လက္ရွိေဘာလုံးရာသီမွာ ထင္မွတ္ထားသလို ေအာင္ျမင္မွုေတြ ၊ ရလဒ္ေတြမရရွိတဲ့ အသင္းေတြဟာ အမ်ားအျပားရွိေနပါတယ္။ အဆိုပါအသင္းေတြထဲမွာ လန္ဒန္အေျခစိုက္ အသင္းတစ္သင္းျဖစ္သလို ပရိသတ္အမ်ားအျပားကို ပိုင္ဆိုင္ထားတဲ့ အာဆင္နယ္အသင္းလည္း ပါဝင္ပါတယ္။ အမ္မရီကို နည္းျပအျဖစ္ ခန္႔အပ္ခဲ့တာဟာ ႏွစ္ရာသီရွိၿပီျဖစ္သလို ကစားသမားေကာင္းတခ်ိဳ႕ကို ျဖည့္တင္းထားခဲ့တာေၾကာင့္ ရာသီမစမီမွာ ရလဒ္ေကာင္းေတြ ရရွိဖို႔ ေမၽွာ္လင့္ခဲ့ၾကေပမယ့္ လက္ရွိမွာေတာ့ ရလဒ္ဆိုးေတြနဲ႔သာ ၾကဳံေတြ႕ေနရပါတယ္။ အခုတစ္ခါမွာေတာ့ ရလဒ္ဆိုးေတြရရွိေနတာေၾကာင့္ အာဆင္နယ္အသင္းကေန ထြက္ခြါဖို႔အတြက္ စဥ္းစားေနၾကတဲ့ ကစားသမားေတြကို ေဖာ္ျပေပးသြားမွာပါ။

Photo Credit: Marca.com

ခ်ာကာ
အသင္းေခါင္းေဆာင္တစ္ဦးအျဖစ္ တာဝန္ယူခဲ့ဖူးတဲ့ ခ်ာကာကေတာ့ လက္ရွိအခ်ိန္မွာအာဆင္နယ္အသင္းကေန ထြက္ခြါဖို႔အတြက္ အက်ိန္းေသဆုံးကစားသမားပါ။ ပရိသတ္ေတြနဲ႔ အျငင္းပြါးစရာေတြ ျဖစ္ပြါးခဲ့သလို လက္ရွိမွာလည္း အသင္းေျပာင္းဖို႔အတြက္ လုပ္ေဆာင္ေနသူတစ္ဦးလည္း ျဖစ္ပါတယ္။

Photo Credit: Marca.com

ဘယ္လာရင္
အာဆင္နယ္အသင္းရဲ့ အကယ္ဒမီကေန ထြက္ေပၚလာသူျဖစ္ၿပီး အသင္းပရိသတ္ေတြရဲ့ အခ်စ္ေတာ္ကစားသမားျဖစ္သူ ဘယ္လာရင္ဟာ လက္ရွိအခ်ိန္မွာေတာ့ အီတလီစီရီးေအကို ေျပာင္းေရႊ႕ဖို႔ရွိေနသူပါ။ နာပိုလီအသင္းက သူ႔ကို ေခၚယူဖို႔ စိတ္ဝင္စားလာခ်ိန္မွာ ဘယ္လာရင္ရဲ့ ေအးဂ်င့္ျဖစ္သူက ဘယ္လာရင္ဟာ အီတလီေျမကို ေျပာင္းေရႊ႕နိုင္တယ္လို႔ ဆိုလာခဲ့တာေၾကာင့္ ဘယ္လာရင္ရဲ့ အနာဂတ္ဟာ အာဆင္နယ္မွာ ရွိေနပါ့မလားဆိုတာက စိတ္ဝင္စားစရာပါပဲ။

Photo Credit: Marca.com

ေတာ္ရဲယား
အာဆင္နယ္အသင္းမွာ မေပ်ာ္ပိုက္ေတာ့ဘူးလို႔ ဖြင့္ဟထားခဲ့တဲ့ ေတာ္ရဲယားဟာ လက္ရွိမွာေတာ့ စီးရီးေအ အသင္းတခ်ိဳ႕ရဲ့ ပစ္မွတ္ျဖစ္ေနသူပါ။ အမ္မရီရဲ့လက္ေအာက္မွာ သူ ကစားခ်င္တဲ့ေနရာကို ကစားခြင့္မရတာေၾကာင့္ ေတာ္ရဲယားဟာ လာမယ့္ဇန္နဝါရီအေျပာင္းအေရႊ႕ကာလမွာပဲ အသင္းေျပာင္းဖို႔ စဥ္းစားေနသူလည္း ျဖစ္ပါတယ္။

လက်ရှိဘောလုံးရာသီမှာ ထင်မှတ်ထားသလို အောင်မြင်မှုတွေ ၊ ရလဒ်တွေမရရှိတဲ့ အသင်းတွေဟာ အများအပြားရှိနေပါတယ်။ အဆိုပါအသင်းတွေထဲမှာ လန်ဒန်အခြေစိုက် အသင်းတစ်သင်းဖြစ်သလို ပရိသတ်အများအပြားကို ပိုင်ဆိုင်ထားတဲ့ အာဆင်နယ်အသင်းလည်း ပါဝင်ပါတယ်။ အမ်မရီကို နည်းပြအဖြစ် ခန့်အပ်ခဲ့တာဟာ နှစ်ရာသီရှိပြီဖြစ်သလို ကစားသမားကောင်းတချို့ကို ဖြည့်တင်းထားခဲ့တာကြောင့် ရာသီမစမီမှာ ရလဒ်ကောင်းတွေ ရရှိဖို့ မျှော်လင့်ခဲ့ကြပေမယ့် လက်ရှိမှာတော့ ရလဒ်ဆိုးတွေနဲ့သာ ကြုံတွေ့နေရပါတယ်။ အခုတစ်ခါမှာတော့ ရလဒ်ဆိုးတွေရရှိနေတာကြောင့် အာဆင်နယ်အသင်းကနေ ထွက်ခွါဖို့အတွက် စဥ်းစားနေကြတဲ့ ကစားသမားတွေကို ဖော်ပြပေးသွားမှာပါ။

Photo Credit: Marca.com

ချာကာ
အသင်းခေါင်းဆောင်တစ်ဦးအဖြစ် တာဝန်ယူခဲ့ဖူးတဲ့ ချာကာကတော့ လက်ရှိအချိန်မှာအာဆင်နယ်အသင်းကနေ ထွက်ခွါဖို့အတွက် အကျိန်းသေဆုံးကစားသမားပါ။ ပရိသတ်တွေနဲ့ အငြင်းပွါးစရာတွေ ဖြစ်ပွါးခဲ့သလို လက်ရှိမှာလည်း အသင်းပြောင်းဖို့အတွက် လုပ်ဆောင်နေသူတစ်ဦးလည်း ဖြစ်ပါတယ်။

Photo Credit: Marca.com

ဘယ်လာရင်
အာဆင်နယ်အသင်းရဲ့ အကယ်ဒမီကနေ ထွက်ပေါ်လာသူဖြစ်ပြီး အသင်းပရိသတ်တွေရဲ့ အချစ်တော်ကစားသမားဖြစ်သူ ဘယ်လာရင်ဟာ လက်ရှိအချိန်မှာတော့ အီတလီစီရီးအေကို ပြောင်းရွှေ့ဖို့ရှိနေသူပါ။ နာပိုလီအသင်းက သူ့ကို ခေါ်ယူဖို့ စိတ်ဝင်စားလာချိန်မှာ ဘယ်လာရင်ရဲ့ အေးဂျင့်ဖြစ်သူက ဘယ်လာရင်ဟာ အီတလီမြေကို ပြောင်းရွှေ့နိုင်တယ်လို့ ဆိုလာခဲ့တာကြောင့် ဘယ်လာရင်ရဲ့ အနာဂတ်ဟာ အာဆင်နယ်မှာ ရှိနေပါ့မလားဆိုတာက စိတ်ဝင်စားစရာပါပဲ။

Photo Credit: Marca.com

တော်ရဲယား
အာဆင်နယ်အသင်းမှာ မပျော်ပိုက်တော့ဘူးလို့ ဖွင့်ဟထားခဲ့တဲ့ တော်ရဲယားဟာ လက်ရှိမှာတော့ စီးရီးအေ အသင်းတချို့ရဲ့ ပစ်မှတ်ဖြစ်နေသူပါ။ အမ်မရီရဲ့လက်အောက်မှာ သူ ကစားချင်တဲ့နေရာကို ကစားခွင့်မရတာကြောင့် တော်ရဲယားဟာ လာမယ့်ဇန်နဝါရီအပြောင်းအရွှေ့ကာလမှာပဲ အသင်းပြောင်းဖို့ စဥ်းစားနေသူလည်း ဖြစ်ပါတယ်။