အာဆင်နယ်အသင်းဟာ အသင်းရဲ့ တိုက်စစ်ပိုင်းကို အင်အားမြင့်တင်ဖို့အတွက် ပစ်မှတ်ဟောင်းဖြစ်ခဲ့ဖူးသူ စပိန် တိုက်စစ်ကစားသမား ဖယ်ရန်တောရက်စ်ကို ခေါ်ယူဖို့အတွက် နောက်တစ်ကြိမ် ထပ်မံ ကြိုးပမ်းသွားဖွယ် ရှိနေသလို ဘာစီလိုနာအသင်းကလည်း တောရက်စ်ကို အသင်းကနေ ရောင်းချသွားဖို့ ရှိနေတာကြောင့် ဒီအပြောင်းအရွှေ့က စောင့်ကြည့်ချင်စရာ အခြေအနေကို ရောက်ရှိလာခဲ့ရပါတယ်။

Ferran Torres | 2022/2023 player page | Forward | FC Barcelona Official  website

Photo Credit : FC Barcelona

အသက်(၂၂)နှစ်အရွယ် ဗလင်စီယာ ကစားသမားဟောင်း တောရက်စ်ဟာ ပြီးခဲ့တဲ့ ၂၀၂၁ခုနှစ် ဇန်နဝါရီလမှာပဲ မန်ချက်စတာစီးတီးအသင်းကနေ ဘာစီလိုနာအသင်းဆီကို (၅)နှစ်စာချုပ်နဲ့ ပြောင်းရွှေ့လာခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့် တောရက်စ်ဟာ ဒီရာသီ ဘာစီလိုနာအသင်းမှာ (၇)ပွဲသာ ပွဲထွက်ကစားသမားအဖြစ် ပါဝင်ခဲ့ရပြီး ကျန်တဲ့ပွဲစဉ်တွေမှာ လူစားဝင် ကစားသမားအဖြစ်နဲ့သာ ကစားခဲ့ရသလို အသင်းမှာကလည်း လီဝန်ဒေါစကီး ရာဖင်ညာ ဒမ်ဘီလီ ဖာတီ ဒီပိုင်းတို့လို တိုက်စစ်ကစားသမားတွေ အလျှံအပယ် ရှိနေတာကြောင့် ပုံမှန်နေရာရဖို့က ခက်ခဲလာခဲ့ရပါတယ်။

Photo Credit : Everything Barca

ဒါ့အြ့ပင် ဘာစီလိုနာနည်းပြ ဇာဗီကိုယ်တိုင် တောရက်စ်ရဲ့ ခြေစွမ်းပိုင်းတွေကို သဘောမကျတာကြောင့် လာမယ့် ဈေးကွက်အတွင်း အသင်းကနေ ရောင်းထုတ်သွားဖို့အတွက်ပါ စဉ်းစားလာခဲ့ရာ ဒီအခွင့်အရေးကို အာဆင်နယ်အသင်းဘက်က အမိအရ ဆုပ်ကိုင်သွားဖွယ် ရှိနေရပါတယ်။ အာဆင်နယ်အသင်းက တောရက်စ်ကို ယခင်ကတည်းက ပစ်မှတ်ထားနေခဲ့တာဖြစ်ပြီး တောရက်စ် မန်စီးတီးကနေ ဘာစီလိုနာဆီ မပြောင်းရွှေ့ခင်က ခေါ်ယူဖို့ ပြင်ဆင်ခဲ့ဖူးပါတယ်။ အခုတစ်ကြိမ်မှာတော့ တောရက်စ်ကို ထပ်မံ ကမ်းလှမ်းဖို့ အခွင့်အရေး ပြန်ရလာခဲ့ပြီးဖြစ်ပြီး အေစီမီလန်အသင်းနဲ့အပြိုင် ကမ်းလှမ်းရဖွယ်လည်း ရှိနေပါတယ်။ လက်ရှိမှာ နည်းပြအာတီတာရဲ့ အာဆင်နယ်အသင်းဟာ ပရီးမီးယားလိဂ် အမှတ်ပေးဇယားရဲ့ ထိပ်ဆုံးနေရာမှာ ရပ်တည်လို့နေပြီး နှစ်ပေါင်းများစွာ အလှမ်းဝေးနေတဲ့ အမှတ်ပေးချန်ပီယံဆုကို ပြန်လည် သိမ်းပိုက်နိုင်ဖို့ အခြေအနေကောင်းနေရပေမယ့် မမျှော်လင့်ပဲ အသင်းရဲ့ အားအထားရဆုံး တိုက်စစ်ကစားသမား ဂါဘရီရယ်ဂျေဇူးက ၂၀၂၂ကာတာကမ္ဘာ့ဖလားပြိုင်ပွဲအတွင်း ဒူးဒဏ်ရာ ရရှိသွားတာကြောင့် သူ့နေရာမှာ အစားထိုးဖို့အတွက် ကစားသမားတစ်ဦး မဖြစ်မနေ လိုအပ်လာခဲ့ရပါတယ်။ လတ်တလောမှာတော့ အာဆင်နယ်ဟာ တောရက်စ်အပြင် တောရက်စ်ရဲ့ ကလပ်အသင်းဖော် ဒီပိုင်းကို စိတ်ဝင်စားလျက် ရှိနေတယ်လို့ သိရပါတယ်။