မနေ့က အမျိုးသမီး စူပါလိဂ် အမှတ်ပေးပွဲစဉ် (၉)အဖြစ် အာဆင်နယ် အမျိုးသမီးအသင်း နဲ့ ချယ်လ်ဆီး အမျိုးသမီးအသင်းတို့ လန်ဒန်ဒါဘီ ပွဲစဉ်ကို ရင်ဆိုင်ကစားခဲ့ရာ အိမ်ရှင် အာဆင်နယ်က ဂိုးပြတ် အနိုင်ရရှိသွားခဲ့ပါတယ်။

ဒီနှစ် ဘောလုံးရာသီ အစပိုင်းမှာ လီဗာပူးလ်ကို ရှုံးနိမ့်ပြီး မန်ယူနိုက်တက်ကို သရေကျကာ (၂)ပွဲဆက်တိုက် နိုင်ပွဲပျောက်ဆုံးခဲ့ရတဲ့ အာဆင်နယ် အမျိုးသမီးအသင်းဟာ အခုတော့ တောက်လျှောက်ဆိုသလို ရလဒ်တွေ ဆက်တိုက် ကောင်းမွန်လာခဲ့ရပါတယ်။

Photo Credit : Arsenal Women X

ရာသီအစ အဖွင့်ပွဲ (၂)ပွဲ ရလဒ်မကောင်းခဲ့ပြီး နောက်ပိုင်း တောက်လျှောက် အနိုင်ရလာခဲ့တဲ့ အာဆင်နယ်ဟာ မနေ့ကတော့ ဒီရာသီမှာ လုံးဝကို ရှုံးပွဲမရှိသေးတဲ့ ချယ်လ်ဆီး အမျိုးသမီးအသင်းနဲ့ ထိပ်တိုက် ရင်ဆိုင်ရပြီး ချယ်လ်ဆီးကိုလည်း (၄)ဂိုး (၁)ဂိုးဆိုတဲ့ ရလဒ်နဲ့ပါ အနိုင်ယူလိုက်ပြန်ပါတယ်။

Emirates ကွင်းကြီးမှာ ယှဉ်ပြိုင်ကစားခဲ့ကြတဲ့ ဒီလန်ဒန်ဒါဘီပွဲစဉ်မှာ အိမ်ရှင် အာဆင်နယ်အသင်းက ပထမပိုင်း ပွဲချိန်အတွင်းမှာ မြို့ခံပြိုင်ဘက် ချယ်လ်ဆီးကို (၃)ဂိုး (၁)ဂိုးနဲ့ ပြတ်ပြတ်သားသား ဦးဆောင်ထားနိုင်ခဲ့သလို ပွဲအပြီးမှာလည်း (4-1) နဲ့ အနိုင်ယူခဲ့ပါတယ်။

Photo Credit : Arsenal Women X

အခုလို နိုင်ပွဲ ရရှိခဲ့တဲ့ အာဆင်နယ် အမျိုးသမီးအသင်းဟာ ချယ်လ်ဆီးအမျိုးသမီးအသင်းနဲ့ ရမှတ် (၂၂)မှတ်ချင်း တူညီသွားခဲ့ပြီဖြစ်ပြီး ဂိုးကွာခြားချက်ကြောင့်သာ ချယ်လ်ဆီးက ဇယားထိပ်မှာ ဆက်လက် ရပ်တည်နေတာပဲ ဖြစ်ပါတယ်။

အာဆင်နယ် အမျိုးသမီးအသင်းဟာ WSL အမှတ်ပေးပြိုင်ပွဲရဲ့ အအောင်မြင်ဆုံး ကလပ်အသင်း ဖြစ်ပေမယ့်လည်း နောက်ဆုံး (၄)နှစ်ဆက်တိုက် ချယ်လ်ဆီး အမျိုးသမီးအသင်းကသာ WSL ချန်ပီယံဆုကို သိမ်းပိုက်ရယူထားနိုင်ခဲ့ပါတယ်။