ဒီႏွစ္ေဘာလုံးရာသီမွာ အာဆင္နယ္အသင္းဆီကုိ ပထမဦးဆုံး ေရာက္ရွိလာခဲ႔တဲ့ ဆယ္ေက်ာ္သက္အရႊယ္ ဘရာဇီးတုိက္စစ္ကစားသမားေလး ဂါဘရီရယ္မာတီနယ္လီကေတာ့ သူရဲ႕ပြဲဦးထြက္ရာသီမွာပဲ အသင္းနဲ႔ အံ့ဝင္ေအာင္ကစားျပႏုိင္ခဲ႔ၿပီး ဂုိးေတြလည္းရယူေပးႏုိင္ခဲ့တာေၾကာင့္ သိပ္မၾကာခင္မွာပဲ ဘရာဇီးလက္ေရြးစင္အသင္းအတြက္ ေရြးခ်ယ္ခံရဖြယ္ရွိေနတယ္လုိ႔ ထင္ေၾကးေပးခံထားရေပမယ့္ ပရိသတ္ေတြ ယူဆထားသလုိသာ ဘရာဇီးအသင္းအတြက္ အေရြးမခံရေသးဘူးဆုိရင္ေတာ့ မာတီနယ္လီက လက္ေရြးစင္အသင္းကုိ ေျပာင္းလဲဖြယ္ရွိလုိ႔ေနပါတယ္။

Photo Credit : The Times

အသက္၁၈ႏွစ္သာရွိေသးတဲ႔ တုိက္စစ္ကစားသမားေလး မာတီနယ္လီက ဘရာဇီးကလပ္ Itauano အသင္းကေန အာဆင္နယ္ဆီ ေပါင္၆သန္းဝန္းက်င္ေလာက္နဲ႔ ေရာက္ရွိလာခဲဲ႔ၿပီး ရာသီႀကိဳေျခစမ္းပြဲေတြမွာပင္ သူရဲ႕သြင္းဂုိးေတြကုိ ျမင္ေတြ႕လာခဲ႔ရကာ ဒီရာသီအတြင္းမွာလည္း အာဆင္နယ္အတြက္ ၿပိဳင္ပြဲစုံ ပြဲေပါင္း၁၉ပြဲအထိ ကစားထားႏုိင္ခဲ႔ၿပီး သြင္းဂုိး၈ဂုိးနဲ႔ ဂုိးဖန္တီးမႈ ၃ႀကိမ္ျပဳလုပ္ထားခဲ႔ပါတယ္။ ဒီလုိ ေျခစြမ္းေကာင္းေတြကုိ ျပသထားႏုိင္တဲ႔ မာတီနယ္လီကုိ လက္ေရြးစင္အသင္းကေန ေရြးခ်ယ္လာျခင္းမရွိေသးပဲ ဘရာဇီးယူ-၂၃အသင္းမွာသာ ကစားထားရၿပီး တကယ္လုိ႔သာ ဘရာဇီးရဲ႕ကမ္းလွမ္းမႈကုိ မရခဲ႔ဘူးဆုိရင္ေတာ့ အီတလီအသင္းကုိ ေျပာင္းလဲကစားဖြယ္ရွိေနပါတယ္။

Photo Credit : Daily Mail

ဆယ္ေက်ာ္သက္အရႊယ္ မာတီနယ္လီဟာ ဘရာဇီးႏုိင္ငံ ေဆာ္ေပၚလုိၿမိဳ႕မွာ ေမြးဖြားခဲ႔သူျဖစ္ေပမယ့္လည္း သူရဲဲ႕မိဘေတြထဲမွာ အီတလီေသြးေတြ ပါဝင္ေနတာျဖစ္လုိ႔ တကယ္လုိ႔သာ ဘရာဇီးလက္ေရြးစင္အသင္းရဲ႕ေရြးခ်ယ္ျခင္းမခံရဘူးဆုိရင္ေတာ့ မာတီနယ္လီက အီတလီမွာသာ ေျပာင္းလဲကစားလာႏုိင္ပါတယ္။ မာတီနယ္လီဟာ လက္ရွိမွာ ဘရာဇီးစီနီယာအသင္းအတြက္ တစ္ပြဲမွကုိ မကစားဖူးေသးတဲ႔သူျဖစ္တာေၾကာင့္ လက္ေရြးစင္အသင္းကုိ ေျပာင္းခ်င္တယ္ဆုိရင္ ေျပာင္းလဲေကာင္းေျပာင္းလဲႏုိင္ေပမယ့္ သူကေတာ့ ေမြးရပ္ေျမျဖစ္တဲ႔ ဘရာဇီးအတြက္ကုိသာ ပုိကစားေပးခ်င္တယ္လုိ႔ ေျပာဆုိလာခဲ႔ပါတယ္။ မာတီနယ္လီက “ကြ်န္ေတာ္ ဘရာဇီးႏုိင္ငံသားေလ။ ဒါေၾကာင့္ ဘရာဇီးအသင္းအတြက္ ပါဝင္ကစားေပးဖုိ႔ စိတ္ကူးအိမ္မက္ထားတာေပါ့။ ဒါေပမယ့္ ကြ်န္ေတာ္က အီတလီအတြက္ ကစားမယ္ဆုိရင္လည္း ရတာပါပဲ။ ဒါေပမယ့္ ဘာကုိမွေတာ့ မဆုံးျဖတ္ရေသးပါဘူး။ ဘရာဇီးအသင္းဘက္ကေနလည္း ကမ္းလွမ္းမႈေတြကုိလည္း ကြ်န္ေတာ္မရေသးပါဘူး” လုိ႔ ရွင္းလင္းေျပာဆုိခဲ႔ပါတယ္။

(Unicode)

နိုင်ငံလက်ရွေးစင်အသင်းကို အပြောင်းအလဲလုပ်လာနိုင်တဲ့ အာဆင်နယ်ကြယ်ပွင့်လေး

ဒီနှစ်ဘောလုံးရာသီမှာ အာဆင်နယ်အသင်းဆီကို ပထမဦးဆုံး ရောက်ရှိလာခဲ့တဲ့ ဆယ်ကျော်သက်အရွှယ် ဘရာဇီးတိုက်စစ်ကစားသမားလေး ဂါဘရီရယ်မာတီနယ်လီကတော့ သူရဲ့ပွဲဦးထွက်ရာသီမှာပဲ အသင်းနဲ့ အံ့ဝင်အောင်ကစားပြနိုင်ခဲ့ပြီး ဂိုးတွေလည်းရယူပေးနိုင်ခဲ့တာကြောင့် သိပ်မကြာခင်မှာပဲ ဘရာဇီးလက်ရွေးစင်အသင်းအတွက် ရွေးချယ်ခံရဖွယ်ရှိနေတယ်လို့ ထင်ကြေးပေးခံထားရပေမယ့် ပရိသတ်တွေ ယူဆထားသလိုသာ ဘရာဇီးအသင်းအတွက် အရွေးမခံရသေးဘူးဆိုရင်တော့ မာတီနယ်လီက လက်ရွေးစင်အသင်းကို ပြောင်းလဲဖွယ်ရှိလို့နေပါတယ်။

Photo Credit : The Times

အသက်၁၈နှစ်သာရှိသေးတဲ့ တိုက်စစ်ကစားသမားလေး မာတီနယ်လီက ဘရာဇီးကလပ် Itauano အသင်းကနေ အာဆင်နယ်ဆီ ပေါင်၆သန်းဝန်းကျင်လောက်နဲ့ ရောက်ရှိလာခဲဲ့ပြီး ရာသီကြိုခြေစမ်းပွဲတွေမှာပင် သူရဲ့သွင်းဂိုးတွေကို မြင်တွေ့လာခဲ့ရကာ ဒီရာသီအတွင်းမှာလည်း အာဆင်နယ်အတွက် ပြိုင်ပွဲစုံ ပွဲပေါင်း၁၉ပွဲအထိ ကစားထားနိုင်ခဲ့ပြီး သွင်းဂိုး၈ဂိုးနဲ့ ဂိုးဖန်တီးမှု ၃ကြိမ်ပြုလုပ်ထားခဲ့ပါတယ်။ ဒီလို ခြေစွမ်းကောင်းတွေကို ပြသထားနိုင်တဲ့ မာတီနယ်လီကို လက်ရွေးစင်အသင်းကနေ ရွေးချယ်လာခြင်းမရှိသေးပဲ ဘရာဇီးယူ-၂၃အသင်းမှာသာ ကစားထားရပြီး တကယ်လို့သာ ဘရာဇီးရဲ့ကမ်းလှမ်းမှုကို မရခဲ့ဘူးဆိုရင်တော့ အီတလီအသင်းကို ပြောင်းလဲကစားဖွယ်ရှိနေပါတယ်။

Photo Credit : Daily Mail

ဆယ်ကျော်သက်အရွှယ် မာတီနယ်လီဟာ ဘရာဇီးနိုင်ငံ ဆော်ပေါ်လိုမြို့မှာ မွေးဖွားခဲ့သူဖြစ်ပေမယ့်လည်း သူရဲဲ့မိဘတွေထဲမှာ အီတလီသွေးတွေ ပါဝင်နေတာဖြစ်လို့ တကယ်လို့သာ ဘရာဇီးလက်ရွေးစင်အသင်းရဲ့ရွေးချယ်ခြင်းမခံရဘူးဆိုရင်တော့ မာတီနယ်လီက အီတလီမှာသာ ပြောင်းလဲကစားလာနိုင်ပါတယ်။ မာတီနယ်လီဟာ လက်ရှိမှာ ဘရာဇီးစီနီယာအသင်းအတွက် တစ်ပွဲမှကို မကစားဖူးသေးတဲ့သူဖြစ်တာကြောင့် လက်ရွေးစင်အသင်းကို ပြောင်းချင်တယ်ဆိုရင် ပြောင်းလဲကောင်းပြောင်းလဲနိုင်ပေမယ့် သူကတော့ မွေးရပ်မြေဖြစ်တဲ့ ဘရာဇီးအတွက်ကိုသာ ပိုကစားပေးချင်တယ်လို့ ပြောဆိုလာခဲ့ပါတယ်။ မာတီနယ်လီက “ကျွန်တော် ဘရာဇီးနိုင်ငံသားလေ။ ဒါကြောင့် ဘရာဇီးအသင်းအတွက် ပါဝင်ကစားပေးဖို့ စိတ်ကူးအိမ်မက်ထားတာပေါ့။ ဒါပေမယ့် ကျွန်တော်က အီတလီအတွက် ကစားမယ်ဆိုရင်လည်း ရတာပါပဲ။ ဒါပေမယ့် ဘာကိုမှတော့ မဆုံးဖြတ်ရသေးပါဘူး။ ဘရာဇီးအသင်းဘက်ကနေလည်း ကမ်းလှမ်းမှုတွေကိုလည်း ကျွန်တော်မရသေးပါဘူး” လို့ ရှင်းလင်းပြောဆိုခဲ့ပါတယ်။