အာဆင်နယ်အသင်းကတော့ ဒီနှစ်နွေစျေးကွက်အတွင်းမှာ အသင်းရဲ့ခံစစ်ပိုင်းကို အင်အားဖြည့်တင်းသွားဖို့အတွက် ဘရိုက်တန်အသင်းရဲ့ အင်္ဂလန်နောက်ခံကစားသမား ဘင်ဝှိုက်ကို အရခေါ်ယူနိုင်ဖို့အတွက် ကြိုးပမ်းမှုတွေ လုပ်ဆောင်နေပေမယ့် အာဆင်နယ်ရဲ့ ကမ်းလှမ်းချက်တိုင်းကို ဘရိုက်တန်ဘက်က ပယ်ချနေခဲ့သလို သူတို့ကစားသမားကို ခေါ်ယူချင်တယ်ဆိုရင် ပေါင်သန်း(၅၀)အပြင် အပိုဆုကြေးနဲ့ပါ ကမ်းလှမ်းရမယ်လို့ သတိပေးလိုက်ပါတယ်။

Photo Credit : Arseblog News

အသက်(၂၃)နှစ်အရွှယ်ရှိ အင်္ဂလန်လက်ရွေးစင် ဗဟိုနောက်ခံကစားသမား ဘင်ဝှိုက်ဟာ ခံစစ်စွမ်းဆောင်ရည် အလွန်ကောင်းမွန်လှတဲ့ ကစားသမားတစ်ဦးဖြစ်လို့ ပရီးမီးယားလိဂ် ထိပ်သီးကလပ်အသင်းတွေအပြင် နာမည်ကျော် ဥရောပကလပ်အသင်းတွေရဲ့ စိတ်ဝင်စားခြင်းကိုပါ ရရှိထားသူဖြစ်ပါတယ်။ သူ့ကို စိတ်ဝင်စားနေတဲ့ ကလပ်အသင်းတွေထဲမှာ အာဆင်နယ်အသင်းလည်း ပါဝင်လျက်ရှိနေပြီး အာဆင်နယ်ဘက်က ဘင်ဝှိုက်ကို သူတို့အသင်းရဲ့ အဓိကပစ်မှတ်အဖြစ်နဲ့ပါ သတ်မှတ်ထားတာဖြစ်သလို ကမ်းလှမ်းမှုတွေကိုလည်း တောက်လျှောက်ပြုလုပ်လျက် ရှိနေပါတယ်။

Photo Credit : Pain the Arsenal

အာဆင်နယ်အသင်းဟာ ဘင်ဝှိုက်အတွက် ကနဦးကမ်းလှမ်းချက်အဖြစ် ပြောင်းရွှေ့ကြေး ပေါင်သန်း(၄၀)နဲ့ စတင်ကမ်းလှမ်းခဲ့ပေမယ့်လည်း ဘရိုက်တန်က ဒီကမ်းလှမ်းချက်ကို ချက်ချင်းငြင်းဆန်ပယ်ချခဲ့သလို အာဆင်နယ်ရဲ့ ပေါင်(၄၂)သန်း+အပိုဆုကြေး ပေါင်(၃)သန်းနဲ့ ဒုတိယအကြိမ် ကမ်းလှမ်းလာမှုကိုလည်း ဘရိုက်တန်ဘက်က ဆက်လက်ပယ်ချခဲ့ပါသေးတယ်။ ဘရိုက်တန်အသင်းက သူတို့ရဲ့ အဓိကနောက်ခံကစားသမား ဘင်ဝှိုက်အတွက် ပြောင်းရွှေ့ကြေးကို ပေါင်သန်း(၅၀)အထိ စျေးသတ်မှတ်ထားတာဖြစ်ပေမယ့် တကယ်တမ်း ကမ်းလှမ်းလာခဲ့မယ်ဆိုရင်တော့ ပေါင်သန်း(၅၀)အပြင် အပိုဆုကြေး ပေါင်(၅)သန်းအထိပါ တစ်ပါတည်း ကမ်းလှမ်းလာမှသာ လက်ခံသွားဖွယ် ရှိလို့နေပါတယ်။ လက်ရှိမှာ ကစားသမားကိုယ်တိုင်ကလည်း အာဆင်နယ်အသင်းဆီ ပြောင်းရွှေ့ကစားဖို့ စိတ်အားထက်သန်မှုတွေ ရှိနေသလို အင်္ဂလန်အသင်းနဲ့အတူ ယူရိုပြိုင်ပွဲကို ဆင်နွဲလို့အပြီးမှာပဲ သူရဲ့အပြောင်းအရွှေ့အတွက် အပြီးသတ်ဖွယ် ရှိနေပါတယ်။ အာဆင်နယ်အနေနဲ့ ဘင်ဝှိုက်ကို ပေါင်(၅၅)သန်းနဲ့သာ ခေါ်ယူခဲ့မယ်ဆိုရင်တော့ နီကိုလပ်စ်ပေပေ အူဘာမီယန်းတို့ရဲ့နောက် အာဆင်နယ်အသင်းရဲ့ တတိယမြောက် တန်ကြေးအမြင့်မားဆုံး ကစားသမားတစ်ယောက်အဖြစ် သတ်မှတ်ခံရတော့မှာပဲဖြစ်ပါတယ်။