MySport Myanmar

လူငယ်ကြယ်ပွင့်လေး အိုဘီ မာတင်ကို ဘိုင်ယန်မြူးနစ်ဆီ လက်လွတ်ရတော့မယ့် အာဆင်နယ်

အသက် (၁၆)နှစ်အရွယ်သာ ရှိနေသေးတဲ့ အာဆင်နယ်အသင်းရဲ့ လူငယ်ကြယ်ပွင့် တိုက်စစ်ကစားသမားလေး ချိဒို အိုဘီ မာတင်ဟာ ဂျာမန်ဘီလူးကြီး ဘိုင်ယန်မြူးနစ်အသင်းဆီကို ပြောင်းရွှေ့ဖို့အတွက် ဆွေးနွေးမှုတွေ အသေအချာ ပြုလုပ်လျက် ရှိနေတယ်လို့ သတင်းတွေ ထွက်ပေါ်လာခဲ့ပါတယ်။

ဒိန်းမတ် ယူ-၁၇အသင်းအတွက် ပါဝင်ကစားနေပြီး အာဆင်နယ် လူငယ်အသင်းရဲ့ အရေးအပါဆုံး ကစားသမားဖြစ်တဲ့ အိုဘီ မာတင်ဟာ အသက် (၁၄)နှစ်အရွယ်ကတည်းက အာဆင်နယ် အကယ်ဒမီဆီ ရောက်ရှိလာခဲ့ကာ (၁၅)နှစ်အရွယ်နဲ့ပဲ အာဆင်နယ် ယူ-၂၁အသင်းအတွက်ပါ ပါဝင်ကစားခွင့် ရလာခဲ့ပါတယ်။

Photo Credit : Arsenal FC

ဒီကစားသမားလေးဟာ အသက်အရွယ်အရ ငယ်ရွယ်လွန်းသေးပေမယ့်လည်း သူရဲ့ဂိုးသွင်းအားတွေက ကြောက်ခမန်းလိလိအထိ ဖြစ်နေရပြီး အာဆင်နယ် ယူ-၁၈က လီဗာပူးလ် ယူ-၁၈အသင်းကို (၁၄)ဂိုး (၃)ဂိုးနဲ့ အနိုုင်ရခဲ့တဲ့ပွဲမှာ သူတစ်ဦးတည်း (၁၀)ဂိုး နောဝစ်ချ် ယူ-၁၈ကို အာဆင်နယ် ယူ-၁၉ က (၉)ဂိုး ဂိုးမရှိနဲ့ အနိုင်ရခဲ့တဲ့ ပွဲမှာလည်း သူတစ်ဦးတည်း (၇)ဂိုးတွေအထိ သွင်းယူနိုင်ခဲ့ပါတယ်။

ဒီလို အရည်အသွေးကောင်းတွေကြောင့် အင်္ဂလန် ဘောလုံးအဖွဲ့ချုပ်က အိုဘီ မာတင်ကို ဒိန်းမတ်ထက် အင်္ဂလန်ကိုသာ ကိုယ်စားပြု ကစားပေးဖို့ ဆွဲဆောင်လာခဲ့သလို အာဆင်နယ်ဘက်ကလည်း ဒီကစားသမားလေးကို အသင်းမှာ ဆက်လက် ထိန်းသိမ်းဖို့အတွက် ကြိုးပမ်းမှုတွေ လုပ်ဆောင်ခဲ့ပေမယ့် အိုဘီ မာတင်ကတော့ ပယ်ချခဲ့ပါတယ်။

Photo Credit : Now Arsenal

အိုဘီ မာတင်ဟာ အာဆင်နယ် ယူ-၁၈အသင်းမှာ ဘယ်ကစားသမားမှ မရယူနိုင်ဖူးတဲ့ စံချိန်တစ်ခုပါ တင်နိုင်ခဲ့တဲ့အထိ တောက်ပခဲ့တဲ့ ကစားသမားဖြစ်လို့ အာဆင်နယ် ပရိသတ်တွေက သူ့ကို အသင်းကြီးအထိ ရောက်လာဖို့ ဆန္ဒရှိခဲ့ပေမယ့်လည်း လက်ရှိမှာ အိုဘီ မာတင်ကတော့ အာဆင်နယ်ကို စွန့်ခွာဖို့ သေခာျသလောက် ရှိလာခဲ့ပြီ ဖြစ်ပါတယ်။

အိုဘီ မာတင်ကို ပထမဆုံး ချဉ်းကပ်ခဲ့တာက လူငယ် ကစားသမားလေးတွေကို အကောင်းဆုံး အရောင်တင်ပေးနိုင်တဲ့ ဒေါ့မွန်အသင်းဖြစ်ပြီး အခုတော့ ဒေါ့မွန်ထက် ဘိုင်ယန်က လက်ဦးမှု ရယူနိုင်ခဲ့ပြီး ချယ်လ်ဆီး လူငယ်အသင်းကနေ မူဆီအာလာကို ခေါ်ယူခဲ့သလိုမျိုး အိုဘီ မာတင်ကို အရ ခေါ်ယူနိုင်ဖို့ ကစားသမား အေးဂျင့်နဲ့ အသေအချာလေး ဆွေးနွေးလို့နေပြီ ဖြစ်ပါတယ်။

Exit mobile version