ပရီးမီးယားလိဂ်ပွဲစဉ်တွေ ပြန်လည်စတင်ခဲ့ပြီးနောက် မန်စီးတီးအသင်းနဲ့ ဆုံတွေ့ခဲ့တဲ့ ပွဲစဉ်မှာ (၃)ဂိုးပြတ်နဲ့ အရေးနိမ့်ခဲ့ရသလို ဘရိုက်တန်အသင်းနဲ့ ကစားခဲ့တဲ့ပွဲစဉ်မှာလည်း စတင်ဦးဆောင်ထားနိုင်ပြီးမှ (၂)ဂိုး(၁)ဂိုးနဲ့ ထပ်မံရှံးနိမ့်ခဲ့ရတဲ့ အာဆင်နယ်အသင်းဟာ ပွဲတွေပြန်လည်မစတင်ခင်မှာ ပြင်ဆင်မှုကောင်းကောင်းမလုပ်ခဲ့ရသလို သူတို့အသင်းမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံခံရတဲ့ ကစားသမားအရေအတွက်ကလည်း (၃)ယောက်အထိတောင် ရှိနေခဲ့လို့ ဒီကစားသမားတွေကိုလည်း လေ့ကျင့်ရေးအစီအစဉ်ကနေ ထုတ်ပယ်ထားခဲ့ရတယ်ဆိုပြီး သတင်းထွက်ပေါ်လာခဲ့ပါတယ်။

Photo Credit : Metro

The Athletic သတင်းမီဒီယာရဲ့ဖော်ပြချက်တွေအရ အာဆင်နယ်ဟာ မန်စီးတီးနဲ့ မကစားရခင် သူတို့အသင်းအတွင်း ဗိုင်းရပ်စ်ကူးစက်မှုပြသာနာ စတင်ဖြစ်ပွားခဲ့ရလို့ ပွဲမတိုင်ခင် စီစဉ်ထားခဲ့သမျှတွေအကုန်လုံး ဖရိုဖရဲဖြစ်သွားခဲ့ရတာလို့ သိရှိရပါတယ်။ ဒီကိစ္စမဖြစ်ပွားခင် ရက်ပိုင်းအလိုတုန်းက အာဆင်နယ်အသင်းအတွင်းမှာ ကစားသမားတစ်ဦး ဗိုင်းရပ်စ်ကူးစက်နေကြောင်းကို အသိပေးထုတ်ပြန်ခဲ့ပြီး အဲ့ဒီကစားသမားကိုလည်း တစ်ဦးတည်းသီးသန့်နေခိုင်းခဲ့ပေမယ့် ကူးစက်ခံနေရတဲ့ ကစားသမားက သူရဲ့အရမ်းကို ရင်းနှီးလှတဲ့ အသင်းဖော်(၂)ဦးနဲ့ အတူရှိနေမိခဲ့တာကြောင့် ကစားသမား(၃)ယောက်လုံး (၂)ပတ်ခန့် Quarantine ဝင်နေခဲ့ရတယ်လို့ ဖော်ပြလာခဲ့ပါတယ်။

Photo Credit : Metro

ဒါပေမယ့် ဒီကစားသမားတွေ ဘယ်သူဘယ်ဝါဆိုတာကိုလည်း မသိရသေးသလို ကူးစက်ခံနေရတဲ့ ကစားသမားတွေဆီမှာ ကိုရိုနာဗိုင်းရပ်စ်နဲ့ပတ်သက်ပြီး ဘာရောဂါလက္ခဏာမှ မပြသေးတာကြောင့် ပိုပြီးတော့ကို ခေါင်းခဲစရာဖြစ်နေခဲ့ရပေမယ့် အာဆင်နယ်အသင်းဘက်ကနေ ဒီကစားသမားတွေကို စစ်ဆေးမှုပြုလုပ်ခဲ့အပြီးမှာတော့ ကစားသမားအားလုံး ဗိုင်းရပ်စ်ပျောက်ကင်းနေပြီဆိုတဲ့ ရလဒ်ထွက်လာခဲ့လို့ အန်စီးတီးအသင်းနဲ့ ကစားရမယ့်ပွဲရဲ့ လူစာရင်းထဲမှာတောင် သူတို့တွေကို ပြန်လည်အသုံးပြုလာခဲ့ပါတယ်။ ဒါပေမယ့် စိုးရိမ်စရာကောင်းတာက သူတို့ရဲ့စစ်ဆေးမှုရလဒ်က ပရီးမီးယားလိဂ်ပြိုင်ပွဲကနေ အတည်ပြုပေးခဲ့တဲ့ ရလဒ်မျိုးမဟုတ်တာကြောင့် စိတ်ချရတဲ့အနေအထားမှာရှိမနေသလို သူတို့နဲ့ယှဉ်ပြိုင်ခဲ့တဲ့ ပြိုင်ဘက်အသင်းတွေအတွက်လည်း စိုးရိမ်စရာတွေ ဖြစ်လာနိုင်ပါတယ်။ ဒါပေမယ့် ဒီသတင်းတွေက မှန်ကန်မှုရှိမရှိဆိုတာ မသေချာသေးပေမယ့် လက်ရှိမှာ အာဆင်နယ်ဟာ ပါဘလိုမာရီ ချာကာနဲ့ ဂိုးသမားလေနိုတို့ကို ဒီရက်ပိုင်းအတွင်း ရရှိခဲ့တဲ့ ဒဏ်ရာပြသာနာတွေကြောင့် လက်လွတ်ဆုံးရှံးရတော့မှာကတော့ လုံးဝကို သေချာနေပါတယ်။