အာဆင်နယ်အသင်းက ပြောင်းရွှေ့ကြေး ပေါင် (၇၂)သန်းအထိ အသုံးပြုပြီး ခေါ်ယူခဲ့ဖူးတဲ့ ကစားသမားတစ်ယောက်ဟာ မျှော်လင့်ထားသလောက် မဖြစ်လာခဲ့ရပဲ flop player တစ်ဦး ဂျင်းမိသွားတဲ့ ကစားသမားတစ်ဦး ဖြစ်သွားခဲ့ရပါတယ်။

Photo Credit : Twitter

အာဆင်နယ်အနေနဲ့ ဒက်ကလန်ရိုက်စ်ကို ဝက်စ်ဟမ်းကနေ ပေါင် (၁၀၅)သန်းနဲ့ မခေါ်ယူခင်က နီကိုးလပ်စ် ပီပီက အာဆင်နယ်အသင်းရဲ့ ပြောင်းရွှေ့ကြေး အများဆုံး ကစားသမားအဖြစ် ရပ်တည်နေပါတယ်။ ဒါပေမယ့် ပီပီဟာ အာဆင်နယ်ရဲ့ စံချိန်တင် ပြောင်းရွှေ့ကြေးရှင် ဖြစ်နေသည့်တိုင် အာဆင်နယ်ဘက်က ဒီကစားသမားနဲ့ အပြီးသတ်သာ စာချုပ်ဖျက်သိမ်းသွားချင်နေပါတယ်။

လိုင်လီမှာ အရမ်းကို ခြေစွမ်းပြသနိုင်ခဲ့လို့ အာဆင်နယ်အနေနဲ့ တခြားအသင်းတွေထက် လက်ဦးမှု ရယူနိုင်ဖို့အတွက် ပေါင် (၇၂)သန်းအထိ သုံးစွဲ ခေါ်ယူခဲ့ရပေမယ့် ပေပေက အာဆင်နယ်အတွက် (၃)ရာသီအတွင်း (၁၁၂)ပွဲအထိ ကစားခဲ့တာတောင် သွင်းဂိုး (၂၇)ဂိုးပဲ သွင်းယူနိုင်ခဲ့ပြီး မနှစ်က ဘောလုံးရာသီမှာတော့ အာဆင်နယ်က ပေပေကို နိုက်စ်အသင်းဆီ အငှားချခဲ့ပါသေးတယ်။

Photo Credit : Goal

လက်ရှိမှာ နိုက်စ်နဲ့ တစ်ရာသီ အငှားပြည့်သွားလို့ အာဆင်နယ်ဆီ ပြန်ရောက်ရှိနေတဲ့ ပေပေကို အာဆင်နယ် နည်းပြ အာတီတာက အသင်းအတွက် ပြန်လည် အသုံးပြုဖို့ ဆန္ဒမရှိတော့ပဲ စာချုပ်ဖျက်သိမ်းဖို့ စီစဉ်နေပေမယ့် လက်ရှိမှာတော့ တူရကီကလပ် ဘက်ဆစ်တပ်စ်အသင်းက ပီပီကို ခေါ်ယူဖို့ စိတ်ဝင်စားလာခဲ့ပါတယ်။

အာဆင်နယ်အသင်းရဲ့ ပရောဂျက်ထဲမှာ လုံးဝ မပါဝင်တော့တဲ့ ပီပီကို ဘက်ဆစ်တပ်စ်က ခေါ်ယူသွားဖို့အတွက် အာဆင်နယ်နဲ့ ဆွေးနွေးမှုတွေ လုပ်ဆောင်နေပြီဖြစ်ပြီး ပီပီအတွက် ပြောင်းရွှေ့ကြေးကို ဘယ်လို ပုံစံမျိုးနဲ့ ပေးချေသွားရမလဲဆိုတာ ညှိနှိုင်း ဆွေးနွေးလျက် ရှိနေပါတယ်။