အာဆင်နယ်အသင်းရဲ့ ဂန္တဝင်နည်းပြဟောင်းကြီးတစ်ဦးဖြစ်တဲ့ အာဆင်ဝင်းဂါးဟာ အာဆင်နယ်နဲ့ လက်တွဲဖြုတ်ခဲ့ပြီးနောက်ပိုင်းကတည်းက နည်းပြလောကထဲကို တကျော့ပြန် ပြန်လည်ဝင်ရောက်လာခဲ့ခြင်း မရှိပေမယ့် လတ်တလော ထွက်ပေါ်နေတဲ့ သတင်းတွေအရတော့ ဝင်းဂါးဟာ ဥရောပထိပ်တန်း လက်ရွေးစင်အသင်းတစ်သင်းဖြစ်တဲ့ ဆွစ်ဇာလန်လက်ရွေးစင်အသင်းရဲ့ နည်းပြရာထူးကို ကိုင်တွယ်သွားဖွယ် ရှိနေတယ်လို့ သိရှိရပါတယ်။

Photo Credit : The Conversation

အသက်(၇၁)နှစ်အရွှယ် ရှိနေပြီဖြစ်တဲ့ ပြင်သစ်လူမျိုး ဝါရင့်ဘောလုံးနည်းပြကြီး အာဆင်ဝင်းဂါးဟာ လွန်ခဲ့တဲ့ ၂၀၁၈ခုနှစ်ကမှ အာဆင်နယ်အသင်းနဲ့ လမ်းခွဲခဲ့တာဖြစ်ပြီး နည်းပြဘဝကနေ အနားယူပြီလို့ မထုတ်ပြန်ခဲ့ပေမယ့်လည်း နည်းပြလောထဲကို ပြန်လည်ဝင်ရောက်ခြင်း မရှိတော့တာက (၃)နှစ်နီးပါးလောက်ပင် ရှိနေခဲ့ပြီဖြစ်ပါတယ်။ လက်ရှိမှာ FIFA ရဲ့ ကမ္ဘာလုံးဆိုင်ရာ ဘောလုံးဖွံဖြိုးတိုးတတ်ရေး အကြီးအဲတစ်ယောက်အဖြစ် တာဝန်ယူ ဆောင်ရွှက်လျက်ရှိနေတဲ့ ဝင်းဂါးဟာ နည်းပြလစ်လပ်လို့သွားတဲ့ ဆွစ်ဇာလန်အသင်းနဲ့ သတင်းတွေ ထွက်ပေါ်လျက်ရှိနေပြီး ဆွစ်ဘက်ကတော့ တခြားနည်းပြတွေထက် နည်းပြအတွေ့အကြုံကောင်းတွေ ပိုင်ဆိုင်ထားတဲ့ ဝင်းဂါးကိုသာ အလိုရှိနေပါတယ်။

Photo Credit : Vanguard News

ဆွစ်ဇာန်လက်ရွေးစင်အသင်းကို (၇)နှစ်နီးပါးလောက်အထိ ကိုင်တွယ်ခဲ့တဲ့ နည်းပြပက်ကိုဗစ်က ဆွစ်အသင်းနဲ့ လက်တွဲဖြုတ်ခဲ့ပြီးနောက် ပြင်သစ်လီဂူးကလပ် ဘော်ဒိုးအသင်းကို ပြောင်းလဲကိုင်တွယ်သွားခဲ့တာကြောင့် သူရဲ့နေရာမှာ ပြန်လည်အစားထိုးဖို့အတွက် အာဆင်ဝင်းဂါးကို ချိတ်ဆက်လာခဲ့တာဖြစ်ပြီး ကမ္ဘာ့ဖလားခြေစစပ်ပွဲတွေ မတိုင်ခင်မှာပဲ ခန့်အပ်သွားချင်နေပါတယ်။ ဒါပေမယ့် ဝင်းဂါးကတော့ သူရဲ့နည်းပြသက်တမ်းမှာ နိုင်ငံလက်ရွေးစင်အသင်းတွေကို လုံးဝကိုင်တွယ်ခဲ့ဖူးခြင်းမရှိပဲ အာဆင်နယ်အပါအဝင် ကလပ်အသင်း (၄)သင်းကိုသာ ကိုင်တွယ်ခဲ့တာဖြစ်သလို ဂျေလိဂ်ကလပ်အသင်းကို ကိုင်တွယ်နေစဉ်တုန်းကလည်း ဂျပန်လက်ရွေးစင်အသင်းနည်းပြ ဖြစ်လာမယ့် အခွင့်အရေးကိုပါ ပယ်ချခဲ့ဖူးပါတယ်။ အခုလည်း ဆွစ်လက်ရွေးစင်အသင်းကို ကိုင်တွယ်ဖို့ အခွင့်အရေး ရလာခဲ့ပေမယ့် ဝင်းဂါးကိုယ်တိုင်က သူရဲ့နိုင်ငံဖြစ်တဲ့ ပြင်သစ်လက်ရွေးစင်အသင်းကိုသာ ကိုင်တွယ်သွားချင်နေပြီး ပြင်သစ်အသင်းနဲ့အတူ နိုင်ငံတကာအောင်မြင်မှုတွေကိုပါ ရယူသွားချင်နေတာ ဖြစ်ပါတယ်။