လန်ဒန်မြို့ခံ ပြိုင်ဘက်အသင်းတွေဖြစ်ကြတဲ့ အာဆင်နယ် နဲ့ ချယ်လ်ဆီးအသင်းတို့ဟာ ကွင်းအတွင်းမှာပါ ပြိုင်ဆိုင်မှု ပြင်းထန်ကြတာမဟုတ်ပဲ ကစားသမားသစ် ခေါ်ယူမှုမှာလည်း အမြဲတမ်းလိုလို အပြိုင်အဆိုင် ဖြစ်နေတက်ပြီး အခုလည်း ဗစ်တာ အိုဆီမန်ကို အပြိုင်ပစ်မှတ်ထားနေပြန်ပါတယ်။

လက်ရှိမှာ အာဆင်နယ်ရော ချယ်လ်ဆီးအသင်းတို့က အထောင်တိုက်စစ် နေရာအတွက် အရည်အသွေးမြင့် တိုက်စစ်မှူးတစ်ဦးကို လိုအပ်နေကြပြီး ပြီးခဲ့တဲ့ ဆောင်းဈေးကွက်မှာလည်း တိုက်စစ်မှူး ဖြည့်တင်းနိုင်ခြင်း မရှိခဲ့လို့ လာမယ့်နွေမှပဲ ခေါ်ယူနိုင်ဖွယ် ရှိနေပါတယ်။

Photo Credit : Football Transfer

အဲ့ဒီအတွက် ချယ်လ်ဆီးရော အာဆင်နယ်ရောဟာ အိုင်ဗန် တိုနေး ၊ ဒူဆန် ဗလာဟိုဗစ် ၊ ဗစ်တာ အိုဆင်မန် အစရှိတဲ့ တိုက်စစ်မှူးတွေကို အပြိုင်ပစ်မှတ်ထားလို့နေပြီး ဒီကစားသမားတွေထဲကမှ နာပိုလီ တိုက်စစ်မှူး အိုဆီမန်ကတော့ လာမယ့်နွေမှာ သေချာပေါက် အသင်းအပြောင်းအလဲ လုပ်ဆောင်ဖို့ ရှိနေပါတယ်။

နိုင်ဂျီးရီးယား လက်ရွေးစင် တိုက်စစ်မှူး အိုဆီမန်က လာမယ့်နွေမှာ သူ့ကစားသမားဘဝကို တစ်ဆင့်မြင့်တက်နိုင်ဖို့အတွက် ဆုံးဖြတ်ချက် ချမှတ်ထားတယ်လို့ လူသိရှင်ကြား ပြောဆိုထားပြီး နာပိုလီကနေ သေချာပေါက် ထွက်ခွာနိုင်မယ့် အခြေအနေလည်း ရှိနေရပါတယ်။

Photo Credit : Football Transfer

ဒါကြောင့်ပဲ သူ့ကို ဥရောပ ထိပ်သီး ကလပ်အသင်းတွေက အပြိုင်ပစ်မှတ်ထားလာခဲ့ပြီး ဒီထဲမှ ချယ်လ်ဆီးအသင်းက ထိပ်ဆုံးကနေ ပါဝင်နေပေမယ့် ချယ်လ်ဆီးရဲ့ လန်ဒန်မြို့ခံ အာဆင်နယ်အသင်းကလည်း အိုဆီမန်ကို လက်ဦးမှု ရယူနိုင်ဖို့ ချယ်လ်ဆီးနဲ့အပြိုင် ကြိုးပမ်းသွားဖွယ် ရှိနေပါတယ်။

တစ်ခုရှိတာကတော့ လက်ရှိ အနေအထားတွေအရ ချယ်လ်ဆီးက လာမယ့်ရာသီမှာ ဥရောပဝင်ခွင့် ရရှိအောင်တောင် ခက်ခက်ခဲခဲ ရုန်းကန်ရနိုင်ပြီး အာဆင်နယ်ကတော့ ချန်ပီယံလိဂ်ဝင်ခွင့်ကို (၂)ရာသီဆက်တိုက် ရရှိနိုင်တာက အိုဆီမန်အတွက် စဉ်းစားစရာ ဖြစ်လာနိုင်ပါတယ်။