ဝါရင့္ဥရုေဂြး တုိက္စစ္ကစားသမားႀကီး အက္ဒီဆင္ကာဗာနီကေတာ့ ဒီႏွစ္ေဘာလုံးရာသီအကုန္မွာ  ပီအက္စ္ဂ်ီအသင္းနဲ႔ စာခ်ဳပ္သက္တမ္းကုန္ဆုံးေတာ့မွာျဖစ္လုိ႔ လက္ရွိေစ်းကြက္မွာ သူရဲ႕အေျပာင္းအေရႊ႕နဲ႔ပတ္သက္ၿပီး လာေရာက္ကမ္းလွမ္းလာတဲ႔အသင္းေတြနဲ႔ လြတ္လပ္စြာေဆြးေႏြးႏုိင္ၿပီး သိပ္မၾကာေသးခင္ကမွ အသက္လက္တီကုိမက္ဒရစ္အသင္းကုိ ေျပာင္းေရႊ႕ကစားဖုိ႔အတြက္ သေဘာတူညီမႈ ရယူႏုိင္ခဲ႔တယ္လုိ႔ သတင္းထြက္လာခဲ႔ေပမယ့္လည္း တကယ္လုိ႔ သတင္းထြက္ေပၚေနတဲ႔အတုိင္း ကာဗာနီကုိ မေခၚနုိင္ဘူးဆုိရင္ေတာ့ အာဆင္နယ္တုိက္စစ္ကစားသမား လာကာဇက္ကုိပဲ ေျပာင္းလဲေခၚယူသြားမယ္လုိ႔ သတင္းထြက္လာခဲ႔ပါတယ္။

ကာဗာနီဟာ ၂၀၁၃ခုႏွစ္ကေန ပီအက္စ္ဂ်ီအသင္းအတြက္ စတင္ကစားေပးခဲ႔တာျဖစ္ၿပီး ၂၉၁ပြဲမွာ သြင္းဂုိး၁၉၈ဂုိးအထိ ရယူနုိင္ခဲ႔ကာ အသင္းရဲ႕အၿမဲတမ္းဂုိးသြင္းအမ်ားဆုံးသူအျဖစ္ ရပ္တည္ႏုိင္ခဲ႔ပါတယ္။ ဒါေပမယ့္လည္း ဒီႏွစ္ေဘာလုံးရာသီမွာ ပြဲထြက္ခြင့္ေတြ နည္းပါးလာခဲ႔ရကာ ေနမာ ဘာေပ အီကာဒီတုိ႔ရဲ႕ေနာက္မွ ပါဝင္ကစားေနရတာျဖစ္သလုိ အသင္းကလည္း သက္တမ္းတုိးဖုိ႔ ႀကိဳးပမ္းမႈမရွိေတာ့တာေၾကာင့္ အသင္းကေန ထြက္ခြာဖုိ႔ ဆုံးျဖတ္လုိက္ရတာျဖစ္ပါတယ္။ လက္ရွိမွာ ကာဗာနီကုိ ယူႏုိက္တက္ ခ်ယ္လ္ဆီး အာဆင္နယ္ အသက္လက္တီကုိတုိ႔ကေန ေခၚယူဖုိ႔ စိတ္ဝင္စားေနၿပီး အသက္လက္တီကုိကေတာ့ အေျခအေနအေကာင္းဆုံး ျဖစ္ေနရပါတယ္။

