အာဆင္နယ္ ကြင္းလယ္ ကစားသမားေဟာင္း လီ ဒီဆင္က အာဆင္နယ္အသင္း လက္ရွိရာသီမွာ ထိပ္သီး (၄) နဲ႔ ထိပ္သီး (၆) ထက္ ထိပ္သီး (၂) ေနရာရေအာင္ ႀကိဳးစားသင့္တယ္လုိ႔ ဆုိခဲ့ပါတယ္။ အာဆင္နယ္အသင္းဟာ (၂၀၁၉) ခုႏွစ္အတြင္းမွာ ပရီးမီးယားလိဂ္ ႏုိင္ပဲြ (၅) ပဲြပဲ ရခဲ့ေပမဲ့လည္း (၂၀၂၀) ခုႏွစ္၊ ႏွစ္သစ္မွာေတာ့ မန္ယူအသင္းကုိ အႏုိင္ရၿပီး ေအာင္ပဲြနဲ႔ စတင္ႏုိင္ခဲ့ပါတယ္။

Photo Credit: Goal

အာဆင္နယ္အသင္းဟာ (၂၀၁၉) ခုႏွစ္မွာ နည္းျပ အမ္မရီကုိ ထုတ္ပစ္ၿပီး နည္းျပ ယြန္းဘတ္ကုိ ယာယီနည္းျပအျဖစ္ အစမ္းခန္႔အပ္ခဲ့ေပမဲ့လည္း အရင္ကအတုိင္း ႏုိင္ပဲြ ေပ်ာက္ဆုံးေနခဲ့ပါတယ္။ ဒါေပမဲ့ အာဆင္နယ္အသင္းဟာ အသင္းေခါင္းေဆာင္ နည္းျပ အာတီတာကုိ နည္းျပသစ္ အျဖစ္ ခန္႔အပ္ၿပီးတဲ့ အခ်ိန္မွာ ေျခစြမ္းျပန္တုိးတတ္လာခဲ့တာေၾကာင့္ ႏုိင္ပြဲ ျပန္လည္ ရရွိခဲ့ပါတယ္။

Photo Credit: Goal

အာဆင္နယ္အသင္းဟာ အဆင့္ (၁၀) ေနရာမွာ ရပ္တည္ေနၿပီး ထိပ္သီး (၄) ေနရာ ဝင္ဖုိ႔ေတာင္ ခက္ခဲေပမဲ့လည္း ဒီဆင္ကေတာ့ ထိပ္သီး (၂) ေနရာရေအာင္ ကစားသင့္တယ္လုိ႔ ေျပာခဲ့ပါတယ္။ အာဆင္နယ္ ကစားသမားေဟာင္း ဒီဆင္က အာဆင္နယ္အသင္း အေနနဲ႔ အဆင့္ (၁၊ ၂) ေနရာ ရရွိဖုိ႔ ခက္ခဲေပမဲ့ အဆင့္ (၁ နဲ႔ ၂) ေနရာ ရရွိေအာင္ ႀကိဳးစားသင့္တယ္လုိ႔ ေျပာခဲ့ပါတယ္။

Photo Credit: Goal

ဒီစြန္က “ဆုိေတာ့ အာဆင္နယ္အသင္းက ေကာင္းလား။ မေန႔ညက ပဲြစဥ္ကုိ ၾကည့္ၿပီးရင္ေတာ့ ေကာင္းတယ္လုိ႔ ေျပာမွာပါ။ ဒါေပမဲ့ ေရွ႕ကုိ ခ်ီတတ္ရဦးမွာပါ။ အဆင့္ (၄) ေနရာ နဲ႔ အဆင့္ (၆) ေနရာကုိ ေမ့လုိက္ပါ။ ဒီအသင္း ကြ်န္ေတာ့္ရဲ႕ အသင္းက အဆင့္ (၁) နဲ႔ အဆင့္ (၂) ေနရာကုိပဲ ရေအာင္ ကစားရမွာပါ။ ဒါေပမဲ့ ဒါက လက္ရွိမွာေတာ့ ခက္ခဲပါတယ္”လုိ႔ ေျပာသြားပါတယ္။

{Unicode}

အာဆင်နယ် ကွင်းလယ် ကစားသမားဟောင်း လီ ဒီဆင်က အာဆင်နယ်အသင်း လက်ရှိရာသီမှာ ထိပ်သီး (၄) နဲ့ ထိပ်သီး (၆) ထက် ထိပ်သီး (၂) နေရာရအောင် ကြိုးစားသင့်တယ်လို့ ဆိုခဲ့ပါတယ်။ အာဆင်နယ်အသင်းဟာ (၂၀၁၉) ခုနှစ်အတွင်းမှာ ပရီးမီးယားလိဂ် နိုင်ပွဲ (၅) ပွဲပဲ ရခဲ့ပေမဲ့လည်း (၂၀၂၀) ခုနှစ်၊ နှစ်သစ်မှာတော့ မန်ယူအသင်းကို အနိုင်ရပြီး အောင်ပွဲနဲ့ စတင်နိုင်ခဲ့ပါတယ်။

Photo Credit: Goal

အာဆင်နယ်အသင်းဟာ (၂၀၁၉) ခုနှစ်မှာ နည်းပြ အမ်မရီကို ထုတ်ပစ်ပြီး နည်းပြ ယွန်းဘတ်ကို ယာယီနည်းပြအဖြစ် အစမ်းခန့်အပ်ခဲ့ပေမဲ့လည်း အရင်ကအတိုင်း နိုင်ပွဲ ပျောက်ဆုံးနေခဲ့ပါတယ်။ ဒါပေမဲ့ အာဆင်နယ်အသင်းဟာ အသင်းခေါင်းဆောင် နည်းပြ အာတီတာကို နည်းပြသစ် အဖြစ် ခန့်အပ်ပြီးတဲ့ အချိန်မှာ ခြေစွမ်းပြန်တိုးတတ်လာခဲ့တာကြောင့် နိုင်ပွဲ ပြန်လည် ရရှိခဲ့ပါတယ်။

Photo Credit: Goal

အာဆင်နယ်အသင်းဟာ အဆင့် (၁၀) နေရာမှာ ရပ်တည်နေပြီး ထိပ်သီး (၄) နေရာ ဝင်ဖို့တောင် ခက်ခဲပေမဲ့လည်း ဒီဆင်ကတော့ ထိပ်သီး (၂) နေရာရအောင် ကစားသင့်တယ်လို့ ပြောခဲ့ပါတယ်။ အာဆင်နယ် ကစားသမားဟောင်း ဒီဆင်က အာဆင်နယ်အသင်း အနေနဲ့ အဆင့် (၁၊ ၂) နေရာ ရရှိဖို့ ခက်ခဲပေမဲ့ အဆင့် (၁ နဲ့ ၂) နေရာ ရရှိအောင် ကြိုးစားသင့်တယ်လို့ ပြောခဲ့ပါတယ်။

Photo Credit: Goal

ဒီစွန်က “ဆိုတော့ အာဆင်နယ်အသင်းက ကောင်းလား။ မနေ့ညက ပွဲစဉ်ကို ကြည့်ပြီးရင်တော့ ကောင်းတယ်လို့ ပြောမှာပါ။ ဒါပေမဲ့ ရှေ့ကို ချီတတ်ရဦးမှာပါ။ အဆင့် (၄) နေရာ နဲ့ အဆင့် (၆) နေရာကို မေ့လိုက်ပါ။ ဒီအသင်း ကျွန်တော့်ရဲ့ အသင်းက အဆင့် (၁) နဲ့ အဆင့် (၂) နေရာကိုပဲ ရအောင် ကစားရမှာပါ။ ဒါပေမဲ့ ဒါက လက်ရှိမှာတော့ ခက်ခဲပါတယ်”လို့ ပြောသွားပါတယ်။