အာဆင္နယ္အသင္းရဲ႕ ညာေနာက္ခံ ကစားသမားသစ္ ဆီးဒရစ္ ဆုိရာရက္ကေတာ့ အာဆင္နယ္ အသင္းမွာ ကစားရမွာ ျဖစ္တာေၾကာင့္ အိပ္မက္ တကယ္ ျဖစ္လာခဲ့ၿပီလုိ႔ ေျပာသြားခဲ့ၿပီး တကယ္ မဟုတ္သလုိပါပဲလုိ႔ ေျပာခဲ့ပါတယ္။ အာဆင္နယ္အသင္းဟာ နည္းျပ အာတီတာရဲ႕ လက္ထက္မွာ ဒုတိယေျမာက္္ ကစားသမားသစ္တစ္ဦးကုိ ေခၚယူခဲ့ၿပီး ေဆာက္သမ္တန္ ညာေနာက္ခံ ဆီးဒရစ္ ဆုိရာရက္ကုိ အျပီးသတ္ ေခၚယူခြင့္ အပါအဝင္ ရာသီကုန္အထိ အငွားနဲ႔ ေခၚယူခဲ့ၿပီ ျဖစ္ပါတယ္။

Photo Credit: Goal

အာဆင္နယ္အသင္းဟာ ေနာက္တန္းကုိ အားျဖည့္ေနလ်က္ ရွိၿပီး ဖလာမင္ဂုိ ဗဟုိခံစစ္မွဴး ပါဘလုိ မာရီကုိ အငွားနဲ႔ ေခၚယူႏုိင္ခဲ့သလုုိ ေဆာက္သမ္တန္ ညာေနာက္ခံလူ ဆီးဒရစ္ ဆုိရာရက္ကုိလည္း အငွားနဲ႔ ေခၚယူခဲ့တာ ျဖစ္ပါတယ္။ ဆီးဒရစ္ ဆုိရာရက္ဟာ အာဆင္နယ္အသင္းကုိ ေရာက္လာတဲ့ အခ်ိန္မွာ အင္တာဗ်ဴး ေျဖခဲ့ၿပီး သူက အာဆင္နယ္အသင္းမွာ ကစားရမွာက သူ႔အိပ္မက္ တကယ္ ျဖစ္လာတာ ျဖစ္သလုိ ျဖစ္ရပ္က မယုံႏုိင္စရာ တကယ္ မဟုတ္သလုိ ျဖစ္တယ္လုိ႔ ေျပာပါတယ္။

Photo Credit: Goal

ေနာက္ခံလူ ဆီးဒရစ္က “ဒီမွာ ရွိေနတာက တကယ္ အိပ္မက္ ျဖစ္လာပါၿပီ။ အာဆင္နယ္အသင္း အတြက္ ကစားခြင့္ရမွာက တကယ္ မဟုတ္သလုိပါပဲ။ အာဆင္နယ္အသင္းက ထိပ္သီးအသင္းပါ။ သူတုိ႔က အရမ္း အရမ္း ေကာင္းမြန္တဲ့ အသင္းပါ။ မယုံႏုိင္စရာ ပရိသတ္ေတြလည္း ရွိၾကပါတယ္။ သူတုိ႔ဟာ အားေပးမႈ အမ်ားႀကီး ရရွိထားတယ္လုိ႔ ေက်ာ္ၾကားၿပီး ကြ်န္ေတာ့္အတြက္ကေတာ့ ဒီမွာ ရွိေနရတာက ေက်နပ္စရာပါပဲ။ ေျပာခဲ့သလုိပါပဲ၊ ဒါက အိပ္မက္ ျဖစ္လာတာပါ”လုိ႔ ေျပာပါတယ္။

{Unicode}

အာဆင်နယ်အသင်းရဲ့ ညာနောက်ခံ ကစားသမားသစ် ဆီးဒရစ် ဆိုရာရက်ကတော့ အာဆင်နယ် အသင်းမှာ ကစားရမှာ ဖြစ်တာကြောင့် အိပ်မက် တကယ် ဖြစ်လာခဲ့ပြီလို့ ပြောသွားခဲ့ပြီး တကယ် မဟုတ်သလိုပါပဲလို့ ပြောခဲ့ပါတယ်။ အာဆင်နယ်အသင်းဟာ နည်းပြ အာတီတာရဲ့ လက်ထက်မှာ ဒုတိယမြောက် ကစားသမားသစ်တစ်ဦးကို ခေါ်ယူခဲ့ပြီး ဆောက်သမ်တန် ညာနောက်ခံ ဆီးဒရစ် ဆိုရာရက်ကို အပြီးသတ် ခေါ်ယူခွင့် အပါအဝင် ရာသီကုန်အထိ အငှားနဲ့ ခေါ်ယူခဲ့ပြီ ဖြစ်ပါတယ်။

Photo Credit: Goal

အာဆင်နယ်အသင်းဟာ နောက်တန်းကို အားဖြည့်နေလျက် ရှိပြီး ဖလာမင်ဂို ဗဟိုခံစစ်မှူး ပါဘလို မာရီကို အငှားနဲ့ ခေါ်ယူနိုင်ခဲ့သလို ဆောက်သမ်တန် ညာနောက်ခံလူ ဆီးဒရစ် ဆိုရာရက်ကိုလည်း အငှားနဲ့ ခေါ်ယူခဲ့တာ ဖြစ်ပါတယ်။ ဆီးဒရစ် ဆိုရာရက်ဟာ အာဆင်နယ်အသင်းကို ရောက်လာတဲ့ အချိန်မှာ အင်တာဗျူး ဖြေခဲ့ပြီး သူက အာဆင်နယ်အသင်းမှာ ကစားရမှာက သူ့အိပ်မက် တကယ် ဖြစ်လာတာ ဖြစ်သလို ဖြစ်ရပ်က မယုံနိုင်စရာ တကယ် မဟုတ်သလို ဖြစ်တယ်လို့ ပြောပါတယ်။

Photo Credit: Goal

နောက်ခံလူ ဆီးဒရစ်က “ဒီမှာ ရှိနေတာက တကယ် အိပ်မက် ဖြစ်လာပါပြီ။ အာဆင်နယ်အသင်း အတွက် ကစားခွင့်ရမှာက တကယ် မဟုတ်သလိုပါပဲ။ အာဆင်နယ်အသင်းက ထိပ်သီးအသင်းပါ။ သူတို့က အရမ်း အရမ်း ကောင်းမွန်တဲ့ အသင်းပါ။ မယုံနိုင်စရာ ပရိသတ်တွေလည်း ရှိကြပါတယ်။ သူတို့ဟာ အားပေးမှု အများကြီး ရရှိထားတယ်လို့ ကျော်ကြားပြီး ကျွန်တော့်အတွက်ကတော့ ဒီမှာ ရှိနေရတာက ကျေနပ်စရာပါပဲ။ ပြောခဲ့သလိုပါပဲ၊ ဒါက အိပ်မက် ဖြစ်လာတာပါ”လို့ ပြောပါတယ်။