်ချက်စတာယူနိုက်တက်အသင်းနဲ့ သတင်းတွေ ထွက်ပေါ်လာခဲ့ပြီး ယူနိုက်တက်အသင်းရဲ့ နည်းပြရာထူးဟာ သူလိုချင်နေတဲ့ ရာထူးတစ်ခုဖြစ်တယ်လို့ သတင်းထွက်လာခဲ့ပေမယ့်လည်း ဒီသတင်းတွေကတော့ ကောလဟာလသက်သက်သာဖြစ်ခဲ့ပြီး မှားယွင်းစွာ ထုတ်ပြန်မိခဲ့တဲ့ သတင်းတွေလို့ သိရပါတယ်။ လက်ရှိမှာတော့ အာဆင်ဝင်းဂါးဟာ ဖီဖာမှာ စီမံအုပ်ချုပ်မှုရာထူးတစ်ခုကို လက်ခံရယူဖွယ်ရှိနေပြီး နည်းပြရာထူးထက် နည်းစနစ်ဒါရိုက်တာနဲ့ စီမံခန့်ခွဲမှုရာထူးတွေကိုပဲ ရွေးချယ်သွားဖွယ် ရှိနေပါတယ်။