အာဆင်နယ်ရဲ့ လောလောလတ်လတ် ခေါ်ယူမှု ဖြစ်တဲ့ ကွင်းလယ်လူ ဝီလီယံကတော့ နိုင်ငံတူ ဘရာဇီးသား တိုက်စစ်မှူး မာတင်နယ်လီကို ပရီးမီးယားလိဂ် အကောင်းဆုံး ကစားသမား တစ်ဦး ဖြစ်လာနိုင်ပြီး မကြာခင် လက်ရွေးစင် ဘရာဇီးအသင်းအတွက် ကစားရမယ်လို့ ပြောခဲ့ပါတယ်။ မာတင်နယ်လီဟာ ပြီးခဲ့တဲ့ (၂၀၁၉) ခုနှစ်၊ ဇွန်လိုင်လက ဘရာဇီး ကလပ် Ituano အသင်းကနေ အာဆင်နယ်အသင်းကို ပေါင် (၆) သန်းနဲ့ ရောက်ရှိလာခဲ့တာ ဖြစ်ပြီး ပွဲဦးထွက် ပထမရာသီမှာပဲ အာဆင်နယ်အသင်းအတွက် ပြိုင်ပွဲစုံ ပွဲစဉ် (၂၆) ပွဲ ကစားရာမှာ (၁၀) ဂိုး သွင်းယူနိုင်ခဲ့ပါတယ်။

Photo Credit: Goal

အသက် (၁၉) နှစ်အရွယ် လူငယ် ကစားသမား မာတင်နယ်လီဟာ ပွဲဦးထွက်ရာသီမှာ ခြေစွမ်းပြ ကစားနိုင်ခဲ့တာကြောင့် အာဆင်နယ်အသင်းက လာမယ့် (၂၀၂၄) ခုနှစ်အထိ စာချုပ်သစ်တိုးခဲ့ပြီး ကံဆိုးစွာနဲ့ ပြီးခဲ့တဲ့ လအနည်းငယ် ဒူးဒဏ်ရာရခဲ့တာကြောင့် မကစားနိုင်ခဲ့တော့တာ ဖြစ်ပါတယ်။ ချဲလ်ဆီးအသင်းနဲ့ စာချုပ်ကုန်ဆုံးပြီးနောက် အာဆင်နယ်အသင်းကို အလွတ် ပြောင်းရွှေ့ကြေးနဲ့ ရောက်ရှိလာခဲ့တဲ့ ဝီလီယံကတော့ နိုင်ငံတူ ဘရာဇီးသား မာတင်နယ်လီကိုတော့ အကောင်းဆုံး ကစားသမားတွေထဲက တစ်ယောက် ဖြစ်လာနိုင်ပါတယ်လို့ အခိုင်အမာ ချီးကျူးသွားခဲ့ပါတယ်။

Photo Credit: Goal

ဝီလီယံက “မာတင်နယ်လီမှာ ကြီးမားတဲ့ အနာဂတ် ရှိတယ်လို့ ကျွန်တော် ထင်ပါတယ်။ သူက ပရီးမီးယားလိဂ် အကောင်းဆုံး ကစားသမားတွေထဲက တစ်ဦး ဖြစ်လာနိုင်မှာ ဖြစ်ပြီး ဒါကိုတော့ ကျွန်တာ် သံသယမရှိပါဘူး။ ဒီလို ဖြစ်လာနိုင်တာက သူ့ရဲ့ အရည်အချင်းအကြောင့် ဖြစ်ပါတယ်။ သူက ကွင်းထဲမှာ ဘောလုံး မရတဲ့ အချိန်တွေမှာလည်း အသင်းကို ကူညီနိုင်ဖို့ အမြဲ ကြိုးစားပြီး ဘောလုံး မရတဲ့ အချိန်တွေမှာ ကောင်းစွာ ကစားပါတယ်။ ဒါကြောင့်လည်း သူ့ကို အကောင်းဆုံး ကစားသမားတွေထဲက တစ်ဦး ဖြစ်လာနိုင်တယ်လို့ ကျွန်တော် ထင်တာပါ။ အခုလက်ရှိအချိန်မှာ သူ ဒဏ်ရာရနေတာကို ကျွန်တော် သိပါတယ်။ ဒါပေမယ့် သူ ပြန်ကစားတဲ့ အချိန်မှာ သူ ဘရာဇီး လက်ရွေးစင်အသင်းအတွက် ကစားရမယ့် အချိန် ရောက်လာမှာပါ”လို့ ပြောခဲ့ပါတယ်။