MySport Myanmar

တင်းဘားကို ခေါ်ပြီးနောက် ကူဒက်ကိုပါ ထပ်ခေါ်ဖို့ ပြင်ဆင်နေတဲ့ အာဆင်နယ်

ပရီးမီးယားလိဂ် အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ အာဆင်နယ်က ယခု နွေဈေးကွက် အတွင်းမှာ ကိုင် ဟားဗက် ၊ တင်းဘား ၊ ဒီကလန်ရိုက်စ် စတဲ့ အရည်အသွေးမြင့် ကစားသမားတွေကို ခေါ်ယူထားနိုင်ပေမယ့် သူတို့အသင်းရဲ့ ကစားသမား အင်အားကို မကျေနပ်သေးတာကြောင့် နောက်ထပ် အေဂျက်ကြယ်ပွင့် တဦး ဖြစ်သူ ကူဒက်ကို ခေါ်ယူရန် စိတ်ဝင်စားနေကြောင်း နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ Daily Mailက အခိုင်အမာ ဖော်ပြလာခဲ့ပါတယ်။

အသက် ၂၂နှစ် အရွယ်သာ ရှိသေးတဲ့ ဂါနာလက်ရွေးစင် ကူဒက်က ကွင်းလယ်တိုက်စစ် ၊ နောက်ချန်တိုက်စစ်နဲ့ ဘယ် ၊ ညာ တောင်ပံနှစ်ဖက်စလုံး အပြင် လိုအပ်ရင် အထောင်တိုက်စစ်မှူး အဖြစ်ပါ ကစားနိုင်စွမ်း ရှိတဲ့ အရည်အသွေးမြင့် လူငယ်ကြယ်ပွင့်ပဲ ဖြစ်ပါတယ်။

Photo Credit: Football 365

ကူဒက်က အေဂျက်အတွက် ပြိုင်ပွဲစုံမှာ ၈၄ပွဲ ပါဝင် ကစားပေးထားရာ သွင်းဂိုး ၂၃ဂိုး သွင်းယူထားနိုင်သလို ဂိုးဖန်တီးမှု ၁၁ကြိမ် အထိ ပြုလုပ်ထားနိုင်ပြီး သူ့ရဲ့ ခြေစွမ်းကောင်းတွေကြောင့် အေဂျက်က သူ့ကို အသင်းမှာ ဆက်ထိန်းထားဖို့ စီစဉ်နေပေမယ့် ကူဒက်ကတော့ ယခု နွေဈေးကွက် အတွင်းမှာပဲ အသင်းပြောင်းဖို့ ဆုံးဖြတ်ထားပါတယ်။

လက်ရှိမှာ အာဆင်နယ် ၊ ဘရိုက်တန်တို့ အပါအဝင် ဥရောပရဲ့ နာမည်ကြီးအသင်း တချို့က ကူဒက်ကို ခေါ်ယူဖို့ စုံစမ်းမှုတွေ ပြုလုပ်နေကြပြီး ကူဒက်ရဲ့ အေးဂျင့်ကတော့ သူ့ရဲ့ ကစားသမားကို ခိုင်မာတဲ့ ရေရှည်စီမံကိန်း တခု ရှိတဲ့ အသင်းဆီ ပို့ဆောင်ပေးချင်နေပါတယ်။

Photo Credit: Team Talk

နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ Daily Mail သတင်းဌာနရဲ့ ဖော်ပြချက်အရ အာဆင်နယ်က ချာကာ ထွက်သွားပြီးနောက် အားနည်းနေတဲ့ သူတို့ရဲ့ ကွင်းလယ်ပိုင်း အတွက် စွယ်စုံရ ကစားသမား ကူဒက်ကို ခေါ်ယူဖို့ စီစဉ်နေပြီး ကူဒက်ကလည်း တင်းဘား ရှိနေတဲ့ အာဆင်နယ်ဆီ ပြောင်းရွှေ့ဖို့ စိတ်ဝင်စားနေကြောင်း သိရပါတယ်။

အေဂျက်ကတော့ ယခု နွေဈေးကွက် အတွင်းမှာ တင်းဘား ၊ တာဒစ်တို့လို အဓိက ကစားသမားတွေကို လက်လွှတ်ထားရတာကြောင့် ကူဒက်ကို လက်မလွှတ်ချင်ပေမယ့် ကူဒက်အတွက် ပြောင်းရွှေ့ကြေး ယူရို ၄၀သန်း ဝန်းကျင် ရရှိရင် ကူဒက်ကို ရောင်းချဖွယ် ရှိနေပါတယ်။

Exit mobile version