လက္ရွိအခ်ိန္အထိ ဥေရာပရဲ႕ေႏြရာသီအေျပာင္းအေရႊ႕ေစ်းကြက္က လႈပ္လႈပ္ရွားရွားျဖစ္ေနဆဲဆုိေပမယ့္ အဂၤလန္ပရီးမီးယားလိဂ္အေျပာင္းအေရႊ႕ကေတာ့ ရာသီသစ္မစတင္ခင္ ၿပီးခ့ဲတ့ဲၾကာသပေတးေန႔မွာပဲ ၿပီးဆံုးခ့ဲၿပီျဖစ္ပါတယ္။ အာဆင္နယ္အသင္းအေနနဲ႔လည္း ေႏြရာသီအေျပာင္းအေရႊ႕စစခ်င္းမွာ ေျပာင္းေရႊ႕ေၾကးအသံုးစရိတ္ ေပါင္ (၄၅) သန္းပဲ ရရွိထားတယ္လို႔ သတင္းမ်ားထြက္ေပၚခ့ဲေပမယ့္ ေနာက္ပိုင္းမွာေတာ့ လိုင္လီအသင္းရဲ႕ ေတာင္ပံကစားသမား နီကိုးလပ္စ္ပီပီကုိ ကလပ္စံခ်ိန္တင္ေျပာင္းေရႊ႕ေၾကးနဲ႔ ေခၚယူခ့ဲတ့ဲအျပင္ ဆဲလ္တစ္အသင္းရဲ႕ဘယ္ေနာက္ခံလူ တီယာေနး၊ ခ်ဲလ္ဆီးအသင္းရဲ႕ ဗဟိုေနာက္ခံလူ ေဒးဗစ္လုဇ္တုိ႔ကို အေျပာင္းအေရႊ႕ေနာက္ဆံုးရက္ေတြမွာ ထပ္မံေခၚယူၿပီး အေျပာင္းအေရႊ႕ကာလကို ႏႈတ္ဆက္ခ့ဲပါတယ္။

အာဆင္နယ္အသင္းအေနနဲ႔ ဘရာဇီးလူငယ္ၾကယ္ပြင့္ မာတီနယ္လီကို ေခၚယူခ့ဲသလို၊ ရီးရဲယ္မက္ဒရစ္အသင္းရဲ႕ ကြင္းလယ္ကစားသမား စီဘယ္လို႔စ္ကို တစ္ရာသီအငွားစာခ်ဳပ္၊ စိန္႔အက္တီယန္အသင္းရဲ႕ေနာက္ခံလူ ဆာလီဘာတုိ႔ကိုလည္း ေခၚယူခ့ဲေပမယ့္ လက္ရွိထြက္ေပၚလာတ့ဲ အခ်က္အလက္မ်ားအရ ၿပီးခ့ဲတ့ဲေႏြရာသီအေျပာင္းအေရႊ႕မွာ အာဆင္နယ္အသင္းရဲ႕ ကုန္က်စရိတ္က စုစုေပါင္း ေပါင္ (၂၂.၅) သန္းပဲ ကုန္က်ခ့ဲတာျဖစ္ပါတယ္။ အာဆင္နယ္အသင္းအေနနဲ႔ နီကိုးလပ္စ္ပီပီကို ကလပ္စံခ်ိန္တင္ေျပာင္းေရႊ႕ေၾကးျဖစ္တ့ဲ ေပါင္ (၇၂) သန္းေပးေခ်ၿပီး ေခၚယူခ့ဲတ့ဲအေျပာင္းအေရႊ႕မွာပဲ ကစားသမားရဲ႕ စာခ်ဳပ္သက္တမ္းရွိေနသမွ် ကာလပတ္လုံုးအတြက္ ေျပာင္းေရႊ႕ေၾကးကို အရစ္က်ေပးေခ်ရမယ္လုိ႔ ပရိသတ္အမ်ားစုက သိထားၾကေပမယ့္ တျခားကစားသမားေတြကုိ ေခၚယူတ့ဲေနရာမွာလည္း အာဆင္နယ္အသင္းအေနနဲ႔ အလားတူနည္းလမ္းေတြကို အသံုးျပဳခ့ဲတာျဖစ္ပါတယ္။

အာဆင္နယ္အသင္းအေနနဲ႔ နီကိုးလပ္စ္ပီပီအတြက္ ေျပာင္းေရႊ႕ေၾကးေပါင္ (၇၂) သန္းအနက္ သန္း (၂၀) ကို လက္ငင္းေပးေခ်ခ့ဲရၿပီး လက္က်န္ (၄) ႏွစ္မွာ တစ္ႏွစ္ကို ေပါင္ (၁၃) သန္းစီေပးေခ်သြားရမွာျဖစ္သလို စိန္႔အက္တီယန္အသင္းထံ ျပန္လည္အငွားခ်ထားတ့ဲ ေနာက္ခံလူ ဆာလီဘာအတြက္ ေျပာင္းေရႊ႕ေၾကး ေပါင္ (၂၇) သန္းအနက္ လက္ရွိအခ်ိန္မွာ ေပါင္ (၅) သန္းေပးေခ်ထားရၿပီး ေနာက္ထပ္ (၄) ႏွစ္အတြင္း တစ္ႏွစ္ကို ေပါင္ (၅.၅) သန္းဆီ ေပးေခ်သြားရမွာျဖစ္ပါတယ္။ ခ်ဲလ္ဆီးအသင္းရဲ႕ ေနာက္ခံလူ ေဒးဗစ္လုဇ္ကို ေပါင္ (၈) သန္းနဲ႔ ေခၚယူခ့ဲတ့ဲေနရာမွာေတာင္ အာဆင္နယ္အသင္းအေနနဲ႔ ေပါင္ (၄) သန္းသာ ေပးေခ်ထားရၿပီး လက္က်န္ေပါင္ (၄) သန္းကို လာမယ့္ႏွစ္မွသာ ေပးေခ်ရမွာျဖစ္ပါတယ္။

မာတီနယ္လီအတြက္ အသံုးျပဳခ့ဲတ့ဲ ေျပာင္းေရႊ႕ေၾကး ေပါင္ (၆) သန္းမွာလည္း တစ္ႏွစ္ကုိေပါင္ (၂) သန္းနဲ႔ (၃) ႏွစ္အရစ္က်ေပးေခ်သြားမွာျဖစ္ၿပီး စီဘယ္လို႔စ္ကို တစ္ရာသီအငွားနဲ႔ေခၚယူရာမွာ ေပါင္ (၅) သန္းသာ အသံုးျပဳခ့ဲရတာေၾကာင့္ အာဆင္နယ္အသင္းအေနနဲ႔ ကစားသမားသစ္ေတြအတြက္ စုုစုေပါင္း ေပါင္ (၄၆) သန္းသာ အသံုးျပဳခ့ဲရတာျဖစ္ပါတယ္။ ဒါ့အျပင္ အာဆင္နယ္အသင္းဟာ အီဝုိဘီကို အဲဗာတန္အသင္းထံ ေျပာင္းေရႊ႕ေၾကး ေပါင္ (၃၄) သန္းနဲ႔ ေရာင္းခ်ထားတ့ဲေနရာကတစ္ဆင့္ အေျပာင္းအေရႊ႕ တစ္စိတ္တစ္ပိုင္းကို ရရွိထားၿပီး ကုိစီရယ္လ္နီ၊ ယန္ကင္ဆန္၊ ေအာ့စ္ပင္္နာတုိ႔ကုိ လက္လႊတ္ထားတ့ဲအေျခအေနေတြကလည္း စုစုေပါင္း ေျပာင္းေရႊ႕ေၾကး ေပါင္သန္း (၃၀) နီးပါး ျပန္ရဖို႔ရွိေနတာလည္း ျဖစ္ပါတယ္။ ၿပီးခ့ဲတ့ဲေႏြရာသီမွာ အာဆင္နယ္အသင္းအေနနဲ႔ အခုလို ရစရာရွိတ့ဲ ေျပာင္းေရႊ႕ေၾကးမ်ားထဲမွ ေျပာင္းေရႊ႕ေၾကး ေပါင္ (၂၃.၅) သန္းကို ျပန္လည္ရရွိခ့ဲတာေၾကာင့္ ေႏြရာသီအေျပာင္းအေရႊ႕မွာ အာဆင္နယ္အသင္းရဲ႕ အသားတင္အသံုးစရိတ္က ေပါင္ (၂၂.၅) သန္းသာ ရွိခ့ဲတာလည္း ျဖစ္ပါတယ္။ အာဆင္နယ္အသင္းရဲ႕ အေျပာင္းအေရႊ႕လႈပ္ရွားမႈက ခ်ီးက်ဴးစရာျဖစ္ခ့ဲရၿပီး ကစားသမားသစ္ေတြရဲ႕ တစ္ပတ္လုပ္ခကလည္း ေပါင္ (၅) ေသာင္းကေန (၇) ေသာင္းအထိသာရွိမွာျဖစ္ေပမယ့္ လက္ရွိေဘာလံုးရာသီခ်န္ပီယံလိဂ္ၿပိဳင္ပြဲကို လြဲေခ်ာ္ခ့ဲရတာေၾကာင့္ ေသခ်ာေပါက္ရရွိႏုိင္မယ့္ ဆုေၾကးေငြ ေပါင္သန္း (၅၀) နဲ႔ေတာ့ လြဲေခ်ာ္ခ့ဲရပါတယ္။

(Unicode)

လက်ရှိအချိန်အထိ ဥရောပရဲ့နွေရာသီအပြောင်းအရွှေ့စျေးကွက်က လှုပ်လှုပ်ရှားရှားဖြစ်နေဆဲဆိုပေမယ့် အင်္ဂလန်ပရီးမီးယားလိဂ်အပြောင်းအရွှေ့ကတော့ ရာသီသစ်မစတင်ခင် ပြီးခဲ့တဲ့ကြာသပတေးနေ့မှာပဲ ပြီးဆုံးခဲ့ပြီဖြစ်ပါတယ်။ အာဆင်နယ်အသင်းအနေနဲ့လည်း နွေရာသီအပြောင်းအရွှေ့စစချင်းမှာ ပြောင်းရွှေ့ကြေးအသုံးစရိတ် ပေါင် (၄၅) သန်းပဲ ရရှိထားတယ်လို့ သတင်းများထွက်ပေါ်ခဲ့ပေမယ့် နောက်ပိုင်းမှာတော့ လိုင်လီအသင်းရဲ့ တောင်ပံကစားသမား နီကိုးလပ်စ်ပီပီကို ကလပ်စံချိန်တင်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူခဲ့တဲ့အပြင် ဆဲလ်တစ်အသင်းရဲ့ဘယ်နောက်ခံလူ တီယာနေး၊ ချဲလ်ဆီးအသင်းရဲ့ ဗဟိုနောက်ခံလူ ဒေးဗစ်လုဇ်တို့ကို အပြောင်းအရွှေ့နောက်ဆုံးရက်တွေမှာ ထပ်မံခေါ်ယူပြီး အပြောင်းအရွှေ့ကာလကို နှုတ်ဆက်ခဲ့ပါတယ်။

အာဆင်နယ်အသင်းအနေနဲ့ ဘရာဇီးလူငယ်ကြယ်ပွင့် မာတီနယ်လီကို ခေါ်ယူခဲ့သလို၊ ရီးရဲယ်မက်ဒရစ်အသင်းရဲ့ ကွင်းလယ်ကစားသမား စီဘယ်လို့စ်ကို တစ်ရာသီအငှားစာချုပ်၊ စိန့်အက်တီယန်အသင်းရဲ့နောက်ခံလူ ဆာလီဘာတို့ကိုလည်း ခေါ်ယူခဲ့ပေမယ့် လက်ရှိထွက်ပေါ်လာတဲ့ အချက်အလက်များအရ ပြီးခဲ့တဲ့နွေရာသီအပြောင်းအရွှေ့မှာ အာဆင်နယ်အသင်းရဲ့ ကုန်ကျစရိတ်က စုစုပေါင်း ပေါင် (၂၂.၅) သန်းပဲ ကုန်ကျခဲ့တာဖြစ်ပါတယ်။ အာဆင်နယ်အသင်းအနေနဲ့ နီကိုးလပ်စ်ပီပီကို ကလပ်စံချိန်တင်ပြောင်းရွှေ့ကြေးဖြစ်တဲ့ ပေါင် (၇၂) သန်းပေးချေပြီး ခေါ်ယူခဲ့တဲ့အပြောင်းအရွှေ့မှာပဲ ကစားသမားရဲ့ စာချုပ်သက်တမ်းရှိနေသမျှ ကာလပတ်လုုံးအတွက် ပြောင်းရွှေ့ကြေးကို အရစ်ကျပေးချေရမယ်လို့ ပရိသတ်အများစုက သိထားကြပေမယ့် တခြားကစားသမားတွေကို ခေါ်ယူတဲ့နေရာမှာလည်း အာဆင်နယ်အသင်းအနေနဲ့ အလားတူနည်းလမ်းတွေကို အသုံးပြုခဲ့တာဖြစ်ပါတယ်။

အာဆင်နယ်အသင်းအနေနဲ့ နီကိုးလပ်စ်ပီပီအတွက် ပြောင်းရွှေ့ကြေးပေါင် (၇၂) သန်းအနက် သန်း (၂၀) ကို လက်ငင်းပေးချေခဲ့ရပြီး လက်ကျန် (၄) နှစ်မှာ တစ်နှစ်ကို ပေါင် (၁၃) သန်းစီပေးချေသွားရမှာဖြစ်သလို စိန့်အက်တီယန်အသင်းထံ ပြန်လည်အငှားချထားတဲ့ နောက်ခံလူ ဆာလီဘာအတွက် ပြောင်းရွှေ့ကြေး ပေါင် (၂၇) သန်းအနက် လက်ရှိအချိန်မှာ ပေါင် (၅) သန်းပေးချေထားရပြီး နောက်ထပ် (၄) နှစ်အတွင်း တစ်နှစ်ကို ပေါင် (၅.၅) သန်းဆီ ပေးချေသွားရမှာဖြစ်ပါတယ်။ ချဲလ်ဆီးအသင်းရဲ့ နောက်ခံလူ ဒေးဗစ်လုဇ်ကို ပေါင် (၈) သန်းနဲ့ ခေါ်ယူခဲ့တဲ့နေရာမှာတောင် အာဆင်နယ်အသင်းအနေနဲ့ ပေါင် (၄) သန်းသာ ပေးချေထားရပြီး လက်ကျန်ပေါင် (၄) သန်းကို လာမယ့်နှစ်မှသာ ပေးချေရမှာဖြစ်ပါတယ်။

မာတီနယ်လီအတွက် အသုံးပြုခဲ့တဲ့ ပြောင်းရွှေ့ကြေး ပေါင် (၆) သန်းမှာလည်း တစ်နှစ်ကိုပေါင် (၂) သန်းနဲ့ (၃) နှစ်အရစ်ကျပေးချေသွားမှာဖြစ်ပြီး စီဘယ်လို့စ်ကို တစ်ရာသီအငှားနဲ့ခေါ်ယူရာမှာ ပေါင် (၅) သန်းသာ အသုံးပြုခဲ့ရတာကြောင့် အာဆင်နယ်အသင်းအနေနဲ့ ကစားသမားသစ်တွေအတွက် စုုစုပေါင်း ပေါင် (၄၆) သန်းသာ အသုံးပြုခဲ့ရတာဖြစ်ပါတယ်။ ဒါ့အပြင် အာဆင်နယ်အသင်းဟာ အီဝိုဘီကို အဲဗာတန်အသင်းထံ ပြောင်းရွှေ့ကြေး ပေါင် (၃၄) သန်းနဲ့ ရောင်းချထားတဲ့နေရာကတစ်ဆင့် အပြောင်းအရွှေ့ တစ်စိတ်တစ်ပိုင်းကို ရရှိထားပြီး ကိုစီရယ်လ်နီ၊ ယန်ကင်ဆန်၊ အော့စ်ပင််နာတို့ကို လက်လွှတ်ထားတဲ့အခြေအနေတွေကလည်း စုစုပေါင်း ပြောင်းရွှေ့ကြေး ပေါင်သန်း (၃၀) နီးပါး ပြန်ရဖို့ရှိနေတာလည်း ဖြစ်ပါတယ်။ ပြီးခဲ့တဲ့နွေရာသီမှာ အာဆင်နယ်အသင်းအနေနဲ့ အခုလို ရစရာရှိတဲ့ ပြောင်းရွှေ့ကြေးများထဲမှ ပြောင်းရွှေ့ကြေး ပေါင် (၂၃.၅) သန်းကို ပြန်လည်ရရှိခဲ့တာကြောင့် နွေရာသီအပြောင်းအရွှေ့မှာ အာဆင်နယ်အသင်းရဲ့ အသားတင်အသုံးစရိတ်က ပေါင် (၂၂.၅) သန်းသာ ရှိခဲ့တာလည်း ဖြစ်ပါတယ်။ အာဆင်နယ်အသင်းရဲ့ အပြောင်းအရွှေ့လှုပ်ရှားမှုက ချီးကျူးစရာဖြစ်ခဲ့ရပြီး ကစားသမားသစ်တွေရဲ့ တစ်ပတ်လုပ်ခကလည်း ပေါင် (၅) သောင်းကနေ (၇) သောင်းအထိသာရှိမှာဖြစ်ပေမယ့် လက်ရှိဘောလုံးရာသီချန်ပီယံလိဂ်ပြိုင်ပွဲကို လွဲချော်ခဲ့ရတာကြောင့် သေချာပေါက်ရရှိနိုင်မယ့် ဆုကြေးငွေ ပေါင်သန်း (၅၀) နဲ့တော့ လွဲချော်ခဲ့ရပါတယ်။