အာဆင္နယ္ နည္းျပ အာတီတာဟာ ေနာက္တန္း ဒဏ္ရာျပႆနာကုိ ေျဖရွင္းႏုိင္ဖုိ႔ ကစားသမားသစ္ (၂) ဦး ေခၚယူခ်င္ေပမဲ့ ယခုလ ဇန္နဝါရီလ အေျပာင္းအေရြ႕ ေစ်းကြက္မွာ သုံးေငြ ရမွာ မဟုတ္ဘူးလုိ႔ Sky Sports က ေဖာ္ျပပါတယ္။ နည္းျပ အာတီတာကေတာ့ ခ်ိန္ဘာ၊ ဘယ္လာရင္၊ တီယာေနး နဲ႔ မာတင္နယ္လီတုိ႔ ဒဏ္ရာရေနတာေၾကာင့္ အခုလ ဇန္နဝါရီလ အေျပာင္းအေရြ႕ ေစ်းကြက္မွာ ျဖစ္ႏုိင္ရင္ ကစားသမားသစ္ (၂) ဦး ေခၚယူခ်င္တယ္လုိ႔ ေျပာခဲ့တာ ျဖစ္ပါတယ္။

Photo Credit: talkSPORT

နည္းျပ အာတီတာက “ကြ်န္ေတာ္တုိ႔ ဒဏ္ရာျပႆနာကုိ ေျဖရွင္းဖုိ႔ ကစားသမားေတြ လုိအပ္ၿပီး ပုိ မာေက်ာဖုိ႔ နဲ႔ ပုိက်စ္လစ္ဖုိ႔ လုိအပ္ပါတယ္။ ကြ်န္ေတာ္တုိ႔ကုိ ကူညီေပးမယ့္ ကစားသမားေတြ ရွိရင္ (၁) ဦး ဒါမွမဟုတ္ (၂) ဦး ေခၚယူူရပါမယ္”လုိ႔ ေျပာသြားပါတယ္။ ဒါေပမဲ့ အာဆင္နယ္ဟာ ၿပီးခဲ့တဲ့ အေျပာင္းအေရြ႕ ေစ်းကြက္မွာ ေပေပ၊ လူး၀စ္ နဲ႔ တီယာေနးတုိ႔ကုိ ေခၚယူခဲ့တဲ့ အခ်ိန္မွာ ေပါင္ သန္း (၁၄၀) ခန္႔ သုံးခဲ့တာေၾကာင့္ အခုလ ဇန္နဝါရီလမွာ ထပ္မသုံးေတာ့ဖြယ္ ရွိေနပါတယ္။

Photo Credit: talkSPORT

အာဆင္နယ္အသင္းဟာ ယာယီနည္းျပ ယြန္းဘတ္ကုိ ထုတ္ပစ္ျပီး အသင္း ကစားသမားေဟာင္း မန္စီးတီး နည္းျပ ဂြါဒီယုိလာရဲ႕ လက္ေထာက္နည္းျပ အာတီတာကုိ နည္းျပသစ္အျဖစ္ ခန္႔အပ္တဲ့ အခ်ိန္မွာ မန္ယူအသင္းကို အႏုိင္ရရွိခဲ့ပါတယ္။ အာဆင္နယ္အသင္းဟာ လက္ရွိမွာ ေနာက္တန္း ကစားသမား (၄) ဦး ဒဏ္ရာရေနတာေၾကာင့္ ကစားသမားသစ္ ေခၚယူဖုိ႔ အေရးႀကီးေနေပမဲ့လည္း နည္းျပသစ္ အာတီတာအေနနဲ႔ သုံးေငြ ရရွိမွာ မဟုတ္တာေၾကာင့္ ကစားသမား ေခၚယူဖုိ႔ ခက္ခဲပါတယ္။

{Unicode}

အာဆင်နယ် နည်းပြ အာတီတာဟာ နောက်တန်း ဒဏ်ရာပြဿနာကို ဖြေရှင်းနိုင်ဖို့ ကစားသမားသစ် (၂) ဦး ခေါ်ယူချင်ပေမဲ့ ယခုလ ဇန်နဝါရီလ အပြောင်းအရွေ့ ဈေးကွက်မှာ သုံးငွေ ရမှာ မဟုတ်ဘူးလို့ Sky Sports က ဖော်ပြပါတယ်။ နည်းပြ အာတီတာကတော့ ချိန်ဘာ၊ ဘယ်လာရင်၊ တီယာနေး နဲ့ မာတင်နယ်လီတို့ ဒဏ်ရာရနေတာကြောင့် အခုလ ဇန်နဝါရီလ အပြောင်းအရွေ့ ဈေးကွက်မှာ ဖြစ်နိုင်ရင် ကစားသမားသစ် (၂) ဦး ခေါ်ယူချင်တယ်လို့ ပြောခဲ့တာ ဖြစ်ပါတယ်။

Photo Credit: talkSPORT

နည်းပြ အာတီတာက “ကျွန်တော်တို့ ဒဏ်ရာပြဿနာကို ဖြေရှင်းဖို့ ကစားသမားတွေ လိုအပ်ပြီး ပို မာကျောဖို့ နဲ့ ပိုကျစ်လစ်ဖို့ လိုအပ်ပါတယ်။ ကျွန်တော်တို့ကို ကူညီပေးမယ့် ကစားသမားတွေ ရှိရင် (၁) ဦး ဒါမှမဟုတ် (၂) ဦး ခေါ်ယူူရပါမယ်”လို့ ပြောသွားပါတယ်။ ဒါပေမဲ့ အာဆင်နယ်ဟာ ပြီးခဲ့တဲ့ အပြောင်းအရွေ့ ဈေးကွက်မှာ ပေပေ၊ လူးဝစ် နဲ့ တီယာနေးတို့ကို ခေါ်ယူခဲ့တဲ့ အချိန်မှာ ပေါင် သန်း (၁၄၀) ခန့် သုံးခဲ့တာကြောင့် အခုလ ဇန်နဝါရီလမှာ ထပ်မသုံးတော့ဖွယ် ရှိနေပါတယ်။

Photo Credit: talkSPORT

အာဆင်နယ်အသင်းဟာ ယာယီနည်းပြ ယွန်းဘတ်ကို ထုတ်ပစ်ပြီး အသင်း ကစားသမားဟောင်း မန်စီးတီး နည်းပြ ဂွါဒီယိုလာရဲ့ လက်ထောက်နည်းပြ အာတီတာကို နည်းပြသစ်အဖြစ် ခန့်အပ်တဲ့ အချိန်မှာ မန်ယူအသင်းကို အနိုင်ရရှိခဲ့ပါတယ်။ အာဆင်နယ်အသင်းဟာ လက်ရှိမှာ နောက်တန်း ကစားသမား (၄) ဦး ဒဏ်ရာရနေတာကြောင့် ကစားသမားသစ် ခေါ်ယူဖို့ အရေးကြီးနေပေမဲ့လည်း နည်းပြသစ် အာတီတာအနေနဲ့ သုံးငွေ ရရှိမှာ မဟုတ်တာကြောင့် ကစားသမား ခေါ်ယူဖို့ ခက်ခဲပါတယ်။