မကြာသေးခင်ကမှ ကွင်းလယ်ပိုင်းအတွက် ပေါ်တိုအသင်းရဲ့ ပေါ်တူဂီကွင်းလယ်လူ ဖေဘီယိုဗီယာရာကို ခေါ်ယူအားဖြည့်ထားနိုင်ခဲ့တဲ့ အာဆင်နယ်အသင်းဟာ တိုက်စစ်နေရာအတွက်ကိုလည်း လိဒ်စ်ယူနိုက်တက်အသင်းရဲက ဘရာဇီးလ် တောင်ပံတိုက်စစ် ကစားသမား ရာဖင်ညာကို အရခေါ်ယူချင်နေပြီး ကနဦးကမ်းလှမ်းချက် ပယ်ချခံထားရပေမယ့် နောက်တစ်ကြိမ် ထပ်မံကမ်းလှမ်းသွားဦးမယ်လို့ သိရှိရပါတယ်။

Leeds winger Raphinha has been the subject of a failed bid from Arsenal

Photo Credit : The Sun

အူဘာမီယန်း လာကာဇက်တို့လို အသင်းရဲ့ အဓိက တိုက်စစ်ကစားသမားတွေ မရှိတော့တဲ့နောက်ပိုင်း အားနည်းသွားဖွယ် ရှိနေတဲ့ အသင်းတိုက်စစ်ပိုင်းအတွက် ရာဖင်ညာလို အရည်အသွေးမြင့် ဘရာဇီးလ် ကစားသမားကောင်းမျိုးကို အလိုရှိနေတာဖြစ်သလို အထောင်တိုက်စစ်နေရာအတွက်လည်း ရာဖင်ညာရဲ့ လက်ရွေးစင် အသင်းဖော် ဂါဘရီရယ်ဂျေဇူးကိုပါ ခေါ်ယူချင်နေတာ ဖြစ်ပါတယ်။ လက်ရှိမှာတော့ အာဆင်နယ်အသင်းရဲ့ နည်းပြအာတီတာနဲ့ နည်းစနစ်ဒါရိုက်တာအီဒူးတို့က ဘရာဇီးလ် တိုက်စစ်အတွဲအဖက်တွေဖြစ်တဲ့ ရာဖင်ညာနဲ့ ဂျေဇူးတို့ နှစ်ဦးလုံးကို အသင်းဆီ အရခေါ်ဆောင်နိုင်ဖို့ ကြိုးပမ်းလို့နေပါတယ်။

Arsenal 'keen on' Brazil star Raphinha, will 'formally approach' Leeds  United over £50m transfer

Photo Credit : Football365

လတ်တလောမှာတော့ အာဆင်နယ်အသင်းဟာ လိဒ်စ်အသင်းရဲ့ တောင်ပံကစားသမား ရာဖင်ညာကို လန်ဒန်မြို့ခံအသင်းတွေဖြစ်တဲ့ ချယ်လ်ဆီး စပါးတို့နဲ့အပြိုင် စိတ်ဝင်စားနေတာဖြစ်ပြီး ပြီးခဲ့တဲ့ ရက်သတ္တပတ်အတွင်းမှာပဲ ပထမဆုံး တရားဝင် ကမ်းလှမ်းမှု ပြုလုပ်ခဲ့ပေမယ့် ဒီကမ်းလှမ်းချက်ကို လိဒ်စ်ဘက်က ငြင်းဆန်ပယ်ချခဲ့ပါတယ်။ လိဒ်စ်အသင်းက သူတို့ရဲ့ ကြယ်ပွင့်ကစားသမား ရာဖင်ညာအတွက် ပြောင်းရွှေ့ကြေး (၆၅)သန်းနဲ့ ကမ်းလှမ်းလာမှသာ ရောင်းချသွားဖို့ လက်ခံစဉ်းစားဖွယ် ရှိနေပြီး ကစားသမားကိုယ်တိုင်ကလည်း သူရဲ့ ကစားသမားဘဝ နောက်တစ်ဆင့် တတ်လှမ်းနိုင်ဖို့အတွက် ကလပ်အသင်းကြီး တစ်သင်းသင်းကို ပြောင်းရွှေ့ကစားချင်နေပါတယ်။ ဒီလို အခြေအနေမျိုး ရှိနေတဲ့ ရာဖင်ညာကို အာဆင်နယ်အသင်းက အရခေါ်ဆောင်သွားဖို့ ဆုံးဖြတ်ထားပြီး ပထမဆုံး ကမ်းလှမ်းချက်က ပယ်ချခံထားရပေမယ့်လည်း နောက်ထပ် ကမ်းလှမ်းမှုတွေကို ဆက်လက် လုပ်ဆောင်သွားဖို့ အစီအစဉ် ရှိနေပါတယ်။ ဒါပေမယ့် ရာဖင်ညာကိုယ်တိုင်ကတော့ ပရီးမီးယားလိဂ် ကလပ်အသင်းတွေထက် လာလီဂါ အင်အားကြီးကလပ် ဘာစီလိုနာအသင်းဆီကိုသာ ပြောင်းရွှေ့ချင်နေပြီး ဘဏ္ဍာရေး အကျပ်အတည်းနဲ့ ရင်ဆိုင်နေရတဲ့ ဘာစီလိုနာက ကစားသမားရဲ့ ပြောင်းရွှေ့ကြေးအတွက် အဆင်မပြေ ဖြစ်နေတာကြောင့် ခေါ်ယူဖို့ လက်လျှော့လိုက်ရတာ ဖြစ်ပါတယ်။