အာဆင်နယ်အသင်းဟာ လာမယ့် ဆောင်းစျေးကွက်အတွင်းမှာပဲ အသင်းနဲ့ လက်တွဲဖြုတ်ရဖွယ် ရှိလို့နေတဲ့ တိုက်စစ်ကစားသမား အလက်ဆန်းဒါးလာကာဇက်ရဲ့နေရာမှာ အစားထု်ိးသွားဖို့အတွက် အင်္ဂလန် တိုက်စစ်ကစားသမားတွေဖြစ်တဲ့ အက်စတွန်ဗီလာ တိုက်စစ်ကစားသမား အိုလီဝက်ကင်စ်နဲ့ အဲဗာတန်အသင်းရဲ့ တိုက်စစ်ကစားသမား ကဲလ်ဗတ်လူဝင်တို့ကို ပစ်မှတ်ထားလျက် ရှိနေတယ်လို့ သိရှိရပါတယ်။

Photo Credit : Daily Advent

အာဆင်နယ်အသင်းက အသင်းရဲ့ ပြင်သစ်တိုက်စစ်ကစားသမား လာကာဇက်နဲ့ ဒီနှစ်ဘောလုံးရာသီအကုန်မှာပဲ စာချုပ်သက်တမ်း ကုန်ဆုံးရတော့မှာ ဖြစ်ပေမယ့်လည်း စာချုပ်သက်တမ်းတိုးဖို့ ဆန္ဒမရှိတာကြောင့် အသင်းနဲ့ သက်တမ်းမကုန်ဆုံးမှာခင်မှာပဲ အသင်းတစ်သင်းသင်းဆီကိုပါ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ပို့ဆောင်သွားဖို့ စီစဉ်လို့နေတာ ဖြစ်ပါတယ်။ တကယ်လို့ လာကာဇက်ကို အသင်းကနေ စွန့်လွှတ်လိုက်မယ်ဆိုရင် သူရဲ့နေရာမှာ ပြန်လည်အစားထိုးဖို့အတွက် ပရီးမီးယားလိဂ်က တိုက်စစ်ကစားသမားတွေဖြစ်တဲ့ ဝက်ကင်စ်နဲ့ ကဲလ်ဗတ်လူဝင်တို့ကို ပစ်မှတ်ထားနေတယ်လို့ ဖော်ပြလာခဲ့ပါတယ်။

Photo Credit : The Sun

လက်ရှိမှာ အာဆင်နယ်အသင်းဟာ ပရီးမီးယားလိဂ်ပြိုင်ပွဲအတွင်း (၇)ပွဲ ကစားထားပြီးတဲ့နောက်မှာ စုစုပေါင်းသွင်းဂိုးက အသင်းနိုင်ပွဲရခဲ့တဲ့ အချိန်မှာ သွင်းယူနိုင်ခဲ့တဲ့ (၅)ဂိုးသာ ရှိလို့နေပြီး (၇)ပွဲမှာ (၃)ပွဲသာ ဂိုးသွင်းထားနိုင်ပြီး (၄)ပွဲ ဂိုးပေါက်ပျောက်ဆုံးခဲ့ရပါတယ်။ လတ်တလောမှာလည်း အာဆင်နယ်အသင်းရဲ့ နည်းပြဖြစ်သူ အာတီတာက အသင်းရဲ့ တိုက်စစ်ပိုင်းအတွက် လာကာဇက်ကို နေရာပေးခြင်း သိပ်မရှိပဲ အသင်းခေါင်းဆောင် အူဘာမီယန်းကိုသာ ဦးစားပေး အသုံးပြုလျက် ရှိနေသလို အသင်းရဲ့ တိုက်စစ်က အားရစရာ အနေအထားမှာ ရှိမနေပဲ ရုန်းကန်နေရပါတယ်။ ဒီလိုအခြေအနေမှာ အသင်းအနေနဲ့ တိုက်စစ်ပိုင်းကို အင်အားဖြည့်တင်းဖို့အတွက် အဲဗာတန် တိုက်စစ်ကစားသမား ကဲလ်ဗတ်လူဝင်နဲ့ ဗီလာ တိုက်စစ်ကစားသမား ဝက်ကင်စ်တို့ကို ချိန်ရွှယ်လျက် ရှိနေပြီး ဒီကစားသမား(၂)ယောက်လုံးက သက်ဆိုင်ရာ ကလပ်အသင်းတွေရဲ့ အဓိက ကစားသမားတွေ ဖြစ်လို့နေတာကြောင့် ပြောင်းရွှေ့ကြေးးများစွာနဲ့ ကမ်းလှမ်းရဖွယ် ရှိနေပါတယ်။ အာဆင်နယ်အသင်းအနေနဲ့ လာမယ့်ဆောင်းစျေးကွက်အတွင်းမှာလည်း တိုက်စစ်ကစားသမားတစ်ဦးကို ထပ်မံခေါ်ယူသွားဖွယ် ရှိနေပါတယ်။