အာဆင္နယ္အသင္းဟာ တုိက္စစ္မွဴး အူဘားမိယန္းရဲ႕ အနီကဒ္အတြက္ အယူခံဝင္ခဲ့ေပမဲ့လည္း မေအာင္ျမင္ခဲ့တာေၾကာင့္ အူဘားမိယန္းအေနနဲ႔ ပဲြစဥ္ (၃) ပဲြလဲြေခ်ာ္သြားေတာ့မွာ ျဖစ္ပါတယ္။ အူဘားမိယန္းဟာ ခရစ္စတယ္ ပဲေလ့စ္အသင္းနဲ႔ ကစားခဲ့တဲ့ ပဲြစဥ္မွာ ျပိဳင္ဘက္ ကြင္းလယ္လူ ေမယာကုိ ၾကမ္းတမ္းစြာ ျဖတ္ထုတ္ခဲ့တာေၾကာင့္ တုိက္ရုိက္ အနီကဒ္ အျပခံခဲ့လုိက္ရပါတယ္။

Photo Credit: Dailymail

နည္းျပ အာတီတာရဲ႕ အာဆင္နယ္အသင္းဟာ ေဘာလုံး အဖဲ႔ြခ်ဳပ္ (FA) ကုိ ဘူဘားမိယန္းရဲ႕ အနီကဒ္ ျပစ္ဒဏ္ နဲ႔ သူ႔ရဲ႕ ျဖတ္ထုတ္မႈကို ျပန္သုံးသပ္ဖုိ႔ အယူခံဝင္ခဲ့ေပမဲ့ က်ရႈံးသြားခဲ့ပါတယ္။ ဒါေၾကာင့္မုိ႔၊ တုိက္စစ္မွဴး အူဘားမိယန္းဟာ ပရီးမီးယားလိဂ္ ပဲြစဥ္ (၂) ပဲြ နဲ႔ အက္ဖ္ေအ ဖလား ပဲြစဥ္ (၁) ပဲြကုိ လဲြေခ်ာ္သြားမွာ ျဖစ္ၿပီး ထုံးစံအတုိင္း စုစုေပါင္း ပဲြစဥ္ (၃) ပဲြ လြဲေခ်ာ္သြားေတာ့မွာပါ။

Photo Credit: Dailymail

အူဘားမိယန္းဟာ ပရီးမီးယားလိဂ္ ၿပိဳင္ပဲြမွာ ရွက္ဖီးလ္း၊ ခ်ဲလ္ဆီးတုိ႔နဲ႔ ကစားရမယ့္ ပဲြစဥ္ေတြကုိ လဲြေခ်ာ္မွာ ျဖစ္ၿပီး အက္ဖ္ေအ ဖလား ၿပိဳင္ပဲြမွာ ဘုန္းေမာက္နဲ႔ ပဲြစဥ္ကုိ လဲြေခ်ာ္မွာပဲ ျဖစ္ပါတယ္။ အူဘားမိယန္းဟာ လက္ရွိရာသီမွာ ပရီးမီးယားလိဂ္ ပဲြစဥ္ (၂၂) ပဲြ ကစားရာမွွာ သြင္းဂုိး (၁၄) နဲ႔ ဂုိးဖန္တီးမႈ (၁) ႀကိမ္ ျပဳလုပ္ထားတာေၾကာင့္ အသင္းရဲ႕ အဓိက တုိက္စစ္မွဴး ျဖစ္ေနခဲ့ပါတယ္။

Photo Credit: Dailymail

အူဘားမိယန္းဟာ ခရစ္စတယ္ပဲေလ့စ္အသင္းနဲ႔ (၁-၁) သေရက် ကစားခဲ့တဲ့ ပဲြစဥ္မွာ ျပိဳင္ဘက္ ကစားသမား ေမယာရဲ႕ ေျခကုိ နင္းမိခဲ့တာအတြက္ စစခ်င္းမွာေတာ့ အဝါကဒ္ပဲ အျပခံရပါတယ္။ ဒါေပမဲ့ အူဘားမိယန္းရဲ႕ ျဖတ္ထုတ္မႈကုိ VAR နဲ႔ ျပန္ၾကည့္တဲ့ အခ်ိန္မွာေတာ့ အဝါကဒ္ ျပစ္ဒဏ္ကေန အနီကဒ္ ျပစ္ဒဏ္ကုိ တုိးသြားခဲ့ၿပီး တုိက္ရုိက္ အနီကဒ္နဲ႔ အထုတ္ခံလုိက္ရတာ ျဖစ္ပါတယ္။

