အာဆင်နယ်အသင်းကတော့ မနေ့ညက ဂရိနိုင်ငံမှာ ကျင်းပသွားခဲ့တဲ့ ယူရိုပါလိဂ် ၃၂သင်းအဆင့် ရှုံးထွက်ပထမအကျော့ပွဲစဉ်မှာ အိမ်ရှင်အိုလံပီယာကော့စ်အသင်းကို လာကာဇက်ရဲ့တစ်လုံးတည်းသောအနိုင်ဂိုးနဲဲ့ အနိုင်ရရှိခဲဲ့ပြီး နောက်တစ်ဆင့်ကို တတ်လှမ်းဖို့က အခြေအနေကောင်းသွားခဲ့ပြီဖြစ်သလို အခုနိုင်ပွဲကြောင့် အာဆင်နယ်အသင်းဟာ အခုနှစ် ၂၀၂၀နှစ်စအတွင်းမှာ ပြိုင်ပွဲဲပေါင်းစုံထဲ လုံးဝကို အရေးမနိမ့်ထားခဲ့သေးတဲ့ တစ်သင်းတည်းသော ပရီးမီးယားလိဂ်အသင်းအဖြစ်ပါ ဆက်လက်ရပ်တည်နေနိုင်ခဲ့ပါတယ်။

Photo Credit : Getty Images

အာဆင်နယ်အသင်းဟာ ဒီနှစ်အတွင်းမှာ အကောင်းဆုံးပုံစံတစ်ခုကို ရရှိထားတာမဟုတ်ပေမယ့်လည်း ပွဲတိုင်းကိုတော့ မရှုံးအောင်ကစားထားနိုင်ခဲ့ပါတယ်။ အာဆင်နယ်ဟာ နှစ်အစမှာ သူတို့ရဲ့ခါးသီးပြိုင်ဘက် မန်ချက်စတာယူနိုက်တက်အသင်းကို ပရီးမီးယားလိဂ်ပွဲစဉ်မှာ အနိုင်ယူခဲ့ပြီး ဒီနိုင်ပွဲကတော့ နည်းပြအာတီတာရဲဲ့ အာဆင်နယ်နည်းပြဘဝ ပထမဆုံးနိုင်ပွဲလည်း ဖြစ်လာခဲ့ရပါတယ်။ အဲ့ဒီနောက် အက်အေဖလားပွဲမှာ လိဒ်ကို အနိုင်ယူခဲ့ပြီး ပရီးမီးယားလိဂ်မှာတော့ ခရစ္စတယ်ပဲလေ့စ် ရှက်ဖီးယူနိုက်တက် ချယ်လ်ဆီးတို့နဲ့ သရေပွဲတွေ ဆက်တိုက်ကြံုခဲ့ရပါတယ်။

Photo Credit : Getty Images

အဲ့ဒီနောက် ဘုန်းမောက်နဲ့ အက်အေပွဲမှာတော့ နိုင်ပွဲပြန်ရှာတွေ့ခဲ့ပြန်ပြီး ဘန်လေနဲ့ ပရီးမီးယားလိဂ်မှာ သရေပြန်ကျခဲ့ပါသေးတယ်။ အဲ့ဒီနောက်ပိုင်းမှာတော့ ဆောင်းရာသီနားရက်ရှည် ရရှိခဲ့ပြီး နယူးကာဆဲဲလ်နဲ့ ပရီးမီးယားလိဂ်ပွဲ ပြန်လည်ကစားရမှာ ၄ဂိုးပြတ်နဲ့ အနိုင်ရရှိခဲ့သလို မနေ့ညက ကစားခဲ့တဲ့ အိုလံပီယာကော့စ်နဲ့ပွဲမှာလည်း နိုင်ပွဲဆက်ခဲ့ရပါတယ်။ အခြားအသင်းတွေလည်း အာဆင်နယ်လို ၂၀၂၀ခုနှစ် နှစ်လတာအတွင်းမှာ ပြိုင်ပွဲဲစုံ ပွဲအများကြီး ကစားခဲ့ရပေမယ့် လီဗာပူးလ်က အသက်လက်တီကိုအသင်းကို ရှံးခဲ့သလို မန်စီးတီးကလည်း လိဂ်ဖလား ဆီမီးဖိုင်နယ်ဒုကျော့မှာ မန်ချက်စတာယူနိုက်တက်ကို ရှံုးထားခဲ့ပါတယ်။ ဒီလိုပဲ လက်စတာဆိုရင်လည်း ရှံးပွဲဲ၃ပွဲ ချယ်လ်ဆီးကလည်း ယူနိုက်တက်နဲ့ နယူးကာဆဲလ်တို့ကို ရှံးနိမ့်ခဲ့ကာ စပါးနဲ့ ယူနိုက်တက်အသင်းတွေမှာလည်း ရှုံးပွဲအသီးသီးကို ရင်ဆိုင်ထားခဲ့ရပြီး အာဆင်နယ်ကတော့ ၉ပွဲကစားထားရမှာ နိုင်ပွဲ၅ပွဲနဲ့ Clean Sheets ၅ပွဲအထိ ယူဆောင်ထားနိုင်ခဲ့ပါတယ်။