ပရီးမီးယားလိဂ်ရဲ့ ဖျက်မြင်းအသင်းတွေထဲက တသင်း ဖြစ်တဲ့ ဗီလာရဲ့ ဝါရင့် နောက်ခံလူ အက်ရှလေယန်း ကတော့ ယမန်နေ့ညမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲကျန်မှာ သူတို့ကို အနိုင်ရရှိခဲ့ပြီးနောက် အကြီးအကျယ် အောင်ပွဲခံခဲ့တဲ့ အာဆင်နယ်ကို သူတို့ကို အနိုင်ရရုံနဲ့ ဖလား ရသွားသလို အောင်ပွဲခံနေတဲ့ အသင်းလို့ ပွဲအပြီးမှာ ဝေဖန်သွားခဲ့ပါတယ်။

ပရီးမီးယားလိဂ် ပွဲကျန်အဖြစ် ဗီလာနဲ့ အာဆင်နယ်တို့ဟာ ဗီလာရဲ့အိမ်ကွင်း ဗီလာပါ့တ်မှာ ယှဉ်ပြိုင် ကစားခဲ့ကြရာ အာဆင်နယ်က လူငယ်ကြယ်ပွင့် ဆာကာရဲ့ တလုံးထဲသော သွင်းဂိုးနဲ့အတူ ၀-၁ ဆိုတဲ့ ရလဒ်နဲ့ အနိုင်ရရှိကာ အဖိုးတန် ရမှတ် ၃မှတ်ကို စုဆောင်းနိုင်ခဲ့ပါတယ်။

Photo Credit: Flip Board

အာဆင်နယ်ဟာ ယခုနှစ် ဘောလုံးရာသီမှာ ဥရောပ ချန်ပီယံလိဂ်ဝင်ခွင့်ကို ရရှိဖို့ အတွက် နီးစပ်နေတဲ့ အသင်းတသင်း ဖြစ်ပြီး ဗီလာကို အနိုင်ရခဲ့ပြီးနောက် သူတို့အသင်းဟာ အဆင့်၅နေရာက မန်ချက်စတာ ယူနိုက်တက်ကို တပွဲလျော့ ရမှတ် ၄မှတ် အထိ ဖြတ်တောက်နိုင်ခဲ့ပါတယ်။

ဒါကြောင့်ပဲ အာဆင်နယ် ကစားသမားတွေ အနေနဲ့ ဗီလာကို အဝေးကွင်းမှာ ခက်ခက်ခဲခဲ အနိုင်ရရှိခဲ့ပြီးနောက် သူတို့အသင်းရဲ့ နိုင်ပွဲ အတွက် အောင်ပွဲခံခဲ့ကြပြီး အာဆင်နယ်ရဲ့ အနိုင်ယူမှုကို ခံလိုက်ရတဲ့ ဗီလာ အစွန်နောက်ခံလူ အက်ရှလေယန်း ကတော့ အာဆင်နယ် ကစားသမားတွေရဲ့ အောင်ပွဲခံမှုကို ကြည့်ရဟန် မရှိပဲ သူတို့ကို အနိုင်ယူလိုက်ရုံနဲ့ ဖလားရသလို အောင်ပွဲခံနေတဲ့ အသင်းလို့ ဝေဖန်သွားခဲ့ပါတယ်။

Photo Credit: Flip Board

အက်ရှလေယန်းက – “ခင်ဗျားတို့တွေ အာဆင်နယ်ရဲ့ အောင်ပွဲခံပုံကို မြင်လိုက်ကြလား။ သူတို့ကို ကြည့်ရတာ ကျွန်တော်တို့ကို အနိုင်ရသွားရုံနဲ့ လိဂ်ချန်ပီယံဆုကို ရရှိသွားသလို ပျော်နေတဲ့ပုံပါ။ ဒါကပဲ သူတို့ဟာ ကျွန်တော်တို့ကို အနိုင်ရဖို့ ဘယ်လောက်အထိ ကြိုးစားခဲ့ရလဲ ဆိုတာကို ပြသနေပါတယ်” လို့ ပွဲအပြီးမှာ ထုတ်ဖော် ပြောကြားသွားခဲ့တာလည်း ဖြစ်ပါတယ်။