{Unicode}

အာဆင်နယ်အသင်းဟာ တိုက်စစ်မှူး အူဘားမိယန်းရဲ့ အနီကဒ်အတွက် အယူခံဝင်ခဲ့ပေမဲ့လည်း မအောင်မြင်ခဲ့တာကြောင့် အူဘားမိယန်းအနေနဲ့ ပွဲစဉ် (၃) ပွဲလွဲချော်သွားတော့မှာ ဖြစ်ပါတယ်။ အူဘားမိယန်းဟာ ခရစ်စတယ် ပဲလေ့စ်အသင်းနဲ့ ကစားခဲ့တဲ့ ပွဲစဉ်မှာ ပြိုင်ဘက် ကွင်းလယ်လူ မေယာကို ကြမ်းတမ်းစွာ ဖြတ်ထုတ်ခဲ့တာကြောင့် တိုက်ရိုက် အနီကဒ် အပြခံခဲ့လိုက်ရပါတယ်။

Photo Credit: Dailymail

နည်းပြ အာတီတာရဲ့ အာဆင်နယ်အသင်းဟာ ဘောလုံး အဖဲ့ွချုပ် (FA) ကို ဘူဘားမိယန်းရဲ့ အနီကဒ် ပြစ်ဒဏ် နဲ့ သူ့ရဲ့ ဖြတ်ထုတ်မှုကို ပြန်သုံးသပ်ဖို့ အယူခံဝင်ခဲ့ပေမဲ့ ကျရှုံးသွားခဲ့ပါတယ်။ ဒါကြောင့်မို့၊ တိုက်စစ်မှူး အူဘားမိယန်းဟာ ပရီးမီးယားလိဂ် ပွဲစဉ် (၂) ပွဲ နဲ့ အက်ဖ်အေ ဖလား ပွဲစဉ် (၁) ပွဲကို လွဲချော်သွားမှာ ဖြစ်ပြီး ထုံးစံအတိုင်း စုစုပေါင်း ပွဲစဉ် (၃) ပွဲ လွဲချော်သွားတော့မှာပါ။

Photo Credit: Dailymail

အူဘားမိယန်းဟာ ပရီးမီးယားလိဂ် ပြိုင်ပွဲမှာ ရှက်ဖီးလ်း၊ ချဲလ်ဆီးတို့နဲ့ ကစားရမယ့် ပွဲစဉ်တွေကို လွဲချော်မှာ ဖြစ်ပြီး အက်ဖ်အေ ဖလား ပြိုင်ပွဲမှာ ဘုန်းမောက်နဲ့ ပွဲစဉ်ကို လွဲချော်မှာပဲ ဖြစ်ပါတယ်။ အူဘားမိယန်းဟာ လက်ရှိရာသီမှာ ပရီးမီးယားလိဂ် ပွဲစဉ် (၂၂) ပွဲ ကစားရာမှာ သွင်းဂိုး (၁၄) နဲ့ ဂိုးဖန်တီးမှု (၁) ကြိမ် ပြုလုပ်ထားတာကြောင့် အသင်းရဲ့ အဓိက တိုက်စစ်မှူး ဖြစ်နေခဲ့ပါတယ်။

Photo Credit: Dailymail

အူဘားမိယန်းဟာ ခရစ်စတယ်ပဲလေ့စ်အသင်းနဲ့ (၁-၁) သရေကျ ကစားခဲ့တဲ့ ပွဲစဉ်မှာ ပြိုင်ဘက် ကစားသမား မေယာရဲ့ ခြေကို နင်းမိခဲ့တာအတွက် စစချင်းမှာတော့ အဝါကဒ်ပဲ အပြခံရပါတယ်။ ဒါပေမဲ့ အူဘားမိယန်းရဲ့ ဖြတ်ထုတ်မှုကို VAR နဲ့ ပြန်ကြည့်တဲ့ အချိန်မှာတော့ အဝါကဒ် ပြစ်ဒဏ်ကနေ အနီကဒ် ပြစ်ဒဏ်ကို တိုးသွားခဲ့ပြီး တိုက်ရိုက် အနီကဒ်နဲ့ အထုတ်ခံလိုက်ရတာ ဖြစ်ပါတယ်။