ဒါေပမယ့္လည္း သတင္းထြက္ၿပီး ရက္သတၱပတ္ခန္႔ၾကာလာတဲ႔အထိ ကာဗာနီနဲ႔ အသက္လက္တီကုိအသင္းတုိ႔ရဲ႕အေျပာင္းအေရႊ႕က အခုထိ အၿပီးမသတ္ႏုိင္ေသးတာေၾကာင့္ တကယ္လုိ႔ ကာဗာနီကုိသာ မေခၚယူႏုိင္ခဲ႔ဘူးဆုိရင္ အာဆင္နယ္အသင္းရဲ႕ျပင္သစ္တုိက္စစ္ကစားသမား အလက္ဆန္းဒါးလာကာဇက္ကုိပဲ ကမ္းလွမ္းလာဖြယ္ရွိေနတယ္လုိ႔ မာကာသတင္းဌာနကေန ေဖာ္ျပလာခဲ႔ပါတယ္။ လာကာဇက္ကေတာ့ အာဆင္နယ္အသင္းနဲ႔ စာခ်ဳပ္သက္တမ္း ၁၈လေလာက္ပဲ က်န္ရွိေတာ့တဲ႔ ကစားသမားျဖစ္ၿပီး သက္တမ္းတုိးဖုိ႔ အစီအစဥ္မရွိေသးသလုိ အနာဂတ္လႈပ္ခတ္လုိ႔ေနတဲ႔သူလည္း ျဖစ္ပါတယ္။ လာကာဇက္ဟာ ဒီရာသီမွာ ဒဏ္ရာျပသာနာေတြနဲ႔ ရင္ဆုိင္ေနခဲ႔ရတာေၾကာင့္ ပုံမွန္ေျခစြမ္းေတြ ျပန္လည္ျပသႏုိင္ဖုိ႔ ရုန္းကန္ေနရၿပီး သြင္းဂုိးေတြလည္း နည္းပါးလုိ႔ေနပါတယ္။ ဒါေပမယ့္လည္း အသက္လက္တီကုိအသင္းကေတာ့ ကာဗာနီကုိ မေခၚယူႏုိင္ခဲ႔ရင္ အသင္းရဲ႕အားအနည္းဆုံးအပုိင္းျဖစ္ေနတဲ႔ တုိက္စစ္အတြက္ လာကာဇက္ကုိ အရေခၚယူသြားဖုိ႔ ဆုံးျဖတ္ခ်က္ခ်ထားတယ္လုိ႔ မာကာကေန ေဖာ္ျပခ်က္အရ သိရွိရပါတယ္။

(Unicode)

ကာဗာနီကို မခေါ်နိုင်ခဲ့ရင် လာကာဇက်ကိုပဲ ခေါ်ယူသွားမယ့် အသက်လက်တီကို

ဝါရင့်ဥရုဂွေး တိုက်စစ်ကစားသမားကြီး အက်ဒီဆင်ကာဗာနီကတော့ ဒီနှစ်ဘောလုံးရာသီအကုန်မှာ  ပီအက်စ်ဂျီအသင်းနဲ့ စာချုပ်သက်တမ်းကုန်ဆုံးတော့မှာဖြစ်လို့ လက်ရှိစျေးကွက်မှာ သူရဲ့အပြောင်းအရွှေ့နဲ့ပတ်သက်ပြီး လာရောက်ကမ်းလှမ်းလာတဲ့အသင်းတွေနဲ့ လွတ်လပ်စွာဆွေးနွေးနိုင်ပြီး သိပ်မကြာသေးခင်ကမှ အသက်လက်တီကိုမက်ဒရစ်အသင်းကို ပြောင်းရွှေ့ကစားဖို့အတွက် သဘောတူညီမှု ရယူနိုင်ခဲ့တယ်လို့ သတင်းထွက်လာခဲ့ပေမယ့်လည်း တကယ်လို့ သတင်းထွက်ပေါ်နေတဲ့အတိုင်း ကာဗာနီကို မခေါ်နိုင်ဘူးဆိုရင်တော့ အာဆင်နယ်တိုက်စစ်ကစားသမား လာကာဇက်ကိုပဲ ပြောင်းလဲခေါ်ယူသွားမယ်လို့ သတင်းထွက်လာခဲ့ပါတယ်။

ကာဗာနီဟာ ၂၀၁၃ခုနှစ်ကနေ ပီအက်စ်ဂျီအသင်းအတွက် စတင်ကစားပေးခဲ့တာဖြစ်ပြီး ၂၉၁ပွဲမှာ သွင်းဂိုး၁၉၈ဂိုးအထိ ရယူနိုင်ခဲ့ကာ အသင်းရဲ့အမြဲတမ်းဂိုးသွင်းအများဆုံးသူအဖြစ် ရပ်တည်နိုင်ခဲ့ပါတယ်။ ဒါပေမယ့်လည်း ဒီနှစ်ဘောလုံးရာသီမှာ ပွဲထွက်ခွင့်တွေ နည်းပါးလာခဲ့ရကာ နေမာ ဘာပေ အီကာဒီတို့ရဲ့နောက်မှ ပါဝင်ကစားနေရတာဖြစ်သလို အသင်းကလည်း သက်တမ်းတိုးဖို့ ကြိုးပမ်းမှုမရှိတော့တာကြောင့် အသင်းကနေ ထွက်ခွာဖို့ ဆုံးဖြတ်လိုက်ရတာဖြစ်ပါတယ်။ လက်ရှိမှာ ကာဗာနီကို ယူနိုက်တက် ချယ်လ်ဆီး အာဆင်နယ် အသက်လက်တီကိုတို့ကနေ ခေါ်ယူဖို့ စိတ်ဝင်စားနေပြီး အသက်လက်တီကိုကတော့ အခြေအနေအကောင်းဆုံး ဖြစ်နေရပါတယ်။

ဒါပေမယ့်လည်း သတင်းထွက်ပြီး ရက်သတ္တပတ်ခန့်ကြာလာတဲ့အထိ ကာဗာနီနဲ့ အသက်လက်တီကိုအသင်းတို့ရဲ့အပြောင်းအရွှေ့က အခုထိ အပြီးမသတ်နိုင်သေးတာကြောင့် တကယ်လို့ ကာဗာနီကိုသာ မခေါ်ယူနိုင်ခဲ့ဘူးဆိုရင် အာဆင်နယ်အသင်းရဲ့ပြင်သစ်တိုက်စစ်ကစားသမား အလက်ဆန်းဒါးလာကာဇက်ကိုပဲ ကမ်းလှမ်းလာဖွယ်ရှိနေတယ်လို့ မာကာသတင်းဌာနကနေ ဖော်ပြလာခဲ့ပါတယ်။ လာကာဇက်ကတော့ အာဆင်နယ်အသင်းနဲ့ စာချုပ်သက်တမ်း ၁၈လလောက်ပဲ ကျန်ရှိတော့တဲ့ ကစားသမားဖြစ်ပြီး သက်တမ်းတိုးဖို့ အစီအစဉ်မရှိသေးသလို အနာဂတ်လှုပ်ခတ်လို့နေတဲ့သူလည်း ဖြစ်ပါတယ်။ လာကာဇက်ဟာ ဒီရာသီမှာ ဒဏ်ရာပြသာနာတွေနဲ့ ရင်ဆိုင်နေခဲ့ရတာကြောင့် ပုံမှန်ခြေစွမ်းတွေ ပြန်လည်ပြသနိုင်ဖို့ ရုန်းကန်နေရပြီး သွင်းဂိုးတွေလည်း နည်းပါးလို့နေပါတယ်။ ဒါပေမယ့်လည်း အသက်လက်တီကိုအသင်းကတော့ ကာဗာနီကို မခေါ်ယူနိုင်ခဲ့ရင် အသင်းရဲ့အားအနည်းဆုံးအပိုင်းဖြစ်နေတဲ့ တိုက်စစ်အတွက် လာကာဇက်ကို အရခေါ်ယူသွားဖို့ ဆုံးဖြတ်ချက်ချထားတယ်လို့ မာကာကနေ ဖော်ပြချက်အရ သိရှိရပါတယ်။