MySport Myanmar

ကစားခွင့် ရချိန်တိုင်းမှာ ခြေစွမ်းပြနိုင်သူ နယ်လ်ဆန်ကို သက်တမ်းတိုးမဲ့ အာဆင်နယ်

အာဆင်နယ်အသင်းက ဘုန်းမောက်အသင်းကို အနိုင်ရခဲ့တဲ့ ပွဲစဥ်မှာ အသင်းအတွက် အကောင်းဆုံး ခြေစွမ်းပြသနိုင်ခဲ့သူ တောင်ပံကစားသမား ရီးစ်နယ်လ်ဆန်ကို စာချုပ်သစ် ချုပ်ဆိုဖိုအတွက် ကြိုးပမ်း လုပ်ဆောင်လျက် ရှိနေတယ်လို သိရှိရပါတယ်။

Photo Credit : Bundesliga

အသက်(၂၃)နှစ်အရွယ်ရှိ အင်္ဂလန် winger လေး နယ်လ်ဆန်ဟာ အာဆင်နယ် လူငယ် အကယ်ဒမီကနေ ထွက်ပေါ်လာခဲ့သူဖြစ်ပြီး ၂၀၁၇ခုနှစ်မှာပဲ အာဆင်နယ် စီနီယာအသင်းအတွက် စတင် ပွဲထွက်ခွင့် ရရှိခဲ့ရင်း ၂၀၁၈-၂၀၁၉ ရာသီမှာ ဟော်ဖန်ဟင်မ်အသင်းနဲ့ ၂၀၂၁-၂၀၂၂ ဘောလုံးရာသီမှာ ဖီယင်နုအသင်းတွေဆီ အငှားထွက် ကစားခဲ့ရပါတယ်။ ဒီရာသီမှာ အာဆင်နယ်အသင်းဆီ ပြန်လည် ရောက်ရှိလာခဲ့တဲ့ နယ်လ်ဆန်က ပရီးမီးယားလိဂ်မှာ (၃)ပွဲသာ ကစားထားရသေးချိန် အသင်းအတွက် (၃)ဂိုး သွင်းယူပြီး (၂)ဂိုး ဖန်တီးပေးနိုင်ခဲ့ပါတယ်။

Photo Credit : Football London

နယ်လ်ဆန်က ဘုန်းမောက်နဲ့ ပွဲစဉ်မတိုင်ခင် နော်တင်ဟမ်ဖောရက်စ်နဲ့ ပွဲစဉ်မှာ ပထမပိုင်း (၂၇)မိနစ်မှာ ဒဏ်ရာရရှိသွားတဲ့ ဆာကာနေရာမှာ ပါဝင်ကစားခဲ့ရင်း (၂)ဂိုးသွင်း (၁)ဂိုး ဖန်တီးပေးနိုင်ခဲ့ပါတယ်။ ဆက်လက်ပြီး ဝုလ်ဗ်နဲ့ ပွဲစဉ်မှာပါ ပါဝင်ခွင့် ရခဲ့ပေမဲ့ တစ်မိနစ်လေးသာ ကစားခဲ့ရတာမို့ ဘာမှ လုပ်ဆောင်မပြနိုင်ခဲ့ပါဘူး။ ဒါပေမဲ့ ဘုန်းမောက်နဲ့ ပွဲစဉ်မှာတော့ (၆၉)မိနစ်အတွင်း ဝင်ကစားခွင့် ရရှိလာခဲ့တဲ့ နယ်လ်ဆန်က အသင်းအတွက် လိုအပ်နေတဲ့ ဒုတိယ ချေပဂိုးကို ဖန်တီပေးနိုင်ခဲ့သလို နာကျင်အချိန်ပိုမှာလည်း အနိုင်ဂိုးကိုပါ သွင်းယူသွားနိုင်ခဲ့ပါတယ်။

Photo Credit : Goal

ဒီလို စွမ်းဆောင်ရည်ကောင်းတွေ ပြသထားနိုင်ခဲ့တဲ့ နယ်လ်ဆန်ဟာ အခုနှစ် ဘောလုံးရာသီအကုန်မှာပဲ အာဆင်နယ်အသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးရတော့မှာဖြစ်လို့ အာဆင်နယ်က သူတို့ရဲ့ ကြယ်ပွင့် ကစားသမားတစ်ဦးကို အလွတ်နဲ့ မဆုံးရှံးရဖို့အတွက် စာချုပ်သက်တမ်း တိုးမြှင့်ဖို့ ပြင်ဆင်လာခဲ့တာ ဖြစ်ပါတယ်။ လက်ရှိမှာတော့ အာဆင်နယ်က နယ်လ်ဆန်ကို သက်တမ်းတိုးဖို့ အခြေအနေ တအားကောင်းနေရပေမဲ့ ပေါင်ဒဏ်ရာက သက်သာပြီးချိန်မှာ အခုထက် ပိုပြီး ပွဲကစားခွင့် ရရှိဖို့က လိုအပ်နေတာကြောင့် အသင်းဘက်ကနေ သူ့ကို ပွဲထွက်ခွင့်ပေးဖို့တော့ မဖြစ်မနေ လိုအပ်ပါလိမ့်မယ်။

Exit mobile version