အာဆင္နယ္နဲ႔ ခရစၥတယ္ပဲေလ့စ္အသင္းတုိ႔ ကစားသြားခဲ႔ၾကတဲ႔ လန္ဒန္ဒါဘီပရီးမီးယားလိဂ္ပြဲစဥ္အတြင္းမွာ လူစားလဲလွယ္ခံရရင္းနဲ႔ အသင္းပရိသတ္ေတြရဲ႕ဝုိင္းဝန္းေအာ္ဟစ္ေလွာင္ေျပာင္မႈအေပၚ မေက်မနပ္ျဖစ္ခဲ႔ရလုိ႔ ေဒါသတႀကီး ျပန္လည္တုန္႔ျပန္ခဲ႔တဲ႔ အာဆင္နယ္အသင္းေခါင္းေဆာင္ ကြင္းလယ္ကစားသမားခ်ာကာကုိ ဒီပြဲအၿပီးမွာပဲ အာဆင္နယ္ပရိသတ္ေတြက ခ်ာကာကုိ အသင္းေခါင္းေဆာင္ရာထူးကေန ဖယ္ရွားပစ္ဖုိ႔ ေတာင္းဆုိျဖစ္ခဲ႔ကာ အခုအာဆင္နယ္နည္းျပ အူႏုိင္းအမ္မရီက ခ်ာကာကုိ အသင္းေခါင္းေဆာင္အျဖစ္ကေန ဖယ္ရွားလုိက္ၿပီျဖစ္ပါတယ္။

Photo Credit : Getty Images

ဒီအေၾကာင္းအရာနဲ႔ပတ္သက္ၿပီး အာဆင္နယ္အသင္းရဲ႕ဂႏၱဝင္နည္းျပေဟာင္းႀကီးျဖစ္တဲ႔ အာဆင္ဝင္းဂါးက beIN Sports အားကစားရုပ္သံလုိင္းမွာ ေဘာလုံးပြဲသုံးသပ္သူအျဖစ္ ဝင္ေရာက္ေဆာင္ရႊက္ေနရင္းနဲ႔ သူရဲ႕ထင္ျမင္ခ်က္ေတြကို ေျပာဆုိလာခဲ႔ပါတယ္။ အာဆင္ဝင္းဂါးက “ကြ်န္ေတာ္ကေတာ့ ခ်ာကာကုိ တကယ့္ထက္ျမက္လွတဲ႔ ကစားသမားတစ္ေယာက္လုိပဲ ထင္ျမင္ယူဆမိပါတယ္။ ၿပီးခဲ႔တဲ႔ရက္ပုိင္းေတြအတြင္း ၾကားရသိရခဲ႔တဲ႔ အေၾကာင္းအရာေတြနဲ႔ ဆန္႔က်င့္ေနတဲ႔ ထက္ထက္ျမက္ျမက္သူတစ္ေယာက္ပါ။ ေနာက္ဆုံးေတာ့ သူအေနနဲ႔ အမ္မရီလုိခ်င္ေနတဲ႔ အရာအတုိင္း ခ်ာကာဘက္ကေန ျပန္လည္ေတာင္းပန္ခဲ႔တာပဲ”

Photo Credit : Getty Images

“နည္းျပတစ္ေယာက္အေနနဲ႔ေတာ့ ဒီလုိဆုံးျဖတ္ခ်က္မ်ိဳးေတြနဲ႔ တစ္ခါတစ္ေလ ရင္ဆုိင္ရတတ္တာပါပဲ။ ကြ်န္ေတာ္တုိ႔က နည္းျပတစ္ေယာက္အေနနဲ႔ မေမွ်ာ္လင့္ထားတဲ့ ကိစၥရပ္ေတြနဲ႔လည္း ရင္ဆုိင္ရတာပါပဲေလ။ သင္အေနနဲ႔ ဆုံးျဖတ္ခ်က္ေတြကုိ လ်င္လ်င္ျမန္ျမန္ ခ်မွတ္ရမွာပါ။ ကြ်န္ေတာ္ထင္တာကေတာ့ အာဆင္နယ္အသင္းဟာ ကမာၻေပၚမွာ ေလးစားမႈခံယူထားရတဲ႔ အသင္းတစ္သင္းလုိ႔ပဲ ထင္ျမင္မိပါတယ္။ ဘာလုိ႔လဲဆုိေတာ့ အာဆင္နယ္က တန္ဖုိးေပါင္းမ်ားစြာနဲ႔ တည္ေဆာက္ထားတဲ႔ အသင္းျဖစ္တဲ႔အျပင္ လူတုိင္းကလည္း ဒီတန္ဖုိးေတြကုိ အားလုံးေလးစားတတ္ၾကလုိ႔ျဖစ္ၿပီး ဒီအသင္းမွာ ကုိင္တြယ္ေနတဲ႔ နည္းျပေတြကုိလည္း အားလုံးက ေလးစားၾကပါတယ္” လုိ႔ ဖြင့္ဟေျပာဆုိလာခဲ႔ပါတယ္။

Photo Credit : Getty Images

လက္ရွိမွာေတာ့ အူႏုိင္းအမ္မရီဟာ အာဆင္နယ္အသင္းရဲ႕ ရလဒ္ေတြ ေတာက္ေလွ်ာက္ဆုိးရႊြားေနတာေၾကာင့္ နည္းျပရာထူးက လႈပ္ခတ္လာခဲ႔ၿပီး အာဆင္နယ္အသင္းဘက္ကေနလည္း ခ်ယ္လ္ဆီး မန္ခ်က္စတာယူႏုိက္တက္အသင္းတုိ႔ရဲ႕နည္းျပေဟာင္း ဟုိေဆးေမာ္ရင္ဟုိကုိ ခ်ိတ္ဆက္မႈေတြ ရွိေနတာျဖစ္လုိ႔ အမ္မရီရဲ႕အနာဂတ္က မေရမရာျဖစ္လုိ႔ေနပါတယ္။ အာဆင္နယ္နည္းျပေဟာင္း အာဆင္ဝင္းဂါးမွာလည္း အာဆင္နယ္ကေန ထြက္ခြာၿပီးကတည္းက အသင္းလက္မဲ႔ျဖစ္ေနရၿပီး လက္ရွိမွာေတာ့ နည္းျပသစ္ရွာေဖြလုိ႔ေနတဲ႔ ဘုိင္ယန္ျမဴးနစ္အသင္းနဲ႔ သတင္းေတြ အေတာ္ေလး ထြက္ေပၚလ်က္ရွိလုိ႔ေနပါတယ္။

(Unicode)

ချာကာဆီကနေ အသင်းခေါင်းဆောင်ရာထူး ရပ်စဲလိုက်ခြင်းအကြောင်း ဝင်ဂါးသုံးသပ်ပြောဆို

အာဆင်နယ်နဲ့ ခရစ္စတယ်ပဲလေ့စ်အသင်းတို့ ကစားသွားခဲ့ကြတဲ့ လန်ဒန်ဒါဘီပရီးမီးယားလိဂ်ပွဲစဉ်အတွင်းမှာ လူစားလဲလှယ်ခံရရင်းနဲ့ အသင်းပရိသတ်တွေရဲ့ဝိုင်းဝန်းအော်ဟစ်လှောင်ပြောင်မှုအပေါ် မကျေမနပ်ဖြစ်ခဲ့ရလို့ ဒေါသတကြီး ပြန်လည်တုန့်ပြန်ခဲ့တဲ့ အာဆင်နယ်အသင်းခေါင်းဆောင် ကွင်းလယ်ကစားသမားချာကာကို ဒီပွဲအပြီးမှာပဲ အာဆင်နယ်ပရိသတ်တွေက ချာကာကို အသင်းခေါင်းဆောင်ရာထူးကနေ ဖယ်ရှားပစ်ဖို့ တောင်းဆိုဖြစ်ခဲ့ကာ အခုအာဆင်နယ်နည်းပြ အူနိုင်းအမ်မရီက ချာကာကို အသင်းခေါင်းဆောင်အဖြစ်ကနေ ဖယ်ရှားလိုက်ပြီဖြစ်ပါတယ်။

Photo Credit : Getty Images

ဒီအကြောင်းအရာနဲ့ပတ်သက်ပြီး အာဆင်နယ်အသင်းရဲ့ဂန္တဝင်နည်းပြဟောင်းကြီးဖြစ်တဲ့ အာဆင်ဝင်းဂါးက beIN Sports အားကစားရုပ်သံလိုင်းမှာ ဘောလုံးပွဲသုံးသပ်သူအဖြစ် ဝင်ရောက်ဆောင်ရွှက်နေရင်းနဲ့ သူရဲ့ထင်မြင်ချက်တွေကို ပြောဆိုလာခဲ့ပါတယ်။ အာဆင်ဝင်းဂါးက “ကျွန်တော်ကတော့ ချာကာကို တကယ့်ထက်မြက်လှတဲ့ ကစားသမားတစ်ယောက်လိုပဲ ထင်မြင်ယူဆမိပါတယ်။ ပြီးခဲ့တဲ့ရက်ပိုင်းတွေအတွင်း ကြားရသိရခဲ့တဲ့ အကြောင်းအရာတွေနဲ့ ဆန့်ကျင့်နေတဲ့ ထက်ထက်မြက်မြက်သူတစ်ယောက်ပါ။ နောက်ဆုံးတော့ သူအနေနဲ့ အမ်မရီလိုချင်နေတဲ့ အရာအတိုင်း ချာကာဘက်ကနေ ပြန်လည်တောင်းပန်ခဲ့တာပဲ”

Photo Credit : Getty Images

“နည်းပြတစ်ယောက်အနေနဲ့တော့ ဒီလိုဆုံးဖြတ်ချက်မျိုးတွေနဲ့ တစ်ခါတစ်လေ ရင်ဆိုင်ရတတ်တာပါပဲ။ ကျွန်တော်တို့က နည်းပြတစ်ယောက်အနေနဲ့ မမျှော်လင့်ထားတဲ့ ကိစ္စရပ်တွေနဲ့လည်း ရင်ဆိုင်ရတာပါပဲလေ။ သင်အနေနဲ့ ဆုံးဖြတ်ချက်တွေကို လျင်လျင်မြန်မြန် ချမှတ်ရမှာပါ။ ကျွန်တော်ထင်တာကတော့ အာဆင်နယ်အသင်းဟာ ကမ္ဘာပေါ်မှာ လေးစားမှုခံယူထားရတဲ့ အသင်းတစ်သင်းလို့ပဲ ထင်မြင်မိပါတယ်။ ဘာလို့လဲဆိုတော့ အာဆင်နယ်က တန်ဖိုးပေါင်းများစွာနဲ့ တည်ဆောက်ထားတဲ့ အသင်းဖြစ်တဲ့အပြင် လူတိုင်းကလည်း ဒီတန်ဖိုးတွေကို အားလုံးလေးစားတတ်ကြလို့ဖြစ်ပြီး ဒီအသင်းမှာ ကိုင်တွယ်နေတဲ့ နည်းပြတွေကိုလည်း အားလုံးက လေးစားကြပါတယ်” လို့ ဖွင့်ဟပြောဆိုလာခဲ့ပါတယ်။

Photo Credit : Getty Images

လက်ရှိမှာတော့ အူနိုင်းအမ်မရီဟာ အာဆင်နယ်အသင်းရဲ့ ရလဒ်တွေ တောက်လျှောက်ဆိုးရွွှားနေတာကြောင့် နည်းပြရာထူးက လှုပ်ခတ်လာခဲ့ပြီး အာဆင်နယ်အသင်းဘက်ကနေလည်း ချယ်လ်ဆီး မန်ချက်စတာယူနိုက်တက်အသင်းတို့ရဲ့နည်းပြဟောင်း ဟိုဆေးမော်ရင်ဟိုကို ချိတ်ဆက်မှုတွေ ရှိနေတာဖြစ်လို့ အမ်မရီရဲ့အနာဂတ်က မရေမရာဖြစ်လို့နေပါတယ်။ အာဆင်နယ်နည်းပြဟောင်း အာဆင်ဝင်းဂါးမှာလည်း အာဆင်နယ်ကနေ ထွက်ခွာပြီးကတည်းက အသင်းလက်မဲ့ဖြစ်နေရပြီး လက်ရှိမှာတော့ နည်းပြသစ်ရှာဖွေလို့နေတဲ့ ဘိုင်ယန်မြူးနစ်အသင်းနဲ့ သတင်းတွေ အတော်လေး ထွက်ပေါ်လျက်ရှိလို့နေပါတယ်။