ပြီးခဲ့တဲ့နွေစျေးကွက်တုန်းက အာဆင်နယ်အသင်းရဲ့ အဓိကပစ်မှတ်ဖြစ်ခဲ့တဲ့ လိုင်ယွန်အသင်းရဲ့ ပြင်သစ်ကွင်းလယ်ကစားသမား ဟူစိန်အာဝါဟာ လက်ရှိမှာတော့ သူရဲ့ကလပ်အသင်းနဲ့ အဆင်မပြေဖြစ်လို့နေပြီး အသင်းနဲ့အတူ လေ့ကျင့်ခန်းဆင်းဖို့အထိပါ ငြင်းဆန်ထားတဲ့အထိ အသင်းနဲ့သူ့ကြားမှာ အဆင်မပြေမှုတွေက အတော်လေးကို ကြီးထွားနေခဲ့တာကြောင့် မကြာခင်မှာပဲ အသင်းနဲ့ လမ်းခွဲသွားဖွယ် ရှိနေတယ်လို့ ပြင်သစ်သတင်းမီဒီယာတွေကနေ ဖော်ပြလာခဲ့ပါတယ်။

Photo Credit : Goal

အသက်(၂၂)နှစ်အရွှယ်ရှိ ပြင်သစ်လက်ရွေးစင် ကွင်းလယ်ကစားသမား အာဝါဟာ လိုင်ယွန်နဲ့ အန်ဂါစ်အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့တဲ့ ပြင်သစ်လီဂူးပွဲစဉ်အတွင်း အသင်းရဲ့အရန်လူစာရင်းမှာ ပါဝင်ခဲ့ပေမယ့် ပွဲပြီးဆုံးချိန်ထိ အသင်းက လုံးဝအသုံးပြုခြင်းမရှိပဲ အရန်ခုံမှာသာ ထားရှိထားခဲ့တဲ့အပေါ် အာဝါကိုယ်တိုင်က စိတ်ပျက်လို့နေပြီး အသင်းရဲ့လေ့ကျင့်ရေးအစီအစဉ်တွေကိုပါ ဝင်ရောက်ဆောင်ရွှက်ခြင်းမရှိပဲ နေခဲ့တယ်လို့ သတင်းတွေကနေ ဖော်ပြလာခဲ့ပါတယ်။ ဒီလို အသင်းနဲ့ အဆင်မပြေဖြစ်လို့နေရတဲ့ အာဝါဟာ လာမယ့်ဆောင်းရာသီစျေးကွက်အတွင်းမှာပဲ အသင်းကနေ ထွက်ခွာနိုင်ဖွယ်တောင် ရှိလို့နေပါတယ်။

Photo Credit : Sky Sports

အာဝါကို အာဆင်နယ်အသင်းက အရမ်းကို အလိုရှိနေခဲ့တာဖြစ်ပြီး ကမ်းလှမ်းမှုတွေလည်း လုပ်ဆောင်ခဲ့ပေမယ့် လိုင်ယွန်အသင်းဘက်က အာဝါကို ရောင်းချဖို့ ပယ်ချခဲ့သလို ကစားသမားရဲ့ပြောင်းရွှေ့ကြေးကိုလည်း တန်ဖိုးကြီးများစွာ တောင်းဆိုခဲ့တာကြောင့် အာဆင်နယ်ဘက်က အာဝါကို ခေါ်ယူဖို့ လက်လျှော့ခဲ့ရပြီး အသက်လက်တီကိုမက်ဒရစ်ကနေပဲ သောမတ်စ်ပါတေးကိုပဲ ခေါ်ယူခဲ့လိုက်ရတာဖြစ်ပါတယ်။ အာဝါကိုယ်တိုင်ကလည်း သူရဲ့ကစားသမားဘဝကို နောက်တစ်ဆင့် တတ်လှမ်းသွားနိုင်မယ့် အခွင့်အရေးတစ်ခုအဖြစ် အာဆင်နယ်အသင်းဆီ ပြောင်းရွှေ့ကစားခွင့် အခွင့်အရေးကို လိုင်ယွန်အသင်းဘက်ကနေ ပယ်ချခဲ့ခြင်းအပေါ် စိတ်ပျက်ခြင်းမရှိပဲ လိုင်ယွန်မှာပဲ ဆက်လက်ရှိနေရတာကို ပျော်ရွှင်မိတယ်လို့ ထုတ်ဖော်ပြောဆိုထားခဲ့ဖူးပါတယ်။ ဒါပေမယ့် လက်ရှိအချိန်မှာတော့ အာဝါနဲ့ လိုင်ယွန်အသင်းတာဝန်ရှိသူတွေကြားမှာ အဆင်မပြေမှုတွေက ပိုမိုကြီးထားလို့နေပြီး အာဝါအနေနဲ့ အသင်းရဲ့လေ့ကျင့်ရေးအစီအစဉ်ကို ပျက်ကွယ်ခဲ့တာနဲ့ပတ်သက်ပြီး လိုင်ယွန်ဘက်ကနေ အပြစ်ပေးတဲ့အနေနဲ့ လာမယ့် Reims အသင်းနဲ့ကစားရမယ့် လီဂူးပွဲစဉ်ကိုပါ အာဝါကို ထပ်မံချန်လှပ်နိုင်ဖွယ် ရှိနေတယ်လို့ သိရပါတယ်။ အာဝါဟာ ဒီနှစ်ဘောလုံးရာသီမှာ လိုင်ယွန်အသင်းအတွက် လီဂူးပွဲစဉ် (၈)ပွဲကို ပါဝင်ကစားထားခဲ့ပြီး သွင်းဂိုး(၂)ဂိုး သွင်းယူထားသလို ဂိုးဖန်တီးမှုလည်း (၁)ကြိမ် ပြုလုပ်ထားနိုင်ခဲ့ပါတယ